Monday, September 08, 2014

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို နုတ်ထွက်ခိုင်း သင့်ပြီ


နိုင်ငံရေးလောကထဲမှာ အံ့သြစရာကောင်းလောက်အောင်ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်ကတော့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၄ နှစ် ကုန်ပိုင်းမှာ ကျင်းပပေးမယ်လို့ကတိပေးထားတဲ့ ကြား ဖြတ်ရွေးကောက်ပွဲကို မကျင်းပတော့ဘူးဆိုတဲ့ သတင်းပါပဲ။ စက်တင်ဘာ ၇ ရက်နေ့ ပြည်ထောင် စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး နဲ့ ရန်ကုန်က နိုင်ငံရေးပါတီ တာဝန်ရှိ သူတွေတွေ့ဆုံစဉ်မှာ သူက ခုလိုကြေညာလိုက်တာပါ။ 

ဦးတင်အေး ကတော့ ရွေးကောက်ပွဲမကျင်းပရတော့ခြင်းကို အကြောင်းပြချက် တွေနဲ့တကွ ပြောသွားပါ တယ်။ သူဘာတွေအကြောင်းပြ ပြောဆိုခဲ့သလဲ၊ ကြားဖြတ်ရွေး ကောက်ပွဲ မကျင်းပဖြစ်ရင် တိုင်းပြည် ဘာတွေထိခိုက်နစ်နာသွားနိုင်သလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဦးတင်အေး ပြောတာကတော့ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့် မဲဆန္ဒနယ်မြေ ၃၅ နေရာပဲရှိတယ်၊ ဒီ လောက်အမတ်အရည်အတွက်နဲ့တော့ လက်ရှိ လွှတ်တော်ထဲမှာ ရှိနေတဲ့ Voting Result ကို ထိခိုက်နိုင်ဖို့ မရှိဘူး၊ လွှတ်တော်ထဲမှာလည်း ဖွဲ့စည်းပုံပြင်မယ့်ကိစ္စ၊ ရွေးကောက်ပွဲစနစ်လေ့လာနေတဲ့ ကိစ္စတွေနဲ့အ လုပ်များနေတာ၊ ဒီကြားဖြတ်ရွေးကောက်ပွဲကြောင့်ထပ်ပြီး အလုပ်မများစေချင်လို့ လို့ဆိုပါတယ်။ သူ နောက်ထပ်ဆက်ပြောတာကတော့ ကြားဖြတ်ရွေးကောက်ပွဲကို အာဆီယံထိပ်သီး အစည်းအဝေးအပြီးမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ထိပ်သီးအစည်းအဝေးကို အောက်တိုဘာ လကနေ နိုဝင် ဘာကိုရွှေ့ပြောင်း ထားရတယ်၊ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ကျပ်နှစ်ဘီလီယံဝန်းကျင်ကုန်ကျမယ်၊ ဒါကြောင့် ဥက္ကဋ္ဌတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်အရ ဆုံးဖြတ်ပြီး မကျင်းပခြင်းဖြစ်တယ်လို့ ဦးတင်အေးက ပြောပါတယ်။ ပါတီတွေ အနေနဲ့လည်း သုံးနေရာ ၀င်ရောက် မယှဉ်ပြိုင်ရင် ပယ်ဖျက်ခံရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရင် ပါတီတွေအခက်အခဲဖြစ်နိုင်တယ်၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကြီးအတွက် ပြင်ဆင်စရာတွေ လည်းရှိနေတာတွေကြောင့် ကြားဖြတ်ရွေးကောက်ပွဲကြီးကို မပြုလုပ်တော့ တာလို့သူက ပြောခဲ့ပါတယ်။

ဦးတင်အေးရဲ့ ပြောစကားနဲ့ လုပ်ရပ်တွေကိုသုံးသပ်ကြည့်ရင် တိုင်းသိပြည်သိကမ္ဘာသိ ကြေညာထားပြီး သားကတိတစ်ခုကို ဖျက်လိုက်တယ်ဆိုတာပါပဲ။ အခု တွေ့ဆုံပွဲမှာလာမယ့် ၂၀၁၅ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲလုပ်ပေးဖို့ လျာထားတယ်လို့ပြောလာပြန်ပါပြီ။ ကတိမတည်တဲ့ ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင်ရဲ့လုပ်ရပ်ကို ယုံစားဖို့ အလွန်ခက်ခဲသွားပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးတင်အေးပြောတဲ့ စကား တချို့မှန်ပါတယ်။ လွှတ်တော်ထဲက Voting Result အပြောင်းအလဲမဖြစ်စေနိုင်ဘူး၊ ဒီတွက်ကျပ်ငွေ နှစ်ဘီ လီယံလောက် အကုန်အကျမခံသင့်ဘူးဆိုတာ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမဲ့ တိုင်းပြည်ကိုဒီမိုကရေစီ တံခါးဝဆီသွားဖို့ အကူးအပြောင်းကာလအတွက် ဆုံးရှုံးသွားမှာတော့ အများကြီးရှိနေပါတယ်။

