Thursday, August 20, 2015

တီယန်ကျင်း ပေါက်ကွဲမှု ကန့်သတ်ဇုန် ရေထဲတွင် အဆိပ်ဓာတ် ၂၈ ဆ ပိုများ


တရုတ်အရာရှိတွေက တီယန်ကျင်းမြို့ ပေါက်ကွဲမှုဖြစ်ရာ ကန့်သတ်ဇုန် အတွင်း ရေထဲမှာ ဆိုင်ယာနိုက် အဆိပ်ဓာတ်တွေ ဘေးကင်းရေး ကန့်သတ် ချက်ထက် ၂၈ ဆ ပိုများနေတယ်လို့ သြဂုတ် ၁၈ ရက်နေ့က ပြောလိုက်ပါ တယ်။

ဒါပေမယ့် ကန့်သတ်ဇုန် အပြင်ဘက်က ဆိုင်ယာနိုက် အဆိပ်ဓာတ်ကတော့ ဘေးကင်းတဲ့ ကန့်သတ်ချက်ထဲ မှာ ဆက်ရှိနေတယ်လို့ ပြောပါတယ်။ ပေါက် ကွဲမှု ၂ ခုကြောင့် သေဆုံးသူ  အရေအတွက်က သြဂုတ် ၁၈ ရက်နေ့မှာ ၁၁၄ ယောက်ရှိပါပြီ။

လူအယောက် ၇၀၀ ကျော် ဒဏ်ရာရပြီး မီးသတ်သမား အများစုဖြစ်တဲ့ လူ ၅၇ ယောက်က ပျောက်ဆုံးနေ ဆဲလို့ အရာရှိတွေက ပြောပါတယ်။

ပေါက်ကွဲမှု အရွယ်အစားကြီးပြီး ပြင်းထန်လို့ ကောင်းကင်ပေါ် မီးလုံးကြီးတွေ ပျံတက်ခဲ့ပြီး ကမ္ဘာ့ဆယ်ခု မြောက် အကြီးဆုံးဆိပ်ကမ်းမှာ အဆောက်အဦတွေ မီးလောင်ပြီး အပျက်အစီးပုံကြီး ဖြစ်ကျန်ခဲ့တာပါ။

အာကာသကနေ အပျက်အစီးတွေကို လှမ်းမြင်နိုင်ပြီး တုန်ခါမှုကို အမေရိကန် ဘူမိဗေဒ စစ်တမ်းဌာနက ငလျင်အဆင့် သတ်မှတ်ခဲ့ပါတယ်။

သြဂုတ် ၁၇ ရက်နေ့က အသေးစား ပေါက်ကွဲမှု ထပ်ဖြစ်ခဲ့သေးတယ်လို့ တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာက အစီရင်ခံပါတယ်။

ပေါက်ကွဲချိန် ကုန်လှောင်ရုံထဲမှာ လူသေစေနိုင်တဲ့ ဆိုဒီယံဆိုင်ယာနိုက် ဓာတုပစ္စည်း တန်ချိန် ၇၀၀ ကို သိုလှောင်ထားတယ်လို့ အစိုးရက အတည်ပြု ပါတယ်။

စောင့်ကြည့်ရေးဌာနက ပေါက်ကွဲမှုဖြစ်တဲ့ နေရာနဲ့ ၂ ကီလိုမီတာအကွာက ရေကို စစ်တမ်းကောက်ယူရာ မှာ ဆိုင်ယာနိုက် အဆိပ်ဓာတ်က လက်ခံနိုင်တဲ့ အဆင့်မှာ ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲ လုပ်နေတုန်း ဆန္ဒပြသူ အယောက် ၄၀ လောက် စုရုံးလာပြီး ပေါက်ကွဲမှုကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့ အိမ်တွေ အတွက် အစိုးရက လျော်ကြေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

တီယန်ကျင်းမြို့ ဘင်းဟိုင်မြို့သစ်ကော်မတီ အတွင်းရေးမှူးကတော့ အစိုးရက သင့်လျော်တဲ့ အစီအစဉ်တွေ လုပ်ထားပြီးပြီလို့ အသေအချာ ပြောခဲ့ပါတယ်။

လူဦးရေ ၁၅ သန်းနေတဲ့ တီယန်ကျင်းမြို့မှာ ဒီပေါက်ကွဲမှုကြောင့် လူ ၆၃၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးထားရပါတယ်။

DVB

No comments:

Post a Comment

My Blog List