Thursday, August 20, 2015

အမတ်တာဝန်ရုပ်သိမ်းခြင်းဥပဒေ သူရဦးရွှေမန်းကို ဈေးဦးဖောက်တော့ မည်လော


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွှတ်တော်နာယက ထံသို့ လွှတ်တော်ကိုယ် စားလှယ်တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းပေးနိုင်ရေးအတွက် သြဂုတ်လ ၁၃ ရက် နေ့တွင် စတုတ်္ထအကြိမ် မြောက်ထပ်မံ တင်ပြခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ကြမ်းကို ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က ပြုစုပြီး ၂၀၁၂ ခုနှစ် သြဂုတ် ၂၇ ရက်တွင်လည်းကောင်း၊ ၂၀၁၃ ခုနှစ် သြဂုတ် ၂၈ ရက်တွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်နာယက ထံသို့ လိပ်မူပြီးပေးပို့ခဲ့သော်လည်း ယင်းဥပဒေ ပြဋ္ဌာန်းခြင်းကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေး သဖြင့် ဆောလျင်စွာအ တည်ပြုပြဋ္ဌာန်းပေးနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်က ဆောင်ရွက်ပေးပါ ရန် သြဂုတ် ၁၃ ရက်က ထပ်မံတင်ပြထား ကြောင်း နိုင်ငံပိုင်သတင်း စာများတွင် သြဂုတ် ၁၄ ရက်နေ့၌ ဖော်ပြခဲ့ကြ သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈(ခ) တွင် ““ရွေးကောက်တင် မြှောက်ထားသော ပြည်သူ့ ကိုယ် စားလှယ်ကို သက်ဆိုင်ရာမဲဆန်္ဒရှင်များက ဤ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းချက်များနှင့် အညီ တာဝန်မှပြန်လည် ရုပ်သိမ်းခွင့်ရှိသည်ဟု လည်း ကောင်း၊ ပုဒ်မ ၃၆၉(ခ)တွင် သက်ဆိုင်ရာမဲ ဆန်္ဒရှင် များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်  စားလှယ်ကို ဥပဒေနှင့်အညီတာဝန်မှပြန်လည်ရုပ် သိမ်းခွင့်ရှိသည်ဟူ၍ လည်းကောင်း၊ ပုဒ်မ ၃၉၆(က)တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်မှ ပြည်လည် ရုပ်သိမ်းခွင့်ရှိသည့်အကြောင်းအချက်များ ကို လည်းကောင်း၊ ပုဒ်မခွဲ(ခ)တွင် သက်ဆိုင်ရာ မဲ ဆန်္ဒနယ်၏ မူလမဲဆန်္ဒရှင်များအနက် အနည်းဆုံး၊ တစ်ရာခိုင် နှုန်းတို့က တာဝန်မှပြန်လည်ရုပ်သိမ်း လိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက် သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၉၇ တွင် ပြည်ထောင်စု လွှတ်တော်သည် ရွေး ကောက်တင်မြှောက်ခြင်း ဆိုင်ရာကိစ်္စရပ်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင် ရာကိစ်္စရပ်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ လိုအပ် သောဥပဒေများကို ပြဋ္ဌာန်းရမည်ဟူ၍ လည်း ကောင်း ပြဋ္ဌာန်းထားကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်စာ၌ ပါရှိသည်ဟုလည်း ဖော်ပြ ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က၂၀၁၅ ဇူလိုင် ၃ ရက်တွင် ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေအကျဉ်း ချုပ်ကို ပူး တွဲပြီးထပ်မံပေးပို့ခဲ့ရာ ပြည်ထောင်လွှတ်တော်သည် ယင်းကိစ်္စ များနှင့်စပ်လျဉ်း၍ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၁ ရက်နှင့် ၂၃ ရက်နေ့တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း အတည်ပြုပြဋ္ဌာန်းနိုင်သည်အထိ ဆောက်ရွက်နိုင်ခြင်းမရှိဘဲ ဆိုင်းငံ့ခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဥက်္ကဋ္ဌ တာဝန်ထမ်းဆောင်နေသော သူရဦးရွှေမန်း၊ အထွေထွေအတွင်းရေးမှူး ဦးမောင် မောင်သိမ်းနှင့်ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့အား သြဂုတ် ၁၂ ရက်နေ့မှစ၍ လက်ရှိပါတီ တာဝန် များမှဖယ်ရှား၍ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ပြန်လည်ရွေးချယ်သည့် သြဂုတ် ၁၃ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ယင်းသို့စတုတ်္ထ အကြိမ်ပေးပို့ခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်းပါတီအရာမှ ဖယ်ရှားခံရခြင်း မဖြစ်ပေါ်မီ မကြာသေးမီကပင် သူရဦးရွှေမန်းအား လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်း ပေးရန် သူရဦးရွှေမန်း၏ မဲဆန်္ဒနယ်မှ တပ်မတော် သားနှင့် မိသားစုဝင်များ က ပြည်ထောင်စု ရွေး ကောက်ပွဲကောက်မရှင်သို့ တင်ပြသည့်ဆိုသော စာ တစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိသဖြင့် လွှတ်တော် ကိုယ်စားလှယ်အချို့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် တိုင်တန်းသော်လည်း ဥပဒေမရှိ၍ အရေးမယူနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန် ရှိသူကို ကိုးကား၍ 7 day daily   က ၂၀၁၅ ဇူလိုင် ၂၇ ရက်တွင် ရေးသားဖော်ပြခဲ့ သည်။

