Monday, August 17, 2015

လာမည့်ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၁၃၉နေရာအထိ ပြည်ခိုင်ဖြိုး ပါတီ ဝင်ပြိုင်မည်


လာမည့် ၂ဝ၁၅ရွေး ကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စား လှယ်လောင်း ၁၁၃၉ ဦးအ ထိဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းပါတီထုတ်ပြန်ချက်အရ သိရသည်။ ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူ့ လွှတ်တော်တွင် ၃၂ဝ၊ အမျိုးသားလွှတ် တော်တွင် ၁၆၆ဦးနှင့် တိုင်းနှင့်ပြည်နယ် လွှတ်တော်များ အတွက် ၆၂၄ ဦးတို့အပြင် တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်အဖြစ် ၂၉ ဦးအပါအဝင် ကိုယ်စားလှယ် လောင်း စုစုပေါင်း ၁၁၃၉ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးသာဝင်းကမူ သြဂုတ် ၁၃ ရက်က တိုင်းအစည်းအဝေးတွင် ဗဟိုက ရန်ကုန်တိုင်းတွင် ချမှတ်ထားသော ကိုယ်စား လှယ်လောင်းများအတိုင်း ပြိုင်ရန်မူအား ဖြင့်လည်း တစ်နိုင်ငံလုံး တွင်ချမှတ်ထားသော ကိုယ်စားလှယ်လောင်းများအတိုင်း ပြိုင်မည် ဖြစ်ကြောင်း ပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ဝင်ပြိုင်မည်ဟုဆို ထားသော်လည်း လွှတ်တော်ကိုယ် စားလှယ် ၃၂ နေရာတွင် ဝင်မပြိုင်တော့ သလိုအမျိုး သမီးကိုယ်စားလှယ်လောင်းမှာ ၇၂ ဦးသာ ရှိပြီး ကျန်ကိုယ်စား လှယ်လောင်းများမှာ အမျိုးသားများသာဖြစ်သည်။

ထို့အပြင်ဒုသမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦးနှင့် ဒုဥက္ကဋ္ဌနှစ်ဦး၊ ပြည်ထောင် စုဝန်ကြီးများနှင့်ဒုဝန်ကြီးများ၊ သမ္မတရုံး ဝန်ကြီးလေးဦးနှင့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ အပါအဝင်တပ်မတော်မှ ထိပ်တန်း ဗိုလ်ချုပ် ကြီးများ သည်လည်း ပြည်ခိုင်ဖြိုး ပါတီမှဝင်ပြိုင်ကြမည်ဖြစ်သည်။

ဒုသမ္မတဒေါက်တာစိုင်းမောက် ခမ်းမှာ လားရှိုးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းမှာ ဖြူးမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ညှိ နှိုင်းရေး မှူးဟောင်း ဗိုလ်ချုပ် လှဌေးဝင်းနှင့် ကာချုပ်(ရေ)ဟောင်းဗိုလ်ချုပ်သူရသက် ဆွေတို့ လည်း ပြည်ခိုင်ဖြိုးပါတီ မှဝင်ပြိုင်ကြမည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်တွင် တင်ထားသောပါတီ ၉ဝ တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ၁၁၃၈ဦး ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်သလို ကိုယ်စား လှယ်လောင်း နောက်ဆုံးပြင်ဆင်ရုပ်သိမ်းမှုရက်မှာ သြဂုတ် ၁၇ရက်နေ့ အထိဖြစ်ကြောင်းသိရသည်။

ညီတူး , Photo :: AFP
Yangon Media Group

No comments:

Post a Comment

My Blog List