Wednesday, August 19, 2015

နိုင်ငံရေးမဟာမိတ်များ ဆုံးရှုံးခြင်း မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ခဲ့သည့် အတွက် နိုင်ငံရေး မဟာမိတ်များ ဆုံးရှုံးရခြင်း ရှိမရှိ သတင်းထောက်များက မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က “အခု ဘယ်သူက မိတ်ဆွေဖြစ် တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်သွားတာပေါ့၊ NLD က မိတ်ဆွေတွေနဲ့ လက်တွဲဆောင်ရွက်သွားမှာပါ” ဟု ပြောကြားခဲ့သည်။ 

သို့သော် မည်သို့ ပူးပေါင်းဆောင်ရွက်မည်ကိုမူ ပြောကြားခြင်းမရှိပေ။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညက နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်ကို လုံခြုံရေးတပ်ဖွဲ့များက ၀န်းရံပိတ်ဆို့ ထားကာ သမ္မတဘက်တော်သား ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ၍ သူရဦးရွှေမန်းကို ပါတီခေါင်းဆောင် အဖြစ်မှ ဖယ်ရှားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ညသန်းခေါင် မှာ ဖြစ်ခဲ့တာတွေက ဒီမိုကရေစီ စနစ်မှာ ပြုလုပ်သင့်တဲ့ အရာမျိုး မဟုတ် ပါဘူး” ဟု ပြောကြားခဲ့သည်။

ကြံ့ခိုင်ရေးရုံးချုပ်အား လုံခြုံရေးများဝန်းရံ ပိတ်ဆို့မှုနှင့် ပတ်သက် ၍ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး အကာ အကွယ်ပေးရန် ပါတီ၏ တောင်းဆိုချက် အရ ရဲများက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားခဲ့သော်လည်း မည်သူက မည်သည့်အတွက်ကြောင့် မည်သို့သော အကာအကွယ်မျိုး တောင်းဆိုသည် ဆိုသော အချက်များ ကိုမူ ပြောကြားခြင်းမရှိပေ။

ဝါရင့် မြန်မာနိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သူ ဘာတေးလ်လစ်တာနာက “ဦးရွှေမန်းက ဒေါ်အောင်ဆန်း စုကြည်ရဲ့ အတွေးအခေါ်တွေ ကို ထောက်ခံတဲ့အတွက် ပူးပေါင်းနေတာ မဟုတ်ပါဘူး။ သူ သမ္မတဖြစ်ဖို့ NLD ရဲ့ ထောက်ခံမှုကို လိုချင်တဲ့အတွက် ပူးပေါင်းနေတာပါ” ဟု ပြောကြားခဲ့ သည်။ 

လစ်တာနာက “ပြီးခဲ့တဲ့ လအနည်းငယ်အထိ စစ်တပ်အာဏာလျှော့ချဖို့ အခြေခံဥပဒေပြင်ဆင်ရေး အကြောင်းဘဲ ကျွန်တော်တို့ ပြောကြားခဲ့ပါတယ်။ ဒါကို စစ်တပ်က နှစ်သက်ခြင်းမရှိပါဘူး။ ဒါကြောင့် ဦးရွှေမန်းဟာ သူတို့ရဲ့ လမ်းကြောင်းအပြင် ရောက်နေတယ်ဆိုတာ ထင်ရှားခဲ့ပြီး ဖယ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ တာပါ” ဟု ထပ်လောင်းပြောကြားခဲ့သည်။

KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List