Thursday, August 20, 2015

ရှိုးပွဲတွေကြောင့် တစ်ကိုယ်တော်အခွေထုတ်ဖို့ ဖြစ်လာတဲ့ ဝါဆိုမိုးဦး


ရှိုးပွဲများတွင် သီချင်းသီဆိုဖျော်ဖြေမှုများလာခြင်းကြောင့် ကိုယ်ပိုင်သီချင်းရှိရန် လိုအပ်လာသဖြင့် တစ်ကိုယ် တော်စီးရီးထုတ် ဖြစ်ရန် တွန်းအားတစ်ခုဖြစ်လာ ကြောင်း သရုပ်ဆောင်ဝါဆိုမိုးဦး က ပြောသည်။ ‘‘အခု နောက်ပိုင်းမှာ ဝါဆို့ကို ပရိသတ်တွေက အဆိုပိုင်းနဲ့ပါ ဖောမန့်မှာ တော်တော်အားပေး လာတော့တစ်ကိုယ် တော်အခွေ ထုတ်ဖို့ဖြစ်လာတယ်။ ရှိုးတွေဆို လာတဲ့နောက်ပိုင်းမှာ ကိုယ်ပိုင်သီ ချင်းမရှိတာကြောင့်လည်း ဖြစ်နေတယ်။ ကိုယ်ပိုင်သီချင်းလိုအပ် လာပြီထင်လို့ အခွေထုတ်ဖို့ဖြစ် လာတာပါ’’ဟု ဝါဆိုမိုးဦးက ပြော သည်။

တစ်ကိုယ်တော်အခွေကို ယခုနှစ်ကုန်တွင် အမ်တီဗီနှင့်တစ်ပါ တည်းထွက်ရန် စီစဉ်နေပြီး ၎င်း နှင့်အတူ စုံတွဲအဆိုရှင်များအဖြစ် နေတိုး၊ မင်းမော်ကွန်း၊ ကျော် ကျော်ဗို၊ ထွန်းထွန်း၊ အားတီနှင့် စန္ဒီမြင့်လွင်တို့က တွဲဖက်သီဆို ထားသည်။ ထို့ပြင် သီချင်းများကို တစ်ဦးချင်းနှင့် လိုက်ဖက်သည့် အမျိုးအစားများကိုသာ ရွေးချယ် ထားကြောင်း သိရသည်။

‘‘ဝါဆိုက သရုပ်ဆောင်မင်း သမီးတစ်ယောက်ဆိုတော့ အဆို ဘက်ပြောင်းသွားတော့ ဝါဆို့ရဲ့ ပရိသတ်တွေ က အဆိုတစ်ခု တည်းထက် သရုပ်ဆောင်ထားတဲ့ အမ်တီဗီပါ ကြည့်ချင်မယ်ထင်လို့ တစ်ခါတည်း ထွက်ပေး တာပါ။ ဒီ နောက်ပိုင်း ရှိုးတွေမှာလည်း ဝါဆို့ ကို ပရိသတ်က ပါဖောမန့်လုပ် တာနဲ့ပတ်သက်ပြီး သဘောကျ လာကြတယ်။ ဝါဆို့အခွေကို ဝါဆိုကိုယ်တိုင်ထုတ်တာဖြစ်တဲ့အ တွက်လည်း အကောင်းဆုံးဖြစ် အောင် လုပ် ထားပါတယ်’’ဟု ၎င်း က ပြောသည်။

ဝါဆိုမိုးဦးသည် နှင်းဆီ ဖောင်ဒေးရှင်း၊ ဧရာဝတီဖောင် ဒေးရှင်းနှင့်အတူ ရေဘေးသင့်ဒေ သများကို ကိုယ် တိုင်သွားရောက် ၍ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခဲ့သဖြင့် လက်ရှိ တွင် ကျန်းမာရေးအခြေအနေအရ ကားရိုက်နှင့် တစ်ကိုယ်တော်အခွေစီစဉ်ခြင်းကို ခေတ္တရပ်နား ထားပြီး ရေဘေးအလှူခံအတွက်သာ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment

My Blog List