Wednesday, October 14, 2015

အမေရိကန် ဒီမိုကရက် အများစုက ဘိုင်ဒန်ကို သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ဝင်စေလို


အမေရိကန် ရွေးကောက်ပွဲကြို ကာလတွင် ဒီမိုကရက်ပါတီဝင် အများစုက ဂျိုးဘိုင်ဒန်ကို ရွေးကောက်ပွဲ ဝင်ပြိုင်စေလိုကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။ လက်ရှိ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ အစိုးရအဖွဲ့တွင် ဒုတိယသမ္မတ တာဝန်ယူထားသူ ဘိုင်ဒန်ကို တစ်နိုင်ငံလုံးမှ ဒီမိုကရက် ထက်ဝက်နီးပါးက သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း Reuters သတင်းဌာနနှင့် Ipsosတို့ ပူးပေါင်းကောက်ခံသည့် စစ်တမ်းအရ သိရှိရသည်။

အိုဘားမားသည် အမေရိကန်၏ ဖွဲ့စည်းပုံ ဥပဒေအရ တတိယအကြိမ် သမ္မတသက်တမ်းအတွက် ယှဉ်ပြိုင်ခွင့် မရှိတော့သောကြောင့် ဒီမိုကရက် ပါတီအနေဖြင့် ၂၀၁၆ ရွေးကောက်ပွဲအတွက် သမ္မတလောင်း တစ်ဦးကို အသစ် တင်မြှောက်ရမည် ဖြစ်သည်။ လတ်တလောတွင် အဆိုပါ နေရာအတွက် ဘိုင်ဒန်နှင့် ယခင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်တို့ အပြိုင်အဆိုင်သဖွယ် ဖြစ်နေသည်။

Reutersက မိမိတို့ ဖြန့်ကျက်ကောက်ခံသည့် စစ်တမ်းတွင် ဘိုင်ဒန်ကို လိုလားသည့် ဒီမိုကရက် အရေအတွက် ၄၈ ရာခိုင်နှုန်း နီးပါးမျှ ရှိနေကြောင်း ဆိုသည်။ သို့သော်လည်း ၃၀ ရာခိုင်နှုန်းက ရွေးကောက်ပွဲတွင် ဘိုင်ဒန် မပါဝင်သင့်ဟု သဘောထား ပေးခဲ့ကြသည်။ ၁၇ ရာခိုင်နှုန်းက ဘိုင်ဒန်သည် မိမိတို့၏ ပထမဦးစားပေး ရွေးချယ်မည့် သမ္မတလောင်းဟု အခိုင်အမာ ပြောကြားခဲ့ပြီး ကလင်တန်ကို လိုလားသူ ၄၆ ရာခိုင်နှုန်းမျှ ရှိနိုင်ကြောင်း ခန့်မှန်းကြသည်။ သို့သော်လည်း ကလင်တန်ကို ထောက်ခံသူ အများစုက ဘိုင်ဒန်နှင့် ကလင်တန်ကြား ပြတ်ပြတ်သားသား ရွေးချယ်ရန် ခက်ခဲကြောင်း ဝန်ခံကြသည်။

အခြားတစ်ဖက်တွင်မူ ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီ၌ ပါဝင်ယှဉ်ပြိုင်နေသည့် သမ္မတလောင်း အများအပြား ရှိနေပြီး ယင်းတို့အနက် ဘီလီယံနာ သူဌေးကြီး ဒေါ်နယ်လ်ထရမ့်ပ်က ရေပန်းအစားဆုံးအဖြစ် ရပ်တည်နေကြောင်း သိရှိရသည်။ 

Ref: CNA
7Day News Journal

No comments:

Post a Comment

My Blog List