Tuesday, August 18, 2015

၈၈ မျိုးဆက်ငြိမ်း/ပွင့်တွေနှင့်လူ့ဘောင်သစ်ပါတီ မဟာမိတ်လုပ်မည်


၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်လူ့ဘောင်သစ်ပါ တီတို့ မဟာမိတ်ပြုလုပ်၍ စစ်မှန်သည့်ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ် ထွန်းရေး၊ တိုင်းရင်းသားများတန်းတူညီမျှရေးနှင့် ဒီ မိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တစ်ရပ်တည်ထောင်ရေးတို့အတွက် အစွမ်းကုန်ကြိုးပမ်းသွား မည်ဖြစ်ကြောင်း သိရသည်။

လူ့ဘောင်သစ်ပါတီအနေဖြင့်၂၀၁၅ ခုနှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ၁၀ နေရာဝင် ပြိုင်ရန်စီစဉ် ထားပြီး ပြည်သူ့လွှတ်တော်တွင် ၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၂ ဦး၊ တိုင်းဒေသကြီး နှင့်ပြည်နယ်လွှတ်တော်များတွင် ၃ ဦးဖြစ်ကြောင်း၊ ရွေးကောက် ပွဲဝင်မည့် ကိုယ်စားလှယ် လောင်းအားလုံး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဟောင်းများဖြစ် ကြောင်း လူ့ဘောင်သစ် ပါတီအထွေထွေအတွင်း ရေးမှူး ဦးကျော် လင်းက ပြောကြားသည်။

““အခု ကျွန်တော်တို့ပါတီက ရွေး ကောက်ပွဲဝင်မယ့်သူတွေဟာ အရင်က တည်းက ၈၈ မျိုးဆက်တွေချည်း ပါပဲ။ ၈၈ ဗကသ အထွေထွေအတွင်းရေးမှူး လုပ်ခဲ့တဲ့ ကိုညိုထွန်းက မလိုင်မြို့နယ်က နေ ပြည်သူ့လွှတ် တော်အတွက် ၀င်မှာပါ။ လူ့ဘောင်သစ်ဥက္ကဋ္ဌဟောင်းဖြစ်ခဲ့တဲ့ ကို အောင်ဇေယျက ရွှေဘိုက၀င်မယ်။ 

လက် ရှိဥက္ကဋ္ဌဇေယျကတော့ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ကနေ ပြည်သူ့ လွှတ်တော်အတွက် ၀င်မယ်။ ကျွန်တော် တို့မှာ ရွေးကောက်ပွဲဝင်ဖို့ ဓနအင်အား ချို့တဲ့လွန်းပေမယ့် အကောင်းဆုံးယှဉ် ပြိုင်သွားဖို့ ကြိုးစားနေ ပါတယ်။ ၈၈ မျိုး ဆက်ငြိမ်းပွင့်က ပါတီထောင်ပြီးရင်လည်း လူ့ဘောင်သစ် ပါတီက မဟာမိတ်လုပ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ် ထွန်းရေး ကြိုးပမ်းသွားမှာပါ”” ဟု လူ့ ဘောင် သစ်ပါတီအထွေထွေအတွင်းရေး မှူး ဦးကျော်လင်းက ဆိုသည်။

၎င်းအနေဖြင့် ရွေးကောက်ပွဲမ၀င် ဘဲ ပါတီအောင်နိုင်ရေးအတွက် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း သိရ သည်။ လူ့ ဘောင်သစ်ပါတီမှာ ၁၉၈၈ ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးလျှင် အင်အားအကြီးမား ဆုံးပါတီဖြစ်ပြီး တစ်ခု တည်းသော ကျောင်းသားအင်အားစု ပါတီဖြစ်ခဲ့၍ ၁၉၉၀ ခုနှစ်တွင် စစ်အစိုးရ ၏ ဖိအားပေးမှုကြောင့် ပါတီဖျက်သိမ်း ခဲ့ရသောပါတီ ဖြစ်သည်။

ဇော်မြင့်
Hot News Journal

No comments:

Post a Comment

My Blog List