Thursday, August 20, 2015

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်အပြောင်းအလဲ လိုအပ်သည်ထက်ပို၍ လုံခြုံရေးအသုံးပြုခဲ့သဖြင့် ပါတီဝင်များဝေဖန်


ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် အပြောင်းအလဲတွင် လိုအပ်သည်ထက် ပို၍ လုံခြုံရေးအင်အားကို အသုံးပြု ခဲ့သဖြင့် ဒီမိုကရေစီမဆန်သော ဆောင်ရွက်ချက်များဖြစ်ကြောင်း ယင်းပါတီဝင် လွှတ်တော်ကိုယ်စားလှယ် အချို့က ဝေဖန်ပြော ကြားလိုက်သည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့် ညတွင် ပါတီဌာနချုပ်ဝင်းအတွင်း  မိမိကိုယ်တိုင်ရှိနေသဖြင့် ယင်း ဖြစ်စဉ်အ တွက် သုံးစွဲခဲ့သော လုံခြုံရေးအင်အားသည် ပုံမှန်ထက် ပိုမိုသောအင်အားဖြစ်နေပြီး အပြင်မှလူများအထဲ မ၀င်ရန်နှင့်အထဲမှ လူများ အပြင်မထွက်ရန်အထိ တင်းကျပ်ခဲ့ကြောင်း ပါတီဗ ဟိုကော်မတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်း ကပြောသည်။

‘‘ပြောရရင် ပါတီဌာနချုပ်ကို နိုင်ငံတော်တာဝန်ထမ်းဆောင်နေ တဲ့ပုဂ္ဂိုလ်တွေလာရင် ထိုက်သင့် တဲ့လုံခြုံ ရေးအင်အားပါလာတယ် ဆိုတာလက်ခံတယ်။ ဒါပေမဲ့ အဲဒီညက ဖြစ်ခဲ့တဲ့အနေအထားက ပုံမှန်အခြေအနေ မျိုးမဟုတ်ဘူး။လိုတာထက်ပိုတဲ့ အင်အားတွေဘာ ကြောင့်သုံးတာလဲဆိုတာ မေးခွန်း ထုတ်ရမယ့် သဘော ဖြစ်နေတယ်။ နောက်နိုင်ငံရေးပါတီတစ်ခုက ဒီ လိုပဲ အစိုးရလုံခြုံရေးအဖွဲ့အစည်း တွေကို အကူအညီ တောင်းလို့ရလား။ ဒီလိုဆို စည်ပင်ရိပ်သာမှာ နေတဲ့ ကိုယ်စားလှယ်တွေကတစ် ခုခုဖြစ်လို့ လုံခြုံရေးပေး ပါဆိုရင် ချက်ချင်း ဒီလိုအင်အားနဲ့ ပေးမလား’’ ဟု ဦးဝင်းသန်းက ပြော သည်။

ထိုကဲ့သို့ ပါတီတွင်းခေါင်း ဆောင်ပိုင်းအပြောင်းအလဲများ ပြုလုပ်ရန် ဆောင်ရွက်ခြင်းသည် လုပ်ရိုးလုပ်စဉ် အတိုင်းသာဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအင် အား အလွန်အမင်း အသုံးပြုခဲ့ ခြင်းမရှိကြောင်း ပါတီ ပူးတွဲဥက္ကဋ္ဌ တာဝန်ယူထားသူ ဦးဌေးဦးက ပြောသည်။

ယင်းဖြစ်စဉ်တွင် လုံခြုံရေး အရလိုအပ်သဖြင့် ပြည်ခိုင်ဖြိုးပါ တီက အကူအညီတောင်းခံခဲ့သော ကြောင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင် များ လုံခြုံရေးသွားရောက်ဆောင် ရွက်ပေးရခြင်းဖြစ်ကြောင်း နိုင်ငံ တော်သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်ပြန် ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

‘‘ခေါင်းဆောင် ပြောင်းလဲ တာတော့ လက်ခံပါတယ်။ ဒါပေ မဲ့ဆောင်ရွက်ပုံဆောင်ရွက်နည်း တွေက ဒီမိုကရက်တစ်မဆန်တာ တော့မကြိုက်ဘူး။ ဒါအပွင့်လင်း ဆုံးပြောတာလေ’’ဟု  ပြည်ခိုင်ဖြိုး ပါတီဗဟိုကော် မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကပြောသည်။

လုံခြုံရေး ဆောင်ရွက်ရသည့် ရဲတပ်ဖွဲ့ကဲ့သို့သော လက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံနှင့်ပတ်သက် သော ကိစ္စရပ်များအတွက်သာ လုံခြုံရေးဆောင်ရွက်မှုများကို ဆောင်ရွက်စေသင့်ပြီး ပါတီအဖွဲ့အစည်း တစ်ခုခု၏ တောင်းခံမှုကြောင့် ထိုကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် မဖြစ် သင့်ကြောင်းနှင့် ထိုကဲ့သို့ ဆောင် ရွက်ခြင်းကြောင့် ပြည်ခိုင်ဖြိုးမဟုတ်ဘဲ အခြားနိုင်ငံရေးပါတီများမှ အကူအညီ တောင်းခံခဲ့လျှင်လည်း ဆောင်ရွက်ပေးမည့် သဘောသက်ရောက်ကြောင်း လွှတ် တော်ကိုယ်စားလှယ်အချို့က သုံး သပ်ပြော ကြားသည်။

7Day Daily

No comments:

Post a Comment

My Blog List