Wednesday, October 14, 2015

အနီရောင်တီရှပ် ကျပ်သိန်း ၆,၀၀၀ ကျော်ဖိုး ၀ယ်ယူသည့်သတင်း မမှန်နိုင်ကြောင်း ဈေးကွက်အတွင်း အထည်ဆိုင်များဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေး အတွက် ပါဝင်ကူညီခဲ့သည့် အနှေးယာဉ်နှင့် ယာဉ်မောင်းများဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပျံ့နှံ့နေသည့် မင်္ဂလာဈေးမှ တီရှပ်အနီရောင် ကျပ်သိန်း ၆,၀၀၀  ကျော်ဖိုး ၀ယ်ယူသွားသည့်သတင်းမှာ မဟုတ်မှန်နိုင်ကြောင်း အဆိုပါဈေးရှိ တီရှပ်လက်ကားဆိုင်ကြီးများမှ သတင်းရရှိသည်။

ရွေးကောက်ပွဲနီးကပ်လာ ချိန်တွင် အဓိကအတိုက်အခံပါတီ ကြီးဖြစ်သည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၏ ပါတီဝတ်စုံနှင့် အ ရောင်တူညီသည့် အနီရောင်တီ ရှပ်များကို အများအပြားဝယ်ယူ သည့် သတင်းပျံ့နှံ့လာခြင်း ဖြစ် သည်။

 အဆိုပါ သတင်းကြောင့် ရွေးကောက်ပွဲနေ့တွင် တီရှပ်များ ပေါ်၌ ဒီချုပ်တံဆိပ်များရိုက်နှိပ်ဝတ်ဆင်ပြီး ရွေးကောက်ပွဲဥပဒေ နှင့် မညီသည့်အရာများပြုလုပ် မည်ကို စိုးရိမ်မှုများရှိနေသည်။

‘‘အဲဒီသတင်းကို ကျွန်တော် မကြားပါဘူး။ အဲဒီလိုလာဝယ် တာလည်း မရှိပါဘူး’’ဟု မင်္ဂလာဈေး (ရွှေပြည့်စုံဈေး) မြေညီထပ်ရှိ တီ ရှပ်အင်္ကျီလက်ကားအရောင်း ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အထက်ပါတီရှပ်များဝယ် ယူသည့်သတင်းကို NLD အောင် နိုင်ရေး Online လှုပ်ရှားမှုဆိုသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာက ‘‘မင်္ဂ လာဈေးကနေ တီရှပ်အနီ သိန်း ၆,၀၀၀ ကျော်ဖိုး ၀ယ်သွားတယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်ကနေ ရထားပါတယ်။ သံသယဖြစ်ဖွယ်ဖြစ်နေလို့ မင်္ဂလာဈေးသူဈေး သားများက ဒီသတင်းကို ပေးကြ တာပါ။ ရွေးကောက်ပွဲနေ့ကျရင် မသမာသူတွေက NLD တီရှပ်တွေဝတ်ပြီး မဲရုံအတွင်း အနှောင့်အ ယှက်လုပ်ငန်းတွေ NLD ကလုပ် နေသယောင်လုပ်ကြမှာကို စိုးရိမ် မိပါတယ်’’ဟု ရေးသားခဲ့ခြင်း ဖြစ် သည်။

မင်္ဂလာဈေး (ရွှေပြည့်စုံဈေး)ဒုတိယထပ်ရှိ အားကစားဝတ်စုံ တီရှပ်များရောင်းချသည့် ဆိုင်ပိုင် ရှင်အမျိုးသမီးက ‘‘သိန်း ၆,၀၀၀ ဖိုးဆိုတဲ့ပမာဏက များလွန်းတယ်။ ဒီကဆိုင်တွေက လာဝယ်တာတော့ မဖြစ်နိုင်ဘူး။ ဒီမှာက ဆိုင်တစ်ဆိုင်မှာ တီရှပ်အများဆုံး ၅၀၀ လောက်ပဲရှိတယ်။ အော်ဒါမှာမယ်ဆိုရင်လည်း စက်ရုံတွေက တိုက်ရိုက်မှာလို့ရနေတာပဲ။ အထည်ချုပ်စက်ရုံတွေကပဲ အဲဒီ လောက်များများအော်ဒါပေးနိုင် မယ်’’ဟု ပြောသည်။

တံဆိပ် မရိုက်နှိပ်ရသေး သည့် တီရှပ်တစ်ထည်လျှင် တစ် ထောင်ကျပ်ခန့်သာ ရှိသည့်အ တွက် သိန်း ၆,၀၀၀ ဖိုးမှာ အထည်ပေါင်း ခြောက်သိန်းခန့်အထိ ရှိနေကြောင်း၊ ယခုရက်ပိုင်း အတွင်း ယင်းပမာဏ လာဝယ်ခြင်းကို မကြားမိကြောင်း ၎င်းက ပြောသည်။

