Friday, August 21, 2015

ပုဒ်မ ၅၉ (စ)အပေါ် ဗိုလ်ချုပ်မှူးကြီးရဲ့ သဘောထား


နိုင်ငံကို ဦးဆောင်မယ့် ပုဂ္ဂိုလ်ဟာ နိုင်ငံခြားသား သား သမီး မြေး အထိ ကင်းရှင်းသူ ဖြစ်သင့်ပြီး ၊ မြန်မာနိုင်ငံသားစစ် စစ်သာ ဖြစ်သင့်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာအက်ဖ်အေ နဲ့ နေပြည်တော် တပ်မတော်စစ်ရုံးချုပ်က ဘုရင့်နောင်ရိပ်သာမှာ မနေ့က သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြောလိုက်ပါတယ်။
တပ်မတော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပြောင်းအလဲကို မလိုလားသူတွေအဖြစ် ဝေဖန်ပြောဆိုလာကြတဲ့အပေါ် မေးမြန်းရာမှာ ဗိုလ်ချုပ်မှူးကြီးက "ဦးဆောင်မှု အခန်းကဏ္ဍပေါ့ လုပ်မယ့် ပုဂ္ဂိုလ်ကတော့ ဒါတွေ အကုန်လုံးနဲ့ ကင်းရှင်းတဲ့လူဖြစ်ရင် တစ်ဖက်နဲ့ ပတ်သက်နေလို့ရှိရင် နောက်တစ်ဖက်က ပြဿနာရှိနိုင်တယ်၊

တစ်ဖက်က ပတ်သက်ရင် နောက်တစ်ဖက်က တစ်ခါပြဿ နာရှိနိုင်တယ်၊ ဒါ့ကြောင့် ဒီလိုမျိုး ဘယ်လိုမှကို မပတ်သက်တဲ့ မြန်မာနိုင်ငံသား စစ်စစ်တွေဘဲ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိသင့်တယ်လို့ ဒါသတ်မှတ်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် သံသယဖြစ်စေမယ့် သားသမီး မြေးမြစ်ထိပေါ့ ပြောရရင် သားသမီး သားမက်တို့ ချွေးမတို့ကအစပေါ့ ဒါတွေကို လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကတော့ ကျတော့ရဲ့ အမြင်ပေါ့"

နိုင်ငံတော်သမ္မတ အရည်အချင်းကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတ မဖြစ် အောင် တားဆီးနေတဲ့ ပုဒ်မလို့ ပြောကြပါတယ်။

ဒါ့အပြင် တပ်မတော်အနေနဲ့ နောင်လာမယ့်သမ္မတလောင်းအတွက် တပ်မတော်ကိုယ်စားလှယ်အစုအဖွဲ့ကို ကိုယ်စားပြု မယ့် ပုဂ္ဂိုလ်ကို စဉ်းစားထားမှုရှိပါသလားမေးမြန်းရာမှာ အဲဒီလို စဉ်းစားထားတာ မရှိသေးကြောင်း ရွေးကောက်ပွဲပြီး သည်အထိ စောင့်ကြည့်ရမှာဖြစ်ကြောင်း ပြောပါတယ်။

တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိနေတယ်လို့ ဝေဖန်ထောက်ပြကြတဲ့အပေါ် မေးမြန်းရာမှာ ဗိုလ်ချုပ်မှူးကြီးက တပ်မတော်က မစော်ကားဘူးလို့ မငြင်းလိုကြောင်း ၊ ကျူးလွန်တာတွေကို အရေးယူ ဆောင်ရွက်နေတာရှိကြောင်း အောက်ခြေအဆင့်ဆင့်မှာ တိုင်ကြားလို့ အရေးမယူပေးရင် ကာကွယ်ရေးဦးစီးချုပ်အထိ တင်ပြနိုင်ကြောင်း ၊ အဲဒီလို တိုင်ကြားလာမယ်ဆိုရင် အရေးမယူတဲ့ အောက်အဆင့်ဆင့်ကိုလည်း သူ့အနေနဲ့ အရေးယူ သွားမယ်လို့ ပြောပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List