၂၀၁၅ ဇူလိုင် ၃ ရက်တွင် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က တတိယအကြိမ်မြောက်တင် ပြပြီး နောက် ဇူလိုင် ၂၁ ရက်နေ့ ပြည်ထောင်စု လွှတ်တော်၌ ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးကြရာ ရသေ့တောင် မဲဆန်္ဒနယ်မှ ဒေါ်ခင်စောဝေက ပါတီအချင်းချင်း၊ ကိုယ်စားလှယ်အချင်းချင်း၊ တိုင်းရင်းသား အချင်းချင်းထိခိုက်နိုင်သည့် အချက်များဖြစ် ပေါ်လာနိုင်သည့် အတွက် အလေးအနက်ထားစဉ် စားဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်း သားပါ တီများအကြားအချင်းချင်း မကြာခဏတိုင်ကြားမှုများ ပေါ်ပေါက် လာ နိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်နိုင်သည့်အတွက် ထည့်သွင်းစဉ်း စားသင့်သည့်အ ချက်များကို လွှတ်တော်အတွင်း၌ အကြေအလည် ဆွေးနွေးပြီးမှသာ ဆောင်ရွက်သင့် ကြောင်း ဆွေးနွေးခဲ့ သည်ဟု ဇူလိုင် ၂၂  ရက် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် သာပေါင်းမဲဆန်္ဒနယ်မှ ဦးဝင်းသန်းကလည်း မကြာသေးမီကာလအတွင်း ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်နေပြီဖြစ်ကြောင်း၊ လွှတ်တော်လက်ကျန်သက်တမ်းအတွင်း ပြဋ္ဌာန်းမည်ဆိုပါက ရွေးကောက်ပွဲကျင်း ပရန် ရွှေ့ဆိုင်းသွားနိုင်သည်ကို ပြည် သူများက စိုးရိမ်နေကြကြောင်း၊ ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက် ရန်ရှိသည့်အတွက် ယခုဥပဒေကို မဆောင်ရွက်သင့် သေးကြောင်း၊ ရွေးကောက်ပွဲကျင်း ပပြီးစီးချိန်မှသာ ဆက်လက်ဆွေးနွေး ဆောင်ရွက် သင့်ကြောင်း ဆွေးနွေးခဲ့ပြီး၊ ထန်းတပင်မဲဆန်္ဒနယ်မှ ဦးသိန်းရီ က ယခု ဥပဒေကြမ်းသည် ပါတီအချင်း ချင်း၊ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်းအားပြိုင် မှုများရှိလာနိုင်သည့် အပြင် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်နိုင် ကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲများကျင်းပရခြင်း ကြောင့် ပြည်သူ့ဘဏ္ဍာများဆုံးရှုံးပြီး ပြည်သူများလည်း အလုပ်ပိုမိုရှုပ်တွေး နိုင်ကြောင်း၊ ထို့ပြင် တိုင်းရင်းသားအချင်းချင်းစိတ်ဝမ်းကွဲမှုများ ရှိလာနိုင်သည့်အတွက် မူလအတိုင်းသာ ထားရှိသင့်ကြောင်း ဆွေးနွေးခဲ့ကြကြောင်းလည်း ဖော်ပြထားသည်။

