Wednesday, August 19, 2015

ပြည်ခိုင်ဖြိုးပါတီတွင် တကယ့်အစစ်အမှန်အာဏာသိမ်းသူသည် ဦးရွှေမန်းဖြစ်ပြီး ဦးသိန်းစိန်သည် သူ့နေရာသူပြန်ယူခြင်းဖြစ်သည်ဟု ဦးလှဆွေဆို


ပြည်ခိုင်ဖြိုးပါတီတွင် တကယ့်အစစ်အမှန်အာဏာသိမ်းသူသည် ဦးရွှေမန်းဖြစ်ပြီး ဦးသိန်းစိန် သည် သူ့နေ ရာသူပြန်ယူခြင်းဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီအတွင်း ထိပ်ပိုင်း အပြောင်းအလဲများနှင့် ပတ်သက်၍ အမျိုး သားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေက သြဂုတ် ၁၈ ရက်တွင် သတင်းမီဒီယာများသို့ပြောသည်။

“တကယ့်အစစ်အမှန်က သူကအာဏာသိမ်းတာ ပါတီဥက္ကဌကြီးကြွလာပါပြီ ခင်ဗျားဆိုတော့ ကျွန်တော် တို့က လှည့်ကြည့်လိုက်တော့ ဦးရွှေမန်းဖြစ် နေတယ် ၂၀၁၀ ကတည်းက ပထမအကြိမ်ပါတီညီလာခံ ကတည်းက ဒီလိုဖြစ်တာဒါကြောင့်မို့ ဦးသိန်းစိန်ကသူ့နေရာသူပြန်ယူတာပါ ဒါပါပဲ”ဟု ဦးလှဆွေက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးလှဆွေက အဆိုပါ ကိစ္စနှင့် ဆက်ဆပ်၍ ၄င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် အောက်ပါအတိုင်း ရှည်လျားစွာ ရှင်းပြရေးသားခဲ့သည်။

"တပ်မှာ က ဥပမာ Lieutenant Colonel အဆင့်ဖြစ်တဲ့ တပ်ရင်းမှုးတစ် ယောက် က ၁၁ လ လောက်ကြာ တဲ့ စစ်ဦးစီးတက္ကသိုလ်မျိုး ရေရှည်တက် ရတဲ့သင်တန်းသွားတဲ့အခါ Major အဆင့်ဖြစ်တဲ့ ဒုတပ်ရင်းမှုးကို တပ်ရင်းမှုး တာဝန်အားလုံးလွှဲရတယ် ။ အဲလိုလွှဲအပ်ခြင်းခံရတဲ့ Major အဆင့်နဲ့ ဒုတပ်ရင်းမှုးဟာ တပ်ရင်း မှုးတာဝန်တွေထမ်းဆောင်နေရပေမဲ့ Lieutenant Colonel ဖြစ်သွားတာမဟုတ်ဘူး Commanding Officer ဖြစ်မသွားဘူး ၊ အဲဒါကို ခတ္တတပ်ရင်းမှုး Acting Commanding Officer လို့ခေါ်တယ် ။ တပ်ရင်းမှုးအစစ်ဖြစ်တဲ့ Lieutenant Colonel သင်တန်းကပြန်ဆင်းလာရင် ဒုတပ်ရင်းမှုး Major ဆီက တပ်ရင်းမှုးတာဝန်အားလုံးကို ပြန်လွှဲအပ်ရတယ် ၊ ဒါတပ်မတော်ရဲ့ လုပ်ရိုးလုပ်စဉ် Tradition ဖြစ်တယ်။"

"ခုဟာက သူရဦးရွှေမန်းက ပါတီရဲ့ Acting Chairman ခေတ္တဥက္ကဌ လုပ်ရမှာကို ပါတီဥက္ကဌ လို့ စသုံးနူံး လိုက်ကတည်းက ကျနော်တို့ကသိနေပြီ သီချင်းတပုဒ်လိုပြောရရင် Intro တော့ တော နေပြီပေါ့ဗျာ ခုတော့ အဲဒီသီချင်းရဲ့ Chorus အပိုဒ်ကိုရောက်လာတာဘဲ ၊ ဘာလို့လဲဆိုတော့ နောက်ဆုံးလုပ်တဲ့ ပါတီညီလာခံမှာ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက အစိုးရရဲ့ ၅ နှစ်တာဆောင်ရွက်ခဲ့ချက်များ ဆိုတဲ့စာတမ်းကို လာဖတ်တော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်မှာ " ဆိုပြီး သုံးသွားတယ် ၊ ပါတီမှာက ဥက္ကဌကြီး ကြွလာပါပြီခင်ဗျား လို့ကြေငြာရင် လှည့်ကြည့်လိုက် ဦးရွှေမန်းဖြစ်နေတယ် ၊ အဲဒီတော့ တကယ့်ပါတီဥက္ကဌရဲ့အာဏာကို စသိမ်းသူက သူရ ဦးရွှေမန်းဖြစ်ပါတယ် အထက်ကပြောသလို သူက Major အဆင့်ဖြစ်တဲ့ Acting CO သာလျှင်ဖြစ်ပြီး Lieutenant Colonel မဟုတ်သေးပါဘူး ၊ အဲဒါကြောင့် မင်းကိုမပေးဘူးကွာ ဦးဌေးဦးကိုပေးတယ် ဆိုတဲ့အချိန်မှာ ဦးဌေးဦးက တွဲဘက် ဥက္ကဌ ဆိုပြီး စသုံးတယ် ၊ ဒါပါဘဲ ၊ ရိုးရိုးလေးဘဲ" ဟု ရှင်းပြခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List