Monday, October 12, 2015

ဝန်ထမ်းများ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ကို ဖိအားပေးလျှင် ကာကွယ်ပေး မည်ဟု ဒီချုပ်ကိုယ်စားလှယ်လောင်းများပြော


ဝန်ထမ်းများအပေါ်  လွတ်လပ်စွာ မဲပေးပိုင်ခွင့်ကို ဖိအား ပေးမှုများကို တိုင်ကြားလျှင် ပါတီက မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးမည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ် တော်ကိုယ်စားလှယ်လောင်း များက မဲဆွယ်ရာတွင် ပြောကြား သည်။

ဒီချုပ်ပါတီမှ မင်္ဂလာတောင် ညွန့်မြို့နယ်တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများက  ရထားဝန်ထမ်းများနေထိုင်သည့် မင်္ဂလာတောင်ညွန့် မီးရထားရပ် ကွက်၌ အောက်တိုဘာ ၁၁ရက် က မဲဆွယ်စည်းရုံးဟောပြော စဉ် အထက်ပါအတိုင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

‘‘အချို့နေရာတွေမှာ ၀န်ထမ်းတွေကို ခြိမ်းခြောက်တာရှိ တယ်။ဘယ်ပါတီကို မဲပေးခဲ့ရင် တော့ အလုပ်ပြုတ်သွားနိုင်တယ်။ ဘာဖြစ်သွားနိုင်တယ်စသည် ဖြင့် ပြောတယ်။ အိမ်တွေမှာ သန်း ခေါင် စာရင်းတွေ ကြိုကောက် တယ်။ ဒါတွေက အလကားဟန် ဆောင်လုပ်နေတာ’’ ဟု ရန်ကုန် တိုင်းဒေသ ကြီး လွှတ်တော်မဲဆန္ဒ နယ်အမှတ်(၁)လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးလှဌေးက ပြောသည်။

ဝန်ထမ်းများအားခြိမ်းခြောက် ဖိအားပေးမှုများကို ဒီချုပ်ပါတီက မားမားမတ် မတ်ရပ်၍ ကာကွယ် ပေးသွားမည်ဖြစ်ကြောင်း၊ ရွေး ကောက်ပွဲဥပဒေအရ လွတ်လပ် စွာမဲပေးပိုင်ခွင့်ကို ခြိမ်းခြောက် နှောင့်ယှက်လျှင် ထောင်ဒဏ်အ ထိ ကျခံရနိုင်ကြောင်း ၎င်းကပြော သည်။

‘‘ဒီမှာရှိတဲ့ ၀န်ထမ်းတွေ တော်တော်များများ ပြီးခဲ့တဲ့ရက် ပိုင်းက ခံစားရမှာ ပါ။ နေပြည် တော်က တောင်းတယ်ဆိုပြီး မဲစာ ရင်းနံပါတ်တွေတောင်းသွား တယ်။ ဒါကြောင့် ကျွန်မတို့ကို အ ကြောင်းကြားလို့ လုပ်စရာရှိတာ လုပ်လိုက် ရတယ်။ ၀န်ထမ်းတွေ ကလည်း ဒါဟာ မတရားဘူး၊ လက်မခံဘူးလို့ ထင်ကြတဲ့ အ တွက် အားရပါတယ်’’ဟု မင်္ဂလာ တောင်ညွန့်မြို့နယ်ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်လောင်းဒေါ် ဖြူဖြူသင်းက ပြောသည်။

ယင်းကဲ့သို့ ၀န်ထမ်းများ၏ မဲစာရင်းနံပါတ်များတောင်းခြင်း သည် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲဖြစ်ရန် သံသ ယဖြစ်စရာဟု ဒေါ်ဖြူဖြူသင်းကပြောသည်။

မိမိတို့၏ မဲစာရင်းနံပါတ် များတောင်းယူလျှင်လည်း မည် သည့်ပါတီမဲပေး သည်ကို မသိနိုင်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲပေးသည့်စနစ်ကို သေချာစွာမသိသည့်ဝန်ထမ်းများကိုသာ ကြောက်သွားမည်အထင်ဖြင့် ခြိမ်းခြောက်ခြင်းဖြစ်နိုင်ကြောင်း အဆိုပါရပ်ကွက်မီးရထားဝန်ထမ်းတစ်ဦး ကဆိုသည်။

7Day News Journal

No comments:

Post a Comment

My Blog List