အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကိုရပ်နားရန်ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် က ယမန်နေ့က တင်သွင်းခဲ့သော အရေးကြီး အဆိုကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၁၂၈ မဲဖြင့် လွှတ် တော်က အတည်ပြုလိုက်သည်။
စုစုပေါင်းမဲပေးခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၇၉ ဦးရှိ သည့်အနက် ထောက်ခံမဲ ၁၂၈ မဲ၊ ကန့်ကွက်မဲ ၃၄ မဲ၊ ကြားနေမဲ ၁၄ မဲ ဖြင့် အဆိုကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်ကိုမည်သည့်နေ့တွင် ရပ်နားမည်ဆိုသည်ကိုမူ ယခုအချိန်အထိ ကြေညာခြင်းမရှိ သေး ပေ။
7Day News Journal
No comments:
Post a Comment