Monday, October 12, 2015

ရေဘေးပြန်လည်ထူထောင်ရေး တောက်ပသော ငွေကြယ်ပွင့်လေးများ အဖွဲ့ဝင် ကလေးငယ်များ ပြည်မြို့တွင် ဖျော်ဖြေပြီး အလှူခံ


ရေဘေးသင့်ဒေသများ ပြန် လည်ထူထောင်ရန် တောက်ပသော ငွေကြယ်ပွင့် လေးများအဖွဲ့မှ ကလေးငယ်များက ပြည်မြို့တွင် အောက်တိုဘာ ၁၁ ရက်၌ လာရောက်ဖျော်ဖြေအလှူခံခဲ့သည်။ ကြယ်လေးတွေရဲ့ ကမ္ဘာအ စီအစဉ်၊ ဆိုပျော်အစီအစဉ်၊ ဂီတ တံခါးလေးဖွင့် ပါဦး အစီအစဉ်၊ မှ ဆုရကလေးငယ် ၁၀ ဦးပါဝင် သည့် တောက်ပသော ငွေကြယ် ပွင့်လေးများအဖွဲ့သည် အကများ၊ သီချင်းများဖြင့် ပြည်မြို့လူစည် ကားရာ နေရာများ၌ နံနက် ၉ နာရီမှ ညအထိ ဖျော်ဖြေခဲ့ရာ ပြည်ဒေသခံများ နှစ်ခြိုက် သဘောကျခဲ့သည်။

တောက်ပသော ငွေကြယ်ပွင့်လေးများအဖွဲ့တွင် စောဂျွန်၊ ဇေယျာလင်း၊ဒင်ထားရီ၊ အိမ့် ပြည်ပြည်မိုး၊ နိုနိုဝင်း ချွန်၊ မေမြတ် နိုးခိုင်၊ အိဝေဖူးချို၊ စံရတီထက်၊ မြင့်မြတ်သူ၊ မေသူကျော်တို့ ပါဝင်သီဆိုဖျော်ဖြေပေးခဲ့ကြသည်။

‘‘အဓိကက ရေဘေးသင့် ဒေသ ပြန်လည်ထူထောင်ရေးတွေ မှာ လိုအပ်နေ တဲ့ ကျန်းမာရေးအ တွက်၊ တောင်သူလယ်သမားတွေ လိုအပ်နေတဲ့ ပြန်စိုက်ပျိုးနိုင်မယ့် အကူအညီတွေကို ဒီဒေသဘက် က ရတဲ့အလှူငွေတွေ ပူးပေါင်းပြီး သွားရောက်လှူဒါန်းမှာ ဖြစ်ပါ တယ်’’ဟု ဖျော်ဖြေပွဲစီစဉ်သူ ကိုအောင်ချမ်းသာက ပြောသည်။

ပြည်မြို့တွင် အလှူခံခြင်း ကို တောက်ပသော ငွေကြယ်ပွင့် လေးများအဖွဲ့နှင့် ကရုဏာလက်များအဖွဲ့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ အဖွဲ့ သည် သထုံမြို့၊ ဘားအံ မြို့၊ ဆွာမြို့များတွင် သွားရောက်ဖျော်ဖြေခဲ့ကြပြီး ယခုပြည်မြို့သို့ လာရောက်ဖျော်ဖြေခြင်း ဖြစ်သည်။ ယခင် အလှူခံရရှိသော အလှူငွေများကို ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ကျေးရွာများ ပြန်လည်ထူထောင်ရေး အတွက်သွားရောက်လှူဒါန်းခဲ့ပြီး ပြည်မြို့မှ ရရှိသည့် အလှူငွေများကိုလည်း အဆိုပါဒေသများသို့ လှူဒါန်းရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List