Tuesday, October 13, 2015

ဒီချုပ်မဲဆွယ်စည်းရုံးမှုများ နိုဝင်ဘာ ၅ ရက်တွင် ရပ်နားရမည်ဟု ပါတီ ညွှန်ကြား



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စား လှယ်လောင်းများ မဲဆွယ်စည်းရုံး မှုအားလုံးကို လာမည့်နိုဝင်ဘာ ၅ ရက်တွင် ရပ်နားရမည်ဖြစ်ကြောင်းပါတီဗဟိုက အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ညွှန်ကြားချက်တစ် စောင်ထုတ်ပြန်သည်ဟု သတင်းရရှိသည်။ညွှန်ကြားချက်တွင် နိုဝင် ဘာ ၅ ရက်၌ စတင်ရပ်နားရ မည်ဖြစ်ကာ မဲဆွယ်စည်းရုံးရေး တွင် အသုံးပြုခဲ့သည့် ဆိုင်းဘုတ်၊ ပိုစတာ၊ ဗီနိုင်းနှင့် အဖွဲ့ချုပ် မဲ ဆွယ်ခြင်းနှင့် ပတ်သက်သော ပစ္စည်းများကို နိုဝင်ဘာ ၆ ရက် တွင် အပြီးဖြုတ်သိမ်းကြရန်ပါရှိ သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် လောင်းများ မဲဆွယ်စည်းရုံးမှု ရပ် နားမည့် ရက်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ မဲ ဆွယ်စည်းရုံးခွင့်သတ်မှတ်ထား သည့် နောက်ဆုံးရက်ထက် တစ် ရက်စောနေကြောင်း တွေ့ရသည်။‘‘မဲဆွယ်ဖို့ကို ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ခွင့်ပြုထားတယ်။ ဒါပေမဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ဖို့ အချိန်ရှိတော့ တစ်ရက်ကြိုပြီး အ ချိန်ယူလိုက်တာ။ အဲဒီလိုမှ မလုပ် ရင် ၆ ရက်နေ့ မဲသွားဆွယ်ပြီး အချိန်မီ ပြန်မရောက်လို့ ခုနက ဆိုင်းဘုတ်တွေမဖြုတ်နိုင်ဘူးဆို ရင် ကော်မရှင်ရဲ့ ညွှန်ကြားချက်မလိုက်နာဘူးဆိုပြီး တိုင်တာတောတာတွေရှိလာနိုင်လို့’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်တွင် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာလုပ်ငန်းများကို နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ လုပ်ဆောင်နိုင်ကြောင်း ဖော်ပြထားသည်ဟု ဦးဝင်းမြင့်က ဆို သည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကို ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်မှ ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာ ၆ ရက်ထိ ရက်ပေါင်း ၆၀ ကို မဲဆွယ်စည်းရုံးရေးကာလအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည်။

ဒီချုပ်ပါတီဝင်များ စည်းရုံးမဲဆွယ်နေစဉ် (ဓာတ်ပုံ − နစ်ကီ)
7Day Daily


No comments:

Post a Comment

My Blog List