Tuesday, October 13, 2015

ဗုံးဖောက်ခွဲမှုကို IS လုပ်တာလို့ တူရကီပြော


စနေနေ့တုန်းက တူရကီနိုင်ငံရဲ့မြို့တော် Ankara မှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲ မှုကို IS အဖွဲ့က လုပ်တာ ဖြစ်မယ်လို့ တူရကီ ဝန်ကြီးချုပ် Ahmet Davutoglu က ပြောပါတယ်။ အဲဒီ ဖြစ်ရပ်ကြောင့် လူပေါင်း ၉၇ ဦး သေဆုံးရတယ်လို့လည်း တူရကီ အစိုးရက ပြောပါတယ်။ လူနှစ်ယောက်က အသေခံဗုံးခွဲတာ လို့လည်း တူရကီ အစိုးရက အတိအကျ ပြောဆိုလိုက်ပါတယ်။

အသေခံ ဗုံးဖောက်ခွဲသူ တစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်ကိုလည်း သိဖို့ နီးလာပြီလို့ ပြောပါတယ်၊ အဲဒီနောက် အဲဒီ ဗုံးဖောက်ခွဲတဲ့ လူတွေက ဘယ်သူ ဖြစ်မလဲ ဆိုတာ သိနိုင်တယ်လို့ ဆိုပါတယ်။

IS ကိုပဲ တူရကီက သံသယ ဖြစ်နေတာ မဟုတ်ပဲ တရားမဝင် အသင်း ကြေညာထားတဲ့ Kurdistan Worker's Party PKK နဲ့ လက်ဝဲစွန်းအဖြစ်ဖြစ် တဲ့ DHKP-C ကိုလည်း သံသယဖြစ်တယ်လို့ ဆိုပါတယ်။

Kurdish လူမျိုးစုတွေကို ထောက်ခံတဲ့ ဆန္ဒပြပွဲအတွင်း ဗုံးပေါက်ကွဲခဲ့တဲ့ အတွက် ဆန္ဒပြသူတွေ အများဆုံး သေဆုံးခဲ့ရပြီး ဆန္ဒပြသူတွေကတော့ သေဆုံးသူ ၁၀၀ ကျော်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဆန္ဒပြသူတွေက ဒီဗုံးဖောက်ခွဲမှုကို တူရကီ အစိုးရက လုပ်နိုင်တယ် လို့လည်း ပြောပါတယ်။

Kurdish လူမျိုးစုတွေနဲ့ တူရကီ အစိုးရကြား တင်းမာမှုတွေ ရှိပေမယ့် တူရကီ အစိုးရကတော့ အကြမ်းဖက်မှု မလုပ်ရဘူးလို့ ပြောဆိုထားပါတယ်။

ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေမယ့်လည်း နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကိုတော့ မဖြစ်ဖြစ်အောင် ကျင်းပမယ်လို့ တူရကီ အစိုးရက ပြောပါတယ်။


ABC

No comments:

Post a Comment

My Blog List