Wednesday, October 14, 2015

သာယာဝတီအကျဉ်းထောင်ရှိ သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများ ကြိုတင်မဲပေးမည်


သာယာဝတီအ ကျဉ်းထောင်တွင် ဖမ်းဆီးခံထားရ သော သပိတ်မှောက် ကျောင်းသား နှင့် ၀န်းရံပြည်သူများအနက် ထက်ဝက်ကျော်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသည့်စနစ်ဖြင့် မဲပေးရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ကြိုတင်မဲစနစ်ဖြင့်မဲပေးနိုင်ပြီး မဲပေးလိုပါက ပုံစံ ၁၅ဖြည့်သွင်းရန်နှင့် မဲမပေးလိုသူ များသည် မဲမပေးလိုကြောင်း ရေး သားထားသည့် စာရွက်တွင် လက် ဗွေနှိပ်၍ လက်မှတ်ရေးထိုးရန် သာယာဝတီအကျဉ်းထောင် တာဝန်ရှိသူများက သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများအား အောက်တိုဘာ ၇ ရက်တွင် လာ ရောက်ပြောဆိုခဲ့သည်။

‘‘ထောင်အာဏာပိုင်က ကြို တင်မဲပေးချင်တဲ့သူတွေ စာရင်း ပေးဖို့ ပြီးခဲ့တဲ့ တစ်ပတ်က လာ တောင်းတယ်။ မပေးချင်တဲ့သူ တွေက မဲပေးဖို့အစီအစဉ် မရှိဘူး ဆိုတာကို လက်ဗွေနှိပ်ပြီး လက် မှတ်ထိုးပေးရတယ်။ ကျောင်းသား ငါးဆယ်ကျော်ထဲက သုံးဆယ် ကျော်က ကြိုတင်မဲပေးဖို့ စာရင်း ပေးထား တယ်။ ကိုယ့်အခွင့်အ ရေးဆုံးရှုံးမှာစိုးတဲ့အတွက် မဲပေး ဖို့စီစဉ်ပါတယ်။ ကျွန်တော့်မြို့ နယ်မှာပဲ ဒီချုပ်ကို သုံးနေရာစလုံးမှာ ထည့်မယ်’’ဟု ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောသည်။

သာယာဝတီအကျဉ်းထောင် ရှိ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲကော် မရှင်ကို အယုံအကြည်မရှိ သောကြောင့် ကြိုတင်မဲပေးသည့် စနစ်ဖြင့် မဲပေးရန် ကျောင်းသား နှင့် ၀န်းရံပြည်သူအချို့က ငြင်း ဆန်ခဲ့ကြသည်။

‘‘အဓိကကြိုတင်မဲဖြစ်တာ လည်း ပါတယ်။ ပြည်သူလူထုမဲ ပေးဖို့ကိုပဲ ထောက်ခံတယ်။ ကျွန် မတို့တိုင်းပြည်အတွက် ပြည်သူ တွေပါဝင်နိုင်တဲ့ နည်းလမ်းတစ်ခု အနေနဲ့ မဲပေးသင့်တယ်။ ကျွန်မ တစ်ဦးတည်းအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အယုံအကြည်မရှိဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ကြိုးစားကြတာက အခက်ခဲတွေနဲ့ ကြုံရမယ်လို့ မြင်တဲ့တွက်ကျွန်မမဲမပေးပါဘူး’’ဟု ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ကပြောသည်။

သပိတ်မှောက်ကျောင်း သားနှင့် ၀န်းရံပြည်သူများကို သာယာဝတီမြို့နယ် တရားရုံး၌ အောက်တိုဘာ ၁၃ ရက်က ရုံးထုတ်စစ် ဆေးရာ သက်သေခံ အဖြစ် သိမ်း ဆည်းထားသည့် မော်တော်ယာဉ် ကို အာမခံအဖြစ် ပြန်လည် ရယူ လိုသောကြောင့် ပဲခူးတိုင်းဒေသ ကြီး တရားလွှတ်တော်သို့ တင်ပြ ထားသည့်အတွက် ၎င်းတို့၏ အမှု တွဲမှာ သာယာဝတီမြို့နယ်တရား ရုံးတွင် မရှိသောကြောင့် အမှုဆက်လက်စစ်ဆေးခြင်းမရှိဘဲ အောက် တိုဘာ ၂၀ ရက်သို့ ရုံးချိန်းထပ်မံ ချိန်းဆိုခဲ့သည်။

သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများအား ရုံးထုတ်စစ်ဆေး သည့် သာယာဝတီမြို့ နယ်တရားရုံးသို့ ဗြိတိသျှသံရုံးမှ မစ်ရှဲလ်အင်ကင်ဆန် ပါဝင်သည့် အဖွဲ့က လာရောက်လေ့လာခဲ့ကြ ပြီး သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများအား တွေ့ ဆုံမေးမြန်းခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List