လာမည့်ရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တ.စ.ည) ပါတီ အနေနှင့် သျှမ်းပြည် နယ်အတွင်း (၁၅) မြို့နယ် ကိုယ်စားလှယ်ေ လာင်း ၃၆ ရောက် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရ သည်။
၂၀၁၅ နိုဝင်ဘာ ၈ ရက် နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီအနေဖြင့် လွှတ်တော် ၃ ရပ်လုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်အပြင် ကချင်နှင့်ဗမာတိုင်း ရင်းသားရေးရာ ၀န်ကြီး နေ ရာအပါအ၀င် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၀၀ ကျော် အနက် သျှမ်းပြည်နယ် အတွင်း မြို့နယ် ၁၅ ခု ကိုယ်စားလှယ်လောင်း ၃၆ နေရာ ၀င်ရောက်ယှဉ် ပြိုင်သွား မည်ဖြစ်သည်ဟုသိရသည်။
"သျှမ်းပြည်အတွင်းမှာ ကျနော်တို့ပါတီအနေနဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်း ၆ ဦးပါဝင်မယ် ၊ ကိုယ်စား လှယ်လောင်းတွေရွေးတဲ့နေရာမှာ အသက် ၃၀ ကနေ ၅၉ နှစ်ကြား ရှိတဲ့ပုဂ္ဂိုလ်တွေပေါ့၊ ပြည်သူ့အကျိုး ကို သယ်ပိုးတဲ့ပါတီဝင်တွေကိုရွေးချယ်ထားပါတယ် " ဟု တစညပါတီ၏ သျှမ်းပြည်နယ် ပါတီဥက္ကဌ ဦးမျိုးမြင့် နောင် ကပြောသည်။
သျှမ်းပြည်(တောင်ပိုင်း) တွင်တောင်နီ ၊ရပ်စောက် ၊ ပင်းတယ ၊နမ့်စန် မြို့နယ် ၊ သျှမ်းပြည်နယ်(မြောက် ပိုင်း)တွင်လားရှိုး ၊ နောင်ချို ၊ မိုးမိတ်၊ မဘိမ်းမြို့နယ်နှင့် သျှမ်းပြည်(အရှေ့ပိုင်း)တွင် ကျိုင်းတုံ ၊ တာချီလိတ်၊ မိုင်းဖြတ် ၊ မိုင်းယောင်း ၊ မိုင်းခတ် ၊ မိုင်းဆတ် ၊မိုင်းပျဉ်း စသည့် မြို့နယ်တို့ တွင်ကိုယ် စားလှယ်ပေါင်း (၃၆) ဦးခန့် ၀င်ရောက်ယှဉ်ပြိုင် မည်ဟု၎င်းထံမှ ဆက်လက် သိရသည် ။
တောင်ကြီးမြို့နယ်အနေနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) နေ ရာတွင် ၀င်ရောင်ယှဉ်ပြိုင် မည်ဖြစ် သည့် ဒေါ်ခင်လေးမြင့်မှလည်း - " ကျမ တို့ပါတီအနိုင်ရမယ် လို့ယုံကြည်လို့ကို ရွေးကောက်ပွဲဝင် ပြိုင် တာဖြစ်တယ်၊ ပါတီကချမှတ်ထားတဲ့ ရွေးကောက်ပွဲကြေညာစာတမ်း ပါအချက် ၂၁ ချက်နဲ့ပဲ ရှေ့ဆက် သွားမှာဖြစ်ပါ တယ်" - ဟုပြောသည် ။
ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တည်ထောင်သည့် တ.စ.ည ပါတီကို စပါးနှံပါတီဟု လူသိများပါသည်။ အဆိုပါ ပါတီသည် တစ်ပြည်လုံးအတိုင်းအတာဖြင့် မြို့ နယ်ပေါင်း ၃၀၀ ကျော်၊ ကိုယ်စားလှယ်ပေါင်း ၇၄၉ ဦး ၀င် ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်ဟုဆိုသည်။
Panglong(Burmese)
No comments:
Post a Comment