မင်္ဂလာဈေးအတွင်း ကျပ်သိန်း ၆,၀၀၀ ဖိုးခန့် အထိ တီရှပ်များရောင်းချနိုင်သည့် ဆိုင်ကြီးများမရှိကြောင်း၊ ၀ယ်ယူသည့် သတင်းမှန်လျှင် စက်မှုဇုန်များနှင့် အ၀တ်အထည်ဂိုဒေါင်များမှ ၀ယ်ယူခြင်းသာဖြစ်နိုင်ကြောင်း မင်္ဂလာဈေးရှိ စည်ပင်သာယာဈေးများ ဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောကြားသည်။

မင်္ဂလာဈေးတွင် တီရှပ်များ ကို သိန်း ၆,၀၀၀ ကျော်ဖိုး ၀ယ်ယူသည့် သတင်း ကြားရသော် လည်း ကပ်လျက်ရှိသော ယုဇနပလာဇာတွင်မူ လာရောက်ဝယ်ယူ သည့် သတင်းမကြားရကြောင်း တီရှပ်တစ်မျိုးအား သိန်း ၆,၀၀၀ ကျော်ဖိုးကို ဆိုင်များတွင် ၀ယ်ယူ ရန်မဖြစ်နိုင်ကြောင်း ယုဇနပလာ ဇာမှ ရှပ်အင်္ကျီ (ဒီဇိုင်းနှင့် ပြောင်) အမျိုးမျိုးရောင်းဝယ်ရေးနှင့် ၀န် ထမ်းများအတွက် သီးသန့်ယူနီ ဖောင်းများ ချုပ်လုပ်ရိုက်နှိပ်ပေး သည့် BFC အထည်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘သတင်းတွေတော့ ကြားပါ တယ်။ ကျွန်တော်တို့ကိုလည်း လာပြောကြတဲ့သူတွေရှိတယ်။ ဒါပေ မဲ့ ဒီသတင်းရဲ့ ခိုင်မာမှုက တိတိကျကျပြောလို့မရဘူးဖြစ်နေတယ်။ ကျွန်တော်တို့ ဒီသတင်းကို ဆက် ပြီး နားစွင့်နေရတာပေါ့’’ဟု NLD ပါတီမှ မင်္ဂလာတောင်ညွန့်မြို့ နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)မှ ကိုယ်စားလှယ်လောင်း ဦးရန်အောင်က ပြောသည်။

NLD ပါတီမှ မင်္ဂလာတောင် ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက လည်း အ၀တ်အထည်အရောင်း ဆိုင်များတွင် ယင်းပမာဏ၀ယ်ယူ ရန်မှာ မဖြစ်နိုင်ကြောင်း၊ စက်ရုံ များမှသာ စာချုပ်ချုပ်ပြီး ၀ယ်ယူ ရမည့် ပမာဏဖြစ်ကြောင်း၊ ၎င်း တို့ကိုယ်တိုင်ပင် တီရှပ်အင်္ကျီအနီ ၅၀၀ ခန့်ရရှိရန် ခက်ခဲနေကြောင်း ပြောသည်။

‘‘ဒီသတင်းအပေါ်မှာ သံသ ယရှိတယ်။ အဲဒီသတင်းမဟုတ်ခဲ့ ရင်လည်း ပြဿနာရှိနိုင်သလို တ ခြားပါတီက တကယ်လို့ ၀ယ်ယူ ခဲ့ရင်လည်း အန္တရာယ်ရှိနိုင်ပါ တယ်။ ဒီသတင်းက အမှန်ဟုတ်၊ မဟုတ် သေချာသိဖို့ လိုတယ်။ ဆိုရှယ်မီဒီယာမှာပဲ အဲဒီသတင်း က ပြန့်နေတာပါ’’ဟု ဒေါ်ဖြူဖြူ သင်းက ပြောသည်။

တီရှပ်များဝယ်ယူသည့် သ တင်းကို မင်္ဂလာတောင်ညွန့်မြို့ နယ်ရဲစခန်းမှ နယ်ထိန်းတစ်ဦးက လည်း အောက်တိုဘာ ၁၀ ရက်ကလာရောက်စုံစမ်းခဲ့ကြောင်း ဈေး များ ဌာနက ပြောကြားခဲ့သော်လည်း ရဲစခန်းကမူ စုံစမ်းရန် အထက်က ညွှန်ကြားချက်မရှိသေးကြောင်းနှင့် သွားရောက်စုံစမ်းခြင်းလည်း မရှိသေးကြောင်း ငြင်းဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ NLD ပါတီဗဟိုပြန်ကြားရေး တာဝန်ခံ ဦးကြည်တိုးက မည်သည့် မှတ်ချက်မျှမပေးလိုကြောင်း ပြောသည်။

ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲနေ့တွင် ပါတီတစ်ခု မှ မဲဆွယ်ခြင်း၊ အလံများ၊ စတစ်ကာများကိုင်ဆောင်ခြင်း၊ မဲရုံသို့ ပါတီဝတ်စုံများဖြင့် သွားရောက် ခြင်း၊ မဲပေးခြင်းများပြုလုပ်လျှင် အရေးယူနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List