Wednesday, August 19, 2015

ရန်ကုန်တွင် ခွင်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်မှု သင်္ဃန်းကျွန်း မြို့ နယ် အများဆုံးဖြစ်


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံများ စစ်ဆေးရာတွင် သင်္ဃန်းကျွန်းမြို့နယ်သည် ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက် လုပ်ခြင်း၊သတ်မှတ်ရက်မရောက်မီကြိုဆောက်ခြင်းနှင့် သတ်မှတ်အထပ်ထက် ပိုမိုဆောက်လုပ်ခြင်း အများဆုံးဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဆိုသည်။

သြဂုတ်၁၈ကကျင်းပသည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်း အဝေး (၂/ ၂၀၁၅) (ဒုတိယနေ့)တွင် သင်္ယန်းကျွန်းမဲံဆန္ဒ နယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဒေါ်စန်းစန်းမြင့် မှ သင်္ဃန်းကျွန်း၊ သာကေတ၊တောင်ဥက္ကလာပမြို့နယ် များတွင် ခွင့်ပြုချက် ထက်ကျော် လွန် ပြီးဆောက်လုပ် ထားခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဒဏ်ကြေးပေးဆောင်ရန် သတ်မှတ်ထားသော ငွေပမာဏမှာ မြင့်မားလွန်းသည့်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ဖြေလျော့မှုဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိအဆိုနှင့် ပတ်သက်ပြီး ပြန်လည်ဖြေကြားရာတွင် ပြောသွားခြင်း ဖြစ်သည်။

ဦးလှမြင့်က ``ရန်ကုန်မြိုတော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အဆောက် အအုံများ ဆောက်လုပ်မှု ကို စနစ်တကျဖြစ်စေဖို့ ခွင်ြ့ပုချက်ဖြင့် ဆောက်လုပ်တဲ့ အဆောက် အအုံကို စနစ်တကျဖြစ် စေဖို့ကြပ်မတ် ဆောင်ရွက်နေသလို့ ခွင်ပြုချက်မဲ့ ဆောက်လုပ်နေတဲ့ အဆောက်အဦး များအား စစ်ဆေး ဖော် ထုတ်ပြီး တည်ဆဲ စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၈နဲ့ ၆၉ဖြင့် တရားစွဲခြင်းများ ဆောင်ရွက် လျက်ရှိပါတယ်။ 

သင်္ဃန်းကျွန်းမြို့နယ်၊ သာကေတမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်တွေရှိ တဲ့အထဲမှာ သင်္ဃန်းကျွန်းမြို့နယ် ဟာ ခွင့်ပြုချက်မဲ့ အဆောက်အအုံ အများဆုံးမြို့နယ်ဖြစ် သဖြင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ခွင့်ပြုချက်မဲ့ အဆောက်အအုံလျော့နည်းသွားစေရေး အတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် ခဲ့တယ်´´ဟု ဖြေကြား ထားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ခွင်ြ့ပုချက်မဲ့ အဆောက်အအုံများ ဆောက် လုပ်ခြင်း၊ကြိုတင်ဆောက်လုပ်ခြင်း၊ သတ်မှတ် ချက်ထက် ပိုမိုဆောက်လုပ်ခြင်းများအား စစ်ဆေးဆောင် ရွက်လျက်ရှိရာ ၂၀၁၅ခုနှစ် ဇူလိုင် ၃၁ရက်နေ့ အထိ အဆောက်အအုံပေါင်း ၂၂၄၉လုံး စစ်ဆေးတွေ့ရှိပြီး ယင်းထဲတွင် သင်္ဃန်းကျွန်းမြို့နယ် တွင် ၇၆၃လုံး၊ သာကေတမြို့နယ်တွင် ၇၇လုံးနှင့် တောင်ဥက္ကလာပမြို့ နယ်တွင် ၆၁လုံး ဖြစ်ကြောင်း သိရသည်။

၂၀၁၂ခုနှစ်မှ စတင်ကာ ခွင့်ပြုချက်မဲ့ အဆောက်အအုံ လျော့ပါးစေရေး အတွက် စီမံချက်ရေးဆွဲကာ သက်ဆိုင်ရာမြို့နယ်များတွင် အသံချဲ့စက်ဖြင့် အသိပေးခြင်း၊ အသိပေး တားမြစ်စာပေးပို့ခြင်း၊ စည်ပင်ပိုင် မြေပေါ်တွင် ပုံထားသည့်ဆောက်လုပ်ရေးပစ္စည်းများအား သိမ်းဆည်းခြင်း နှင့် ဆောက်လုပ်စဲလုပ်ငန်းများ အား ရပ်တန့်စေခြင်းများ ဆောင်ရွက် ခဲ့ခြင်းများ ရှိသည်။

ယင်းအပြင် ခွင်ပြုချက်မဲ့အဆောက်အအုံ ၁၈၀ လုံးကို စာရင်းကောက်ယူပြီး အဆောက်အအုံဆိုင်ရာ သတ်မှတ်အချို့ကိုဖြေလျော့ပေးခဲ့သည်။ ယင်းသို့ဖြေလျော့ပြီးနောက် ကြိုတင်ဆောက်လုပ်ဒဏ်ကြေး အနေဖြင့် တစ်စတုရန်းပေလျှင် ၇၅၀ ကျပ်၊ သတ်မှတ် အထပ်ထက် ပိုမိုဆောက် ဒဏ်ကြေးအနေဖြင့် တစ်စတုရန်း ပေလျှင် ၂၂၅၀ကျပ်တို့ဖြင့် ဒဏ်ကြေး ပေးဆောင်ကာ တိုက်တွင်နေထိုင်သည့် ပြည်သူများ အဆင်ပြေစေရန် စီစစ်ခွင့်ပြုခဲ့ခြင်း ရှိကြောင်း သိရသည်။

သတင်း - စိုင်းဟန်
The Ladies News Journal
ကိုးကန့်ဒေသ စစ်အုပ်ချုပ်ေ

No comments:

Post a Comment

My Blog List