Tuesday, August 18, 2015

သူရဦးရွှေမန်းသတင်း နိုင်ငံပိုင်ရုပ်သံတွင် ပြန်လည်ဖော်ပြ


သူရဦးရွှေမန်းကို ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှား လိုက်ပြီးနောက် ပိုင်း တနင်္လာနေ့ ည ၈ နာရီသတင်းတွင် နိုင်ငံပိုင် ရုပ်သံမြန်မာ့အသံနှင့် ရုပ်မြင်သံ ကြားမှတစ်ဆင့် ပထမဆုံးအကြိမ် သတင်းထုတ်လွှင့်ခဲ့သည်။

ရေဘေးသင့်ပြည်သူများအ တွက် အလှူငွေများပေးအပ်လှူ ဒါန်းသည့်သတင်းကို တစ်မိနစ်ခွဲ ခန့်ထုတ်လွှင့် ခဲ့သော်လည်း သူရ ဦးရွှေမန်း၏ရုပ်ပုံကို စက္ကန့်ပိုင်းမျှ သာ ပြသကြေညာခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် သြဂုတ် ၁၇ ရက် မွန်းလွဲက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတွင် ကျင်းပပြုလုပ်သည့် ရေ ဘေးသင့်ပြည် သူများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအ တွက် အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်း အနားသို့ တက်ရောက်အမှာစကား ပြောကြားခြင်းသတင်းကို ထုတ် လွှင့်ခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၂ ရက်က ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် ဗဟိုအလုပ်အမှုဆောင် ၁၂ ဦးကို ရာထူးမှ ဖယ်ရှားခဲ့ပြီး နောက်တစ်ရက်တွင် ဒုဥက္ကဋ္ဌ ဦးဌေးဦးအား ပူးတွဲဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ သည်။

ယင်းကဲ့သို့ ပါတီခေါင်း ဆောင်ပိုင်း အပြောင်းအလဲပြု လုပ်ပြီးနောက်ပိုင်း သူရဦးရွှေမန်း နှင့်ပတ်သက်သည့် သတင်းများ ကို နိုင်ငံပိုင်ရုပ်သံနှင့် ပုံနှိပ်မီဒီယာ များတွင် ဖော်ပြပါရှိခဲ့ခြင်းမရှိဘဲ သြဂုတ် ၁၇ ရက်တွင်မှ ပြန်လည် ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်များယူထားသည့် သူရဦးရွှေမန်း အား ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ရာထူးမှဖယ်ရှားပြီးနောက် ပါတီအာဘော်သတင်းစာဖြစ် သော ပြည်ထောင်စုနေ့ စဉ်သတင်းစာနှင့် ၎င်း၏ မိသားစုပိုင် ချယ်ရီ အမ်ဖ်အမ်တို့ ရပ်နားခဲ့ရသည်။ 


7Day News Journal

No comments:

Post a Comment

My Blog List