Friday, August 21, 2015

လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းမှု ဒေါက်တာညိုညိုသင်း ကို မေးမြန်း


လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲခံခဲ့ရတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာ ပညာရေးပြု ပြင်ပြောင်းလဲရေး ကွန်ရက်က ဒေါက်တာညိုညိုသင်းကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်က ဒီနေ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဒေါက်တာညိုညိုသင်းက လက်ပံတန်းကျောင်းသားသပိတ်က ကျောင်းသားတွေကို လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲစဉ် အခြေအနေတွေကို သက်သေ အထောက်အထားတွေနဲ့တကွ ကော်မရှင်ကို ပြည့်ပြည့် စုံစုံ တင်ပြခဲ့တဲ့အကြောင်း RFA ကို ပြောပါတယ်။

"အဓိကကတော့ ကျမအချက် ၃ ချက်ကိုပြောတယ်၊ လက်ပံတန်းကျောင်းသားတွေအပေါ် အကြမ်းဖက်မှု ကိစ္စဟာ ၄ ပွင့်ဆိုင်သဘောတူညီချက်ကို ချိုးဖောက်တဲ့ ကိစ္စဖြစ်တယ်၊ အထောက်အထားအပြည့်အစုံနဲ့ တင်ပြနိုင်ခဲ့ တယ်ပေါ့နော်၊ ဒုတိယအချက်က အစိုးရနဲ့ ကျောင်းသားတွေနဲ့ တင်းမာနေတဲ့အချိန်မှာ ကျမနဲ့ ဆရာတော် အရှင်ဆေကိန္ဒတို့ ကျောင်းသားနဲ့ပြေလည်ဖို့အတွက် ကြိုးစားခဲ့တယ်၊ အဲ့ဒါကိုလည်း သေသေ ချာချာရှင်းပြနိုင်ခဲ့တယ်၊ လက်ပံတန်းအကြမ်းဖက်မှု အင်အားအလွန်အကျွန် သုံးတဲ့ကိစ္စဟာ ဖြစ်သင့်ဘူးဆို တာပြောခဲ့နိုင်ပါတယ်"

ဒ့ါအပြင် ကျောင်းသားသပိတ်ဖြိုခွဲခံရစဉ်က မျက်မြင်သက်သေ နှစ်ဦးကို လည်း ကော်မရှင်အနေနဲ့ ခေါ်ယူ မေးမြန်းဖို့ ဒေါ်ညိုညိုသင်းက တင်ပြခဲ့တာကို ကော်မရှင်က လက်ခံလိုက်ကြောင်းလည်း ပြောပါတယ်။

RFA


No comments:

Post a Comment

My Blog List