Monday, October 12, 2015

နိုင်ငံလုံးချီအပစ်ရပ်စာချုပ်တွင် လက်နက်ကိုင်တပ်ဖွဲ့ အားလုံးဝင် ပါဝင် မှ အသိ သက်သေ အဖြစ်လက်မှတ်ထိုးလိုဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး စုံညီစွာ ပါဝင်မှ ယင်းစာချုပ်တွင် အသိသက်သေ လက်မှတ်ရေးထိုးလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

အောက်တိုဘာ ၁၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးဒေသတွင် ရွေးကောက်ပွဲ အောင် နိုင်ရေး မိန့်ခွန်း ပြောကြားပြီးနောက် ပြည်သူလူထု နှင့် အမေးအဖြေ ကဏ္ဍတွင် ၎င်းကယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

“ဒီအပစ်အခတ်ရပ်စဲရေး စာချုပ်ကို ကျွန်မတို့ သက်သေလက်မှတ်ထိုးဖို့ကတော့ တိုင်းရင်းသားတွေအားလုံး စုံစုံ ညီ ညီပါစေချင်ပါတယ်၊ စုံစုံညီညီပါတဲ့အခါမှ ကျွန်မတို့ ထိုးသင့်ပါတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ် ကျွန်မတို့ က မစုံညီဘဲနဲ့ လက်မှတ်ထိုးလိုက်ရင် တိုင်းရင်းသားတွေကြားမှာ စိတ်ဝမ်းကွဲအောင် လုပ်သလို ဖြစ်သွားမလားလို့ ကျွန်မတို့ စိုးရိမ်မှုတွေရှိပါတယ်၊ ဒါကြောင့် အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်တာကို ကျွန်မတို့ ကြိုဆိုပါတယ်၊ ဒါပေမဲ့ အပြည့်အဝ ဖြစ်မြောက်သည်အထိ ကျွန်မတို့ စောင့်ပြီးတော့မှ ပါဝင်ချင်ပါတယ်” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့ရှိသော်လည်း အားလုံးပါဝင်လက်မှတ်ထိုးနိုင်ရေးမူကို အစိုးရ လက်မခံ သော ကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ စာချုပ် တွင် အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ကသာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့အစည်းများထံမှသိရသည်။

အဆိုပါ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလ ၁၅ ရက် နေ့ နေပြည်တော်ကောင်စီနယ်မြေတွင် ပြုလုပ်မည်ဖြစ်ပြီး ပြည်တွင်းအသိသက်သေ အဖြစ် ပါဝင်လက်မှတ်ရေးထိုးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ရှမ်း တိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့ကို ဖိတ်ကြားရန် အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား သဘောတူညီထားသည်။

သို့သော်လည်း အဆိုပါ လက်မှတ်ထိုးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် ခရီးစဉ်ရှိသောကြောင့် တက်ရောက်မည်မဟုတ်ဘဲ ပါတီ ဗဟိုအလုပ်အမှုဆောင် တစ်ဦးကို ကိုယ်စားလှယ်အဖြစ် စေလွှတ် မည်ဖြစ်ကြောင်း NLD ပါတီထံမှသိရသည်။

ထို့အပြင် SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကလည်း မဲဆွယ်စည်းရုံးရေးခရီးစဉ်များကြောင့် အဆိုပါပွဲသို့ တက်ရောက် နိုင်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List