Friday, August 21, 2015

ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် ချီတက်ပွဲလုံခြုံရေးအတွက် နိုင်ငံသား ၈၅၀,၀၀၀အား တာဝန်ပေးရန် တရုတ်စည်းရုံး


ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့အပေါ် အောင်နိုင်မှုအထိမ်းအမှတ်အဖြစ် ပြုလုပ်မည့် ကြီးမားသည့် စစ်ရေးပြ ချီတက်ပွဲကြီး မပြုလုပ်မီ လုံခြုံရေး စိတ်ချရစေရေးအတွက် မြို့ကိုကင်းလှည့်ရန် ပေကျင်းက ဋ္ဌာနေနိုင်ငံ သား ၈၅၀,၀၀၀ကို စည်းရုံးဆော်သြနေပြီဟု နိုင်ငံပိုင်မီဒီယာက အစီရင်ခံခဲ့သည်။

လူတန်းစားအသီးသီးမှ ဆန္ဒအလျောက်တာဝန်ထမ်းဆောင်မည့်သူများကို လေ့ကျင့်ပေးနေပြီး လမ်းတိုင်း၊ လမ်းသွယ်တိုင်းအပြင် စတိုးဆိုင်များ၊ဈေး များ သို့စေလွှတ်မည်ဖြစ်ကြောင်းပေကျင်း ရဲတပ်ဖွဲ့ပြော ခွင့်ရ ပုဂ္ဂိုလ်တစ်ဦး ၏ ပြောကြားချက်ကို ကိုးကား၍ ရှင်ဟွာသတင်းအေဂျင်စီက သြဂုတ် ၁၉ရက်နောက်ပိုင်းက အစီရင်ခံခဲ့သည်။ ၄င်းတို့အနေဖြင့် လုံခြုံရေးအရ အန္တရာယ်ဖြစ်နိုင်သည့် လက္ခဏာများကို ရှာဖွေကာ ရဲတပ်ဖွဲ့သို့ သတင်းပို့မည်ဟုလည်း ဖော်ပြခဲ့သည်။

တရုတ်အစိုးရသည် ၂၀၀၈ ပေကျင်းအိုလံပစ်ပွဲတော်နှင့် တရုတ်ကွန်မြူနစ် နိုင်ငံတည်ထောင်သည့် အထိမ်း အမှတ် နှစ် ၆၀မြောက်နှစ်ပတ်လည်ပွဲကဲ့သို့ အဓိကပွဲကြီးများတွင် လုံခြုံရေးစိတ်ချရစေရန် ကြီးမားသည့်လူ အင်အားကို အသုံးပြုလေ့ရှိသည်။ စက်တင်ဘာ ၃ တွင်ပြုလုပ်မည့် ချီတက်ပွဲအတွက် အခြားအရေးယူ ဆောင်ရွက်မှုများကိုလည်း ပြုလုပ်ထားပြီးပွဲမှာ ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်ဖွဲ့ဝင်များနှင့် အင်အားကြီး ၀င်ရိုးတန်းနိုင်ငံများအပေါ် ကျယ်ပြန့်သည့် အောင်နိုင်မှုအထိမ်းအမှတ် နှစ် ၇၀မြောက်နှစ်ပတ်လည် ပွဲ အဖြစ် ကျင်းပခြင်းဖြစ်သည်။

ပေကျင်းသည် ဒေသတွင်းတွင် စိုးမိုးလိုသည့် ပြောဆိုမှုများ မြင့်မားလာကာ ၂၀ရာစုက တရုတ်ကို ဂျပန်က ကျူးကျော်မှုအတွက် တိုကျိုသည် နောင်တရကြောင်း လုံလောက်သည့်ပြသမှုမရှိဟု တရုတ်ကအစဉ်တစိုက် စွပ်စွဲလျက် ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List