သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့မှာ နှစ်ရက်တာ ကျင်းပပြီးစီးခဲ့တဲ့ ဂျီ ၂၀ ထိပ်သီးအစည်းအဝေးက ကမ္ဘာ့စီးပွားရေးတိုး တက်မှုကို မြှင့်တင်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ အိမ်ရှင် သြစတြေးလျ ၀န်ကြီးချုပ် တိုနီအပ်ဘော့က ပြောပါတယ်။ ဂျီ ၂၀ ထိပ်သီးအစည်းအဝေးရဲ့ အိမ်ရှင်သြစတြေးလျက စီးပွားရေးကိစ္စကို အာရုံစိုက်စေချင်ပေမယ့် ယူကရိန်းအရေးနဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ကိစ္စတို့က အစည်းအဝေးမှာ လွှမ်းမိုးသွားခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးအပြီးမှာ တိုနီအပ်ဘော့က ဂျီ ၂၀ ခေါင်းဆောင်တွေဟာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ပြန် လည်သုံးသပ်ခဲ့ပြီး မှန်းတဲ့အတိုင်း ဖြစ်ခဲ့ရင် နောက်ထပ် ၅ နှစ်မှာ စီးပွားရေး ၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်မယ့် အလား အလာ ရှိတယ်လို့ ပြောပါတယ်။
ဂျီ ၂၀ အဖွဲ့ဝင် နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေးကို စတင်ဆောင်ရွက်ဖို့ ရှိပြီး နောက်နှစ်ကျရင် စွမ်းအင်ဝန်ကြီးတွေလည်း ပထမဆုံးအကြိမ် တွေ့ဆုံဖို့ ရှိတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ထိထိရောက်ရောက် ခိုင်ခိုင်မာမာ ကိုင်တွယ်ဖို့လည်း သဘောတူခဲ့ပြီး ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထောက်ခံသွားမယ်လို့ တိုနီအပ်ဘော့ က ပြောပါတယ်။
ယူကရိန်းနယ်စပ်မှာ ပစ်ချခံလိုက်ရတဲ့ MH17 လေယာဉ်ကိစ္စနဲ့ပတ်သက်လို့ လည်း သြစတြေးလျနဲ့ ရုရှားသမ္မတပူတင်တို့ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီး၊ တခြား ခေါင်းဆောင်တွေနဲ့ ပူတင်တို့ဟာ ယူကရိန်းအရေး အကြိတ်အနယ် ဆွေးနွေးခဲ့ တယ်လို့ ပြောပါတယ်။
DVB
No comments:
Post a Comment