Monday, October 12, 2015

ကချင်ပြည်နယ်တွင် သစ်ခိုးထုတ်မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်အပေါ် ပြည်နယ်အစိုးရကန့်ကွက်


တရားမဝင် သစ်ခိုးထုတ်လုပ်မှုများနှင့် ပတ်သက်၍ မိုး မောက်ဟောပြောပွဲ၌ ဒေါ်အောင် ဆန်းစုကြည်၏ ပြောကြားချက်များသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ကို စော်ကားခြင်းဖြစ်၍ ကန့်ကွက်ကြောင်း ကချင်ပြည်နယ်အစိုးရက ကြေညာချက်ထုတ်ပြန်သည်။

တရားမဝင် သစ်ခိုးထုတ်လုပ်နေမှုများသည် ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်း နှင့် ပူးပေါင်းပြီး လုပ်ကိုင်နေခြင်း ဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိုး မောက် လူထုဟောပြောပွဲတွင် ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့က ကန့်ကွက်ကြောင်း အောက်တို ဘာ ၉ ရက်၌ ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် ‘‘အောက်တိုဘာ ၂ ရက်မှ ၆ ရက်အထိ ကချင်ပြည်နယ် ခရီးစဉ်အတွင်း မိုးမောက်မြို့ မဲဆွယ်စည်းရုံး ဟော ပြောပွဲ၌ မြန်မာနိုင်ငံတွင်  တရုတ်နိုင်ငံသားများ သစ်ခိုးထုတ်နေ ခြင်းသည် ဒေသဆိုင်ရာ အုပ်ချုပ် ရေးပိုင်းနှင့် ပူးပေါင်းပြီး လုပ်နေ ကြခြင်း ဖြစ်နိုင်သည့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ကချင်ပြည်နယ်အ တွင်း တရုတ်နိုင်ငံသားများ၏ သစ်ခိုးထုတ်မှုများသည် တရား မဝင် ဆောင်ရွက်နေခြင်းဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်၏ ပြော ကြားချက်များသည် ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်းများကိုသာမက ကချင်ပြည်နယ် အစိုးရအဖွဲ့ကိုပါ စော်ကားခြင်း ဖြစ်ပါသည်’’ဟု ဖော်ပြထားသည်။

အောက်တိုဘာ ၆ ရက်က မိုးမောက်လူထုဟောပြောပွဲတွင် ဒေသခံတစ်ဦးက ကချင်ပြည်နယ် ၌ လူမျိုးခြားများက သစ်များကို ကားများဖြင့် ခိုးထုတ်နေမှု များအား အရေးမယူဘဲ တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်သူများ ကို အရေးယူမှုများရှိကြောင်း ဒေါ် အောင်ဆန်းစုကြည်အား ထည့် သွင်းမေးမြန်း ခဲ့ခြင်းဖြစ်သည်။

ယင်းမေးခွန်းကို ဒေါ်အောင်  ဆန်းစုကြည်က ‘‘သစ်တွေနဲ့ပတ် သက်လို့ဖြစ် ဖြစ်၊ တခြား တရား မ၀င် နိုင်ငံရဲ့ သယံဇာတပစ္စည်း တွေကို ထုတ်ပြီးတော့ ရောင်းပြီး သုံးစားတာနဲ့ ပတ်သက်လို့ပဲ ဖြစ် ဖြစ် အဲဒီဟာတွေ လုပ်တာဟာ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေနဲ့ ပင်းပြီးတော့ လုပ်ကြတယ်ဆိုတာ ပြည်သူ တွေအများကြီးသိတယ်။ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ကျွန်မတို့က အနှစ် ၃၀ အတိုက် အခံအဖွဲ့တစ်ခုအနေနဲ့ ရပ်တည် ခဲ့တာပါ။ ကျွန်မတို့ကို အမျိုးမျိုး ကန့်သတ်ဖိနှိပ်တာဟာလည်း အဲ ဒီသစ်တွေ ရောင်းတဲ့ဝယ်တဲ့ကိစ္စ နဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်မ တို့အနေနဲ့ ဒီလိုလုပ်စရာ အ ကြောင်းမရှိပါဘူး’’ ဟု ထည့်သွင်း ဖြေကြားသည်။