တကယ်တော့လာမယ့် ကြားဖြတ်ရွေးကောက်ပွဲရလဒ်ဟာ လွှတ်တော်ထဲမှာ ဘာမှအပြောင်းအလဲ မဖြစ် စေနိုင်ဘူးဆိုတာ ဦးတင်အေးတင်မက အားလုံး သိကြတဲ့ ကိစ္စတစ်ခုပါ။ ဦးတင်အေးကိုယ်တိုင်လည်း အခု မှမဟုတ်၊ အရင်ကတည်းက သိနေတဲ့ကိစ္စပါ။ သိသိကြီးနဲ့ တစ်နှစ်ကျော်ပဲကျန်တဲ့ လွှတ်တော် သက်တမ်း အတွက် ကိုယ့်ဘာသာကိုယ်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ အခု လိုမကျင်းပတော့ဘူးလို့ဆိုတဲ့အခါ ပထမဦးဆုံးဆုံးရှုံးတာက ဦးတင်အေးနဲ့ ရွေးကောက်ပွဲကော်မရှင်အ ဆင့်ဆင့်ဟာ ရွေးကောက်ပွဲကိုဘယ်နည်းဘယ်ပုံကိုင်တွယ်မလဲဆိုတဲ့ နမူနာကို မမြင်ရတော့ခြင်းပါ။

တကယ်လို့ ရွေးကောက်ပွဲကျင်းပဖြစ်ခဲ့ရင် သူတို့အဖွဲ့ဘာလုပ်မယ်နမူနာမြင်နိုင်ပြီး ကောင်းတာတွေကို ၂၀၁၅ မှာဆက်လုပ်ဖို့ တိုက်တွန်းရမယ်၊ မကောင်းတာတွေ ကို ၂၀၁၅ မှာလုံးဝမလုပ်ဖို့ တားမြစ်ရမှာဖြစ် ပါတယ်။ အခုအဲဒီအခွင့်အရေးမရှိတော့ပါဘူး။

ဥပမာအားဖြင့် မဲဆန္ဒရှင်စာရင်းကောက်ယူမှု ဖြစ်ပါတယ်။ ရွေးကောက်ပွဲတစ်ခုအတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်းအလွန်အရေးကြီးပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ အဖွဲ့ဟာ ဒီကိစ္စနိုင်ငံရေးပါတီတွေ စစ်ဆေးလို့မရအောင် မသမာတဲ့ နည်းဥပဒေတွေ ချမှတ်ခဲ့ပြီး မှ ရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။ အခု ဦးတင်အေး ၂၀၁၅ မှာ ဘယ်လိုလုပ်မယ်မသိနိုင်တော့ပါဘူး။ နောက်တစ်ချက်ကမဲ ဆွယ်စည်းရုံးရေးဆိုင်ရာ စည်းကမ်းချက်အသစ်တွေပါ။ ဒီစည်းကမ်းချက်အသစ်တွေဟာ နိုင်ငံရေးပါတီ တွေကို ဘယ်လိုကောင်းကျိုးဆိုးပြစ် သက်ရောက်စေမယ်ဆိုတာ ကြားဖြတ်ရွေးကောက် ပွဲမှာ စမ်းသပ် ကြည့်ဖို့ ဖြစ်ပါတယ်။ အခုမစမ်းသပ်နိုင်တော့တဲ့အတွက် ၂၀၁၅ ကျရင် ဆိုးရွားနေတာတောင်ပြောဆိုလို့ မရနိုင်တော့ပါဘူး။

နောက်ထပ် အရေးကြီးတာတစ်ခုက နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို မြန်မာနိုင်ငံထဲဝင် လာပြီးစောင့်ကြည့်ခွင့် ပေးမပေးပြဿနာပါ။ ဒါကို အခုကြားဖြတ်ရွေးကောက်ပွဲမှာ ဦးတင်အေးအဖြေတစ်ခု ပေးရပါမယ်။ လုပ်လည်းလုပ်ပြရပါမယ်။ ခုလို ကြားဖြတ်ရွေးကောက်ပွဲ မရှိတော့တဲ့အခါ ဦးတင်အေး က ၂၀၁၅ မှာ နိုင်ငံတကာစောင့်ကြည့်အဖွဲ့တွေကို ပေးဝင်မလား၊ မ၀င်ဘူးလား မသိနိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၂ ရွေးကောက် ပွဲ နှစ်ကြိမ်စ လုံးကော်မရှင်ဟာ နိုင်ငံတကာလေ့လာရေးအဖွဲ့တွေကို ၀င်ခွင့် မပြုခဲ့ပါဘူး။ ၂၀၁၅ ခုနှစ်အတွက် အလွန်စိုးရိမ်စရာအခြေအနေပါ။

နောက်တစ်ခုက ၃၅ နေရာပဲဖြစ်ဖြစ်၊ ဒီထက်နည်းတဲ့ နေရာပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ထောက်ခံမှု ပေါ်လွင် လာမယ့် ကိစ္စပါ။ ပြောရရင် မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်မရောက် အဆုံးအဖြတ် ပေးမှာ ၂၀၁၅ ရွေးကောက်ပွဲပါ။ အဲဒီ ရွေးကောက်ပွဲကို ကြီးကြပ်ဖို့ သမာသမတ်မကျတဲ့၊ ကတိမ တည်မှုနဲ့ ကြိုတင်စကားဦးသန်းနေပြီဖြစ်တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးတင်အေးနဲ့အဖွဲ့က ဦးဆောင်ကျင်းပပေးမယ်ဆို တာ တိုင်းပြည်အတွက် အလွန်ရင်လေး စရာကောင်းပါတယ်။ ဖြစ်နိုင်ရင် ဦးတင်အေးနဲ့ ရွေးကောက်ပွဲ ကော်မရှင်တစ်ဖွဲ့လုံးကို နုတ်ထွက်ခိုင်းပြီး နိုင်ငံရေးပါတီအများစုကြီးက သဘောတူတဲ့ ၊ ရွေးကောက်ပွဲကို တကယ့် ဒိုင်လူကြီးသဖွယ်သမာသမတ်ကျကျ ကျင်းပပေးမယ့် ဥက္ကဋ္ဌတစ်ယောက် ခန့်အပ်နိုင်ရေးတောင်း ဆိုသင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List