Tuesday, August 18, 2015

ဗိုလ်ချုပ်မြင့်နွယ်အား ကာကွယ်ရေးဒုဝန်ကြီးခန့်အပ်


သမ္မတဦးသိန်းစိန်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်မြင့်နွယ် အား ကာကွယ်ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီးအဖြစ်ခန့်အပ်  တာဝန်ပေး အပ် ကြောင်း သြဂုတ် ၁၇ ရက်စွဲဖြင့် နိုင်ငံပိုင်မီဒီယာမှတစ် ဆင့် ထုတ်ပြန်ကြေညာသည်။

ဗိုလ်ချုပ်မြင့်နွယ်အား ကာကွယ်ရေးဝန်ကြီးဌာနဒုတိယ၀န် ကြီးအဖြစ်ခန့် အပ်ခြင်းမှာ ဖွဲ့စည်း ပုံအခြေခံ ဥပဒေပုဒ်မ ၂၃၄နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေ ပုဒ်မ ၁၇တို့ပါ ပြဋ္ဌာန်းချက်များအ ရဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာချက်တွင်ပါရှိသည်။

သြဂုတ် ၁၀ရက်ကလည်း  ရွေးကောက်ပွဲယှဉ်ပြိုင်ရန်အနားယူသွားသည့်  တပ်မတော်ထိပ်တန်းအရာရှိကြီး များ၏နေရာတွင် တပ်မတော်အရာရှိ ၄၅ဦးအားအ စားထိုးခန့်အပ်ခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် တပ်မတော်မှ အနားယူထားသည့် အငြိမ်းစား အရာရှိ ၅၉ဦးသည်ပြည်ထောင်စု  ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ  ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List