အဆိုပါ ပြောကြားချက် သည် တရုတ်-မြန်မာ ဆက်ဆံ ရေးကို ထိခိုက်စေ ကြောင်းနှင့် ကချင်ပြည်နယ်အတွင်း သစ်ခိုး ထုတ်မှုများသည် နယ်စပ်ဒေသရှိ စီးပွားရေးသမားများက မည် သည့် အဖွဲ့အစည်းနှင့် ဆက်စပ် ဆောင်ရွက်နေ သည်ကို ဒေသခံ များက သိရှိပြီးဖြစ်ကာ လက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပွားနေခြင်း ကြောင့် တရားဥပဒေစိုးမိုးမှုမရှိ သည့်အတွက် တရားမဝင် သစ် ခိုးထုတ်မှုများ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း ပြည်နယ်အစိုးရက ဆိုသည်။ ယင်းအတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက် များသည် ပြည်နယ်အစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ထိခိုက်စေသည့်အတွက် ကန့်ကွက်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ တာ ဝန်ရှိသူတစ်ဦးက ကြေညာချက် ထုတ်ပြန်ခြင်းမှာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များနှင့် ဆက် စပ်နယ်မြေများ၌ အုပ်ချုပ်ရေး စိုးမိုးမှု အခက်အခဲရှိသည်ကို နား လည်ရန် လိုအပ်ကြောင်း 7Day Daily အား အောက်တိုဘာ ၁၁ ရက်တွင် ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကချင်ပြည်နယ် အောင်နိုင် ရေးတာဝန်ခံ ဦးဝင်းဗိုလ်က‘‘စည်းရုံးရေးကာလမှာ ပါတီတွေ ဘာ တွေ ပုတ်ခတ်တာလည်း မပါဘူး။ ပြောသွားတဲ့အထဲမှာ ကျွန်တော် တို့ဆီတော့ အကြောင်းကြားစာ လည်း မရောက်ပါဘူး။ ကြေညာ ချက်ထုတ်တယ်တော့ သိရပါ တယ်’’ဟု ဆိုသည်။

စက်တင်ဘာ တတိယပတ် က ထုတ်ပြန်ခဲ့သော လန်ဒန်မြို့ အခြေစိုက် ပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေး ရေးအေဂျင်စီ (EIA) အစီရင်ခံစာ တွင် တရုတ်နိုင်ငံသို့ မှောင်ခိုတင် သွင်းသောသစ်များသည် ကေ အိုင်အိုထိန်းချုပ်နယ်မြေ၊ အစိုးရ နှင့် စစ်တပ်ထိန်းချုပ်နယ်မြေများ မှ လာရောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

EIA က သစ်မှောင်ခိုဂိုဏ်း များသည် ကေအိုင်အို၊ မြန်မာ အစိုးရနှင့် စစ်တပ်၊ တရုတ်ဒေသ တွင်း အရာရှိများ ပါဝင်သည့် အ  သေးစား ရှုပ်ထွေးသော အဆက် အသွယ်များကို အသုံးပြုပြီး မြန် မာနိုင်ငံမှ သစ်များကို နယ်စပ်မှ ပြဿနာမရှိဘဲ ဖြတ်ကျော်နိုင် အောင် ဆောင်ရွက်ကြကြောင်း ပြောကြားထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ထုတ်ပြန်သော ကမ္ဘာ့သစ် တောပြုန်းတီးမှု အများဆုံးနိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံသည် အဆင့်(၃)နေရာ၌ ရပ်တည် နေသည်။

7Day News Journal

No comments:

Post a Comment

My Blog List