ဇူလိုင် ၂၃ ရက်နေ့ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ် များကို လွှတ်တော်သို့ ရှင်းလင်းပြောကြားရာတွင် ယင်းဥပဒေနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီက အစီရင်ခံစာတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးခဲ့ကြောင်း၊ ဥပဒေကြမ်းပူး ပေါင်း အစီရင်ခံစာပါ အကြောင်းအရာ များနှင့်လွှတ် တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအ ပေါ် ဆက်စပ် သုံးသပ်ကြည့်ပါက ယခုဥပဒေပြဋ္ဌာန်းချက်၏အကျိုးဆက်အဖြစ်တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်သူများလိုလား တောင့်တနေသည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များနှင့်ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးလုပ်ငန်း စဉ်များကို ထိခိုက်နိုင်ကြောင်း၊ ထို့ပြင် နိုင်ငံရေးပါတီ တစ်ပါတီနှင့်တစ်ပါတီအကြား အချင်းချင်းအားပြိုင် ခြင်းနှင့်ရန်ပြုမှု၊ထိပ်တိုက် ရင်ဆိုင်မှုများဖြစ်ပေါ်လာ နိုင်ကြောင်း၊ ပြည်သူများအကြားမလိုအပ်သည့် အထင်အမြင်လွဲမှားမှုနှင့် သံသယစိတ်များဖြစ်ပေါ် ပြီး ပြည်ထောင်စုအစိုးရ အဖွဲ့၊ ပြည်ထောင်စုရွေး ကောက်ပွဲကောက်မရှင်နှင့်လွှတ်တော်များအတွက် အလုပ်ပိုပြီး အဓိကဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ကို ထိခိုက်စေကာ ပြည်သူ့ဘဏ္ဍာပိုမိုသုံးစွဲလာရမည် ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အရည်အချင်းပျက်ယွင်း၍ ကိုယ်စားလှယ်တာဝန်က ပြန်လည်ရုပ် သိမ်းသင့်သည်ဆိုပါက ဖြစ်စဉ်အပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင် ရာဥပဒေနှင့်တည်ဆဲဥပဒေများက အရေးယူဆောင် ရွက်နိုင်သည့် အခြေအနေရှိကြောင်း၊ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်း ပနိုင်ရေးအတွက် အဓိကထား ဦးတည်ဆောင် ရွက်ကြရမည့် အချိန်ကာလတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်အား အဟန့်အ တားဖြစ်စေမည့်ကိစ်္စရပ်များကို တတ်နိုင်သမျှ ရှောင်ကြဉ်ဆောင်ရွက်ကြရန် လို ကြောင်း၊ ထို့ကြောင့်ဆောင်ရွက်ဆဲဖြစ်သည့် လွှတ် တော်ကိုယ်စားလှယ် တာဝန်မှပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာဥပဒေကြမ်းနှင့်ပတ်သက်၍ ဥပဒေ ကြမ်းပူး ပေါင်းကော်မတီက လွှတ်တော်အတွင်းရှိ နိုင်ငံရေး ပါတီအသီးသီးမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံညှိနှိုင်း မှုများ ပြုလုပ်ပြီးထွက်ပေါ်လာသည့်အစီ ရင် ခံစာကိုလွှတ်တော်သို့ထပ်မံတင်ပြသွားရန်နှင့်ယင်း အစီရင်ခံ စာအပေါ် လွှတ်တော်၏အဆုံးအဖြတ်ရယူသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဇူလိုင် ၂၄ ရက်နေ့ ထုတ်နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

Hot News Journal

No comments:

Post a Comment

My Blog List