Monday, August 24, 2015

ကချင်ပြည်နယ်တွင် ရုတ်တရက်ရေလွှမ်းမိုးမှု သတိထားရန်လို


နီပေါနိုင်ငံ ဟိမ၀န္တာ တောင်ပေါ်တွင် မိုးကောင်းနေ သောကြောင့် ထိုဒေသများမြေပြို မှုအန္တရာယ်ရှိနေပြီး ဒေသချင်းထိ စပ်နေသည့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်လည်း ရုတ်တရက် ရေလွှမ်းမိုးမှု သတိပြုရန်လိုအပ်သည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

‘‘ဟိမ၀န္တာတောင်ပေါ်မှာ မိုး များနေတယ်။ အဲဒီအပေါ်မှာ မြေ ပြိုမှုအလားအလာတွေ တက်လာ တယ်။ အထူးသဖြင့် နီပေါအရှေ့ ဘက် မြန်မာပြည်နဲ့ ဆက်စပ်နေ တဲ့အပိုင်းမှာ မြေပြိုဖို့ အလားအ လာရှိနေတယ်။ သြဂုတ် ၂၃ ရက် ကနေ လွန်ခဲ့တဲ့ ၇ ရက်အတွင်း ရွာခဲ့တဲ့မိုးကြောင့်နီပေါနိုင်ငံ ဟိမ ၀န္တာတောင်စောင်း တွေမှာ မြေပြို မှုအလားအလာရှိတဲ့နေရာတွေ တွေ့လာရတယ်လို့ နာဆာဂြိုဟ် တုတိုင်းတာချက်အရ   သိရပါ တယ်။ မြေပြိုကျနိုင်မှုအလားအ လာက Likely (ဖြစ်နိုင်ရာ)အဆင့် သာရှိသေးလို့ လောလောဆယ် သတိပေးအဆင့်ပဲပေးထားပါ တယ်။ မြေပြိုကျနိုင်မှု မြင့်လာပြီ ဆိုရင်တော နှိုးဆော်အဆင့်ကို သတိပေး သွားပါ့မယ်’’ဟု ၎င်းက ဆိုသည်။

နီပေါနိုင်ငံ ဟိမ၀န္တာတောင် ပေါ်ဒေသတွင် ကမ္ဘာကြီးပူနွေးမှု ကြောင့် ဖြစ်လာသောရေကန် ၇၀၀၀ ခန့်ရှိ နေပြီး ထိုဒေသတွင် မုတ်သုံလေဦးရောက် နေကာ မိုး ကောင်းနေသည်မှာ ရက်သတ္တ ပတ်နှစ်ပတ်ခန့်ရှိနေ ပြီဟု ဒေါက် တာထွန်းလွင်ကရှင်းပြသည်။ ဟိမ၀န္တာတောင်ပေါ်တွင် မိုး ကောင်းကာ မြေပြိုကျမှုကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ က ချင်ပြည်နယ်တွင် ရုတ်တရက် ရေ လွှမ်းမိုးမှုဖြစ်ခဲ့သည့် ဖြစ်စဉ် ၂၀၀၄ က ဖြစ်ပွားခဲ့ဖူးသည်ဟု ၎င်းကဆိုသည်။

မိုး/ဇလဌာနကလည်း  ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်း နေသောကြောင့် ကချင်ပြည် နယ်နှင့်စစ် ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်တို့ တွင် နေရာကွက်၍ မိုးကြီးနိုင် သည်ဟု သတင်းထုတ်ပြန်ထား သည်။

7Day News Journal

No comments:

Post a Comment

My Blog List