Thursday, October 15, 2015

သံတွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြရန်စီစဉ်သူအချို့ ခွင့်ပြုချက်မရ ဆန္ဒပြရန်စီစဉ်သူက ခွင့်ပြုချက်တောင်းခံမှု ပြန်ရုပ်သိမ်း


ဒေါ်အောင်ဆန်းစုကြည် အား ကန့်ကွက်ကြောင်းဆန္ဒဖော် ထုတ်ပွဲတစ်ခုကိုသံတွဲမြို့၌ ပြု လုပ်ရန်လူအချို့က ခွင့်ပြုမိန့် တောင်းခံခဲ့ပြီး စည်းကမ်းနှင့် မညီ ညွတ်၍ သက်ဆိုင်ရာက လက်မခံခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၆ရက်တွင် စတင်မည့် ဒေါ်အောင်ဆန်းစု ကြည်၏ သံတွဲခရီးစဉ်အတွင်း ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ် ရန်စစ်တွေနှင့် သံတွဲမြို့နယ်ဒေသခံနှစ်ဦးက ဦးဆောင်၍ အောက်တိုဘာ ၁၃ရက်၌ သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုမိန့်တင်ခဲ့သည်။ 

သို့သော် ဥပဒေအရ ဆန္ဒ ဖော်ထုတ်ခွင့်ရရှိရန် ငါးရက်ကြို တင်၍ ခွင့်ပြုမိန့်တောင်းခံရန်လို အပ်သောကြောင့် စည်းကမ်းနှင့်မ ညီညွတ်သည့်အပြင် ဆန္ဒပြခွင့် တောင်းခံခဲ့သော သံတွဲမြို့မှ ဒေ သခံကလည်း ပြန်လည်ရုပ်သိမ်း လို၍ အောက်တိုဘာ ၁၄ရက်တွင် ခွင့်ပြုမိန့်တောင်းခံလွှာပြန်လည်ပေးအပ်လိုက်ပြီဖြစ်ကြောင်း သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင် ဇော်က ပြောသည်။

‘‘ဒီနေ့ပဲ လက်မှတ်ထိုးပြီးပြန် ယူသွားပါပြီ’’ဟု ရဲမှူးခင်ဇော်က 7Day Daily အား ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏သံတွဲမြို့အပါအ၀င် ရခိုင်ပြည်နယ်သို့ လာရောက်သည့်မဲဆွယ်စည်းရုံးရေးခရီးစဉ်အပေါ် တစ်စုံတစ်ရာကန့်ကွက်စရာမရှိကြောင်း ရခိုင်လူမှုကွန်ရက်(သံတွဲကမ်းခြေ)အမှုဆောင်ဦးစန်းကိုက ပြော သည်။

‘‘သံတွဲက အဖွဲ့အစည်းတွေ အားလုံး ဒီလိုသဘောထားရှိ တယ်။ ဆန္ဒပြစရာအကြောင်း လည်းမရှိဘူး။ သူတို့က ဘာသ ဘောနဲ့ ပြဖို့လုပ်တာလဲတော့မသိ ဘူး’’ဟု ၎င်းကပြောသည်။

ဒီချုပ်သံတွဲခရိုင်ဥက္ကဋ္ဌဦး ၀င်းနိုင်က စစ်တွေမြို့မှအဖွဲ့တစ် ဖွဲ့နှင့် သံတွဲဒေသခံတစ်ဦးတို့က ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက် တောင်းခံသည်ဟု ကြားသိရ ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ထံ ဆက်သွယ်မေးမြန်းရာ သံတွဲဒေသခံက ၎င်း၏ ဆန္ဒအရခွင့်ပြု မိန့်တောင်းခံလွှာကို ပြန်လည်ရုပ်သိမ်းသွားကြောင်းပြောသည်။

သံတွဲအပါအ၀င် ရခိုင်လူမှု အဖွဲ့အစည်းများကလည်း ဒေါ် အောင်ဆန်းစုကြည်အပေါ် မ ထောက်ခံပါက ဟောပြောပွဲမ တက်ရောက်ရန်နှင့် မဲမပေးရန် သဘောသာရှိပြီး ဆူပူမှုဖြစ်ပွားနိုင်သည့်လုပ်ရပ်မျိုးဆောင်ရွက် စရာမလိုကြောင်းထောက်ပြပြော ကြားသည်။

ထို့ကြောင့် ရခိုင်လူမှုအဖွဲ့အ စည်းများက ယင်းကဲ့သို့ ဆူပူမှုဖြစ်ပွားစေနိုင်သည့်လုပ်ရပ်မျိုးကို မထောက်ခံကြောင်းနှင့်အဆိုပါ ဆန္ဒဖော်ထုတ်ရန်စီစဉ်သည့် လူ အချို့နှင့် မပတ်သက်ကြောင်း ကြေညာချက်တစ်စောင်ကို မကြာမီထုတ်ပြန်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

‘‘သူတို့သည် ရခိုင်လူမှုအဖွဲ့ အစည်းတွေနဲ့ ပတ်သက်မှုမရှိ ကြောင်း ကြေညာချက်ကိုဒီနေ့ (အောက်တိုဘာ ၁၄ရက်)ထုတ်ဖို့ပြင်ဆင်နေတယ်’’ဟု စစ်တွေမြို့မိမြို့ဖအဖွဲ့ဝင်ဦးသန်းထွန်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အ ပေါ် ထောက်ခံခြင်း၊ မထောက်ခံခြင်းကို နားလည်သော်လည်း ဆူဆူပူပူ လုပ်ရပ်များ ဖြစ်ပွားပါက ရခိုင် တိုင်းရင်းသားများအပေါ် အထင် အမြင်လွဲမှားမှုများဖြစ်ပေါ်လာ နိုင်၍ သတိပြုဆင်ခြင်ကြရန်လိုအပ်ကြောင်း ဦးသန်းထွန်းကအကြံပြုသည်။

ယခုဆန္ဒထုတ်ဖော်