Tuesday, August 18, 2015

“ပြည်ခိုင်ဖြိုးပါတီတွင်းကိစ္စများ လွှတ်တော်တွင်းယူဆောင်မလာရန် သူရဦးရွှေမန်းပြော “


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင်းမှ ကိစ္စများကို လွှတ်တော် တွင်းယူဆောင်လာခြင်း မပြုရန် ပြည်ထောင်စုလွှတ်တော်နာယကသူရ ဦးရွှေမန်းက ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များကို ပြောကြားလိုက်သည်။ 

ပြီးခဲ့သည့် သြဂုတ် ၁၂ ရက် ညပိုင်ွးင် သူရဦးရွှေမန်းသည် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ရာထူးမှ ဖယ်ရှားခံလိုက် ရပြီးနောက် နောက်တစ်နေ့ သြဂုတ်လ ၁၃ ရက် ၌ သူရဦးရွှေမန်းနှင့် လက်ရှိပါတီပူးတွဲဥက္ကဌရာထူးယူထား သည့် ဦးဌေးဦးထံသို့ လိပ်မူထားသည့် စာတစ်စောင်ကို လက်ခံရရှိခဲ့ကြောင်း သူရဦးရွှေမန်းက ပြောသည်။ 

အဆိုပါစာတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်များ အချင်းချင်းစိတ်ဝမ်းကွဲပြားမှု များဖြစ်ပေါ်နေခြင်း၊ပါတီတွင်း ဒီမိုကရေစီကျင့်သုံးမှုကိုမျက်ကွယ်ပြု၍ ပါတီဥက္ကဋ္ဌတာဝန်ပူးတွဲတာဝန်ထမ်းဆောင်သူတစ်ဦးတည်း၏ ဆန္ဒအရသာ ဆုံးဖြတ်ပြုလုပ်နေခြင်း ၊ပါတီ၏ရန်ပုံငွေကို ပွင့်လင်းမြင်သာမှုမရှိဘဲ သုံးစွဲနေခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအား လိုက်နာမှုမရှိခြင်း၊ မူလမဲဆန္ဒရှင် အချို့က လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားထားခြင်းတို့ကြောင့် ပါတီ၏ ဂုဏ်သိက္ခာကိုများစွာ ထိခိုက်ကျဆင်းစေလျက်ရှိပြီး မကြာမီကျင်းပ မည့် အထွေထွေရွေးကောက်ပွဲကိုပါ ထိခိုက်လာနိုင်သဖြင့် ဟု ရေးသား ဖော်ပြထားသည် ဟု လည်း သူရဦးရွှေမန်းက ဆိုသည်။ 

ယင်းအချက်များရေးသားပေးပို့မှုအပေါ်တွင် ၄င်းအနေဖြင့် စိတ်မကောင်း ကြီးစွာဖြစ်ခဲ့ရသော်လည်း ယခု ချိန်တွင်ဒီတိုင်းသာထားလိုက်ပြီးနောင်မှသာ လိုအပ်ပါက ရင်ဆိုင်ဖြေရှင်းသွားမည်ဟုသာ သဘောထားခဲ့ ကြောင်း သို့သော်လည်း ယခုအတိုင်းသာထားလိုက်ပါက ဥပဒေသဘောအရ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံရာရောက်နိုင်သဖြင့် အမှားအမှန် အကောင်း အဆိုးကို သုံးသပ်ဆင်ခြင်၍ အားလုံးအတွက် အကောင်း ဆုံးဖြစ်အောင် စဉ်းစားသုံးသပ်ဆောင်ရွက်နိုင်ရန် လိုအပ်သည်ဟု ယူဆသည်။ 

ထို့ကြောင့် အဆိုပါကိစ္စနှင့်ပက်သက်၍ မည့်သည့်ပြဿနာမှ ပေါ်ပေါက်စေ လိုသောဆန္ဒမရှိဘဲ သက်ဆိုင် သူများနှင့်တာဝန်ရှိသူများက နိုင်ငံအပေါ် မေတ္တာစေတနာထားပြီး ပြည်သူများယုံကြည်စိတ်ချစွာနှင့် တရား ဥပဒေ၏ အကာအကွယ် ရရှိနေကြာင်း ကို လက်တွေ့ပြသမှုဖြင့် အုပ်ချုပ်ရေးအစိုးရ၊ တရားမဏ္ဍိုင်နှင့် ဥပဒေပြုလွှတ်တော်တို့မှ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များမှ တဆင့် တင်ပြခြင်း ဖြစ် ကြောင်း သူရဦးရွှေမန်းက အစည်းအဝေးတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
7Day News Journal


No comments:

Post a Comment

My Blog List