Thursday, August 20, 2015

အဝေးသင်တက္ကသိုလ်အနီးကပ်သင်တန်းနှင့် စာမေးပွဲများ အောက်တိုဘာတွင် စတင်မည်


၂၀၁၅ ပညာသင်နှစ်အတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့၏ အနီး ကပ်သင်တန်းပို့ချမှုနှင့် စာမေးပွဲများကို လာမည့်အောက်တိုဘာတွင် စတင်ပြုလုပ်မည်ဟု ရန်ကုန် အဝေး သင်တက္ကသိုလ်မှ သတင်းရရှိသည်။

‘‘အနီးကပ်သင်တန်းနဲ့ စာ မေးပွဲတွေကို အောက်တိုဘာက နေ နိုဝင်ဘာအထိ ကျင်းပသွား မှာဖြစ်တယ်။ ၀ိဇ္ဇာဘာသာရပ် တွေကတော့ စာမေးပွဲမတိုင်ခင် အနီးကပ်သင်တန်း ၁၀ ရက် ပို့ချ သွားမှာပါ’’ဟု ရန်ကုန် အဝေးသင် တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ယင်းအဝေးသင်တက္ကသိုလ် များ၏ စာမေးပွဲ စစ်ဆေးမှုသည်  ပထမနှစ်မှ စတုတ္ထနှစ်အထိ သိပ္ပံ ဘာသာရပ် များနှင့် ၀ိဇ္ဇာဘာသာ ရပ်များကို အသုတ်လိုက်ခွဲ၍ စစ် ဆေးခြင်းဖြစ်သည်။

ပထမအသုတ်စာမေးပွဲများ ကို သိပ္ပံဘာသာရပ်များအတွက် အောက်တိုဘာ ၅ ရက် (တနင်္လာ နေ့)မှ အောက်တိုဘာ ၁၀ ရက် (စနေနေ့)အထိ ကျင်းပသွားမည် ဖြစ်သည်။

ဒုတိယအသုတ်တွင် ၀ိဇ္ဇာ ဘာသာရပ်များဖြစ်သော အင်္ဂ လိပ်စာ၊ ပထ၀ီ၊ စိတ်ပညာ၊ ဒဿ နိကဗေဒ၊ အရှေ့တိုင်းပညာ၊ ဥပ ဒေပညာတို့၏ အနီးကပ်သင်တန်း ကို အောက်တိုဘာ ၁၃ ရက် (အင်္ဂါနေ့)မှ အောက်တိုဘာ ၂၂ ရက် (ကြာသပတေးနေ့)ထိ ပို့ချ သွားမည်ဖြစ်သည်။

ဒုတိယအသုတ်စာမေးပွဲကို အောက်တိုဘာ ၂၆ ရက် (တနင်္လာနေ့)မှ နိုဝင်ဘာ ၂ ရက်(တနင်္လာ နေ့)အထိ ကျင်းပမည်ဖြစ်သည်။

‘‘အဝေးသင်သိပ္ပံဘာသာရပ် တွေက နှစ်ပတ်တစ်ကြိမ်လက် တွေ့လုပ်ရတဲ့အတွက် သင်ကြားမှုနဲ့ ပိုနီးကပ် လို့ အနီးကပ်သင် တန်းမရှိတာပါ။ ၀ိဇ္ဇာဘာသာရပ် ယူထားသူတွေက တစ်နှစ်လုံး ကိုယ့်ဘာသာလေ့လာ ရတဲ့အ တွက် မသိတာ၊ မရှင်းတာတွေကို ပြန်မေးနိုင်အောင် ၁၀ ရက် အနီး ကပ်သင်တန်းပို့ချပေးတာပါ’’ဟု  ရန်ကုန်အဝေးသင်တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တတိယအသုတ်တွင် မြန်မာစာ၊ မြန်မာမှုပညာ၊ ရသစာပေ၊ သမိုင်း၊ စီးပွားရေး၊ ပြည်သူရေးရာ၊ အိမ်တွင်းစီး ပွားဘာသာရပ်များ၏ အနီးကပ်သင်တန်းကို နိုဝင်ဘာ ၉ ရက် (တနင်္လာနေ့)မှ နိုဝင်ဘာ ၁၈ ရက်(ဗုဒ္ဓဟူး) အထိ ပို့ချသွားမည်ဖြစ်သည်။

တတိယအသုတ်စာမေးပွဲကို  နိုဝင်ဘာ ၂၁ ရက်(စနေနေ့)မှ နိုဝင်ဘာ ၃၀ ရက် (တနင်္လာနေ့)အထိ ကျင်းပ မည်ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သတင်းရရှိသည်။ တစ်နိုင်ငံလုံးတွင် အဝေး သင်တက္ကသိုလ် တက် ရောက်နေသော ကျောင်းသား၊ ကျောင်းသူ လေးသိန်းခန့်ရှိကြောင်းသိရသည်။

7Day Daily

No comments:

Post a Comment

My Blog List