Wednesday, October 14, 2015

ယူကရိန်းသူပုန်ရှိတဲ့ နေရာကနေ MH17 လေယာဉ် ပစ်ချခံရ


မလေးရှားလေကြောင်းလိုင်းပိုင် MH 17 လေယာဉ်ဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဘက်ကနေ ပစ်ခတ်ခဲ့တဲ့ ရုရှားနိုင်ငံထုတ် ဒုံးကျဉ်ကြောင့် ပျက်ကျခဲ့ရတာလို့ နယ်သာလန်စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ယူကရိန်းကို ဆန့်ကျင်တဲ့ သူပုန်တွေရှိပြီး အဲဒီ သူပုန်ကို ရုရှားက ထောက်ခံထားတာ ဖြစ်ပါတယ်။

ရုရှားကတော့ သူတို့အနေနဲ့ အဲဒီ လက်နက်မျိုးကို အသုံးမပြုတာ ကြာပြီဖြစ်တဲ့အကြောင်း ယူကရိန်း စစ်တပ်ကသာ သူတို့ထုတ်တဲ့ လက်နက်ကို ဆက်လက် အသုံးပြုနေတာလို့ တုန့်ပြန်ထားပါတယ်။

စုံစမ်းစစ်ဆေးရေးသမားတွေဟာ ဘက်လိုက်မှုတွေလုပ်ပြီး နိုင်ငံရေး ညွှန်ကြားချက်အရ စုံစမ်းစစ်ဆေးမှု ရလဒ်ကို ထုတ်ပြန်တာလို့လည်း ပြန်လည် စွပ်စွဲလိုက်ပါတယ်။

လေယာဉ် ပျက်ကျမှုအတွင်း လူပေါင်း ၂၉၈ ယောက် သေဆုံးခဲ့ရပြီး အဲဒီအထဲမှာ နယ်သာလန် နိုင်ငံသား ၁၉၃ ယောက်နဲ့ သြစတြေးလျ နိုင်ငံသား ၃၈ ယောက် ပါဝင်ပါတယ်။

Video: Animated video by Dutch Safety Board explains downing of MH17 (YouTube: Onderzoeksraad voor Veiligheid)

သြစတြေးလျ အစိုးရကတော့ အဲလို အဖြေကို ရှင်းရှင်းလင်းလင်း သိရပြီးတဲ့နောက် ဘယ်သူက လေယာဉ်ကို ပစ်ချခဲ့သလဲ ဆိုတာကို ဆက်လက် စုံစမ်းသွားမယ်လို့ ပြောလိုက်သလို သေဆုံးသူတွေအတွက် ရှေ့နေလိုက်ပေးတဲ့ အဖွဲ့ကလည်း ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆိုမှုတွေ လုပ်မယ်လို့ ဆိုပါတယ်။

စုံစမ်း စစ်ဆေးချက် အပြည့်အစုံကတော့ နောက်တစ်နှစ်မှ ထုတ်ပြန်မှာ ဖြစ်ပေမယ့် ဘယ်သူရဲ့ လက်ချက်လည်း ဆိုတာ ရုပ်လုံးပေါ်လာနေတာ ကြောင့် ဆောင်ရွက်စရာ ရှိတာကို လုပ်ဆောင်သွားမှာ ဖြစ်ပြီး ရုရှား အစိုးရအနေနဲ့ ဒီကိစ္စမှာ ပူးပေါင်းပါဝင်ဖို့ နယ်သာလန် ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ABC

No comments:

Post a Comment

My Blog List