ဩဂတ်စ်လ ၁၇ ရက် ည ၇ နာရီက ထိုင်းနိုင်ငံဘန်ကောက်မြို့လယ်ခေါင် ရတ်ချပရဆုံလမ်းဆုံတွင်အင်အားကြီးမား သော ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၈ ဦးပွဲချင်းပြီးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာအပြင်း အထန်ရရှိကာ ကျုလား လုံးကွန်း ဆေးရုံကြီးတွင်အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေကြောင်း ထိုင်းအစိုးရပိုင် ရုပ်မြင်သံကြားတွင်ထုတ်ပြန်ကြေငြာ သည်။
ပွဲချင်းပြီးသေဆုံးသူများ နှင့် ဒဏ်ရာရရှိသူများမှာ နိုင်ငံခြားသား ခရီးသွား များနှင့် ထိုင်းနိုင်ငံသား များဖြစ်ကြောင်း အများစုမှာ တရုတ်နိုင်ငံ သားများဖြစ်ကြောင်း ထိုင်းသတင်းဌာနများကဖော်ပြသည်။
အဆိုပါဗုံးဖောက်ခွဲမှုလက်သည်ကို မသိရသေးကြောင်း ၊ လမ်းဆုံ အနီးတဝိုက်ရှိ စီစီတီဝီကင်မရာများမှ အာဏာပိုင်များ စစ်ဆေးနေ ဆဲဖြစ်ကြောင်းဆိုပါသည်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်း အဆိုပါလမ်းဆုံအားဖြတ်သန်း သွားလာခွင့် ပိတ်ထားပြီး အနီးတဝိုက်ရှိ စာသင်ကျောင်းများကို လည်း ခေတ္တ ပိတ်ထားသည်ဟု တရားဝင်ကြေငြာထားပါသည်။
ယနေ့ညပေါက်ကွဲသောဗုံးမှာ ဘန်ကောက်မြို့အတွင်းပေါက်ကွဲ ခဲ့ဖူးသောဗုံးများအနက် အင်အားအကြီးမားဆုံးဗုံး ဟုဆိုနိုင်ကြောင်း လည်းဆိုပါသည်။
ဓါတ်ပုံ- ဗုံးပေါက်ကွဲမှုဖြစ်ပွါးသည့်နေရာ ( Photos : BBC )
Panglong(Burmese)
No comments:
Post a Comment