Monday, October 12, 2015

ချစ်သူတွေ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်တဲ့ ထွန်းထွန်းနဲ့ ရွှေမှုံရတီ


လူမှုကွန်ရက်စာမျက်နှာတွင် နှစ်ယောက်အတူ တွဲရိုက်ထားသော ဓာတ်ပုံကိုတင်၍ ချစ်သူဖြစ်နေသည်ဟု ပြောကြားမှုများနှင့်ပတ်သက်၍ ကာယကံရှင်များဖြစ်သည့် ထွန်းထွန်းနှင့် ရွှေမှုံ ရတီတို့က မဟုတ်မှန်ကြောင်း အသီးသီး ငြင်းဆိုခဲ့သည်။

‘‘အမှန်က ကျွန်တော်နဲ့ အနု ပညာရှင်တော်တော်များများ ခရီး ပဲသွားသွား တွေ့ရင်အမြဲဆယ်လ် ဖီရိုက်ပါတယ်။ အဲဒါကို အင် စတာဂရမ်မှာလည်း တင်တယ်။ ဖေ့စ်ဘွတ်ခ်မှာလည်း တင်တယ်။ အဲဒီ အင်စတာဂရမ်မှာ ကျွန်တော် နဲ့ ရွှေမှုံရတီရိုက်ထားတဲ့ပုံတွေကို ကွက်ကူးပြီး သို့လောသို့လော ဖြစ် အောင်လုပ်တဲ့ သဘောပါ။ အချိန် က စကားပြောသွားပါလိမ့်မယ်’’ ဟု ထွန်းထွန်းက ပြောသည်။

လက်ရှိတွင် ချစ်သူရှိသော် လည်း မည်သူဖြစ်သည်ကို မဖြေကြားလိုသေးဘဲ ပြောပြနိုင်သည့် အချိန်ရောက်မှသာ ပရိသတ်ရှေ့ သို့ လက်ဆွဲခေါ်ဆောင် လာမည်ဟု ၎င်းက ဆိုသည်။

‘‘အရင်ကတော့ ငယ်သေးတော့ ငယ်တဲ့စိတ်နဲ့ အသိပေးခဲ့တယ်။ အဆင်မပြေ ခဲ့ဘူး။ အခု ကျတော့ အဆင်မပြေဘူး။ ပြေတယ်ဆိုတာထက် အသိမပေး ရမယ့် အရွယ်လေးကို ရောက်လာလို့ပါ။ ကျွန်တော်နဲ့ပတ်သက်နေတဲ့ မိန်းကလေးအတွက်လည်းပါသလို ကျွန်တော့်အတွက်လည်း ပါပါတယ်’’ဟု အချစ်ရေးသတင်းများ ထုတ်ဖော်ပြောကြားမှုနှင့်ပတ် သက်၍ ထွန်းထွန်း က ပြောသည်။

ထို့အတူ ရွှေမှုံရတီကလည်း ‘‘အဲဒီကိစ္စကလည်း လူတိုင်းနဲ့ ဆယ်လ်ဖီရိုက် တယ်လို့ပဲ ပြောရ မှာပေါ့။ ပရိသတ်ထဲက ကောင် လေးတစ်ယောက်နဲ့ ရိုက်ထားရင် ကော ညီမရည်းစားလို့ မေးရမှာ ပေါ့။ ညီမ မဖြေရှင်းပါဘူး။ စိတ် လည်းမဝင်စားပါဘူး။ အနုပညာ မောင်နှမတွေဆိုတော့ သူလည်း စိတ်မဆိုးဘူး။ ကိုယ်လည်း စိတ် မဆိုးဘူး’’ဟု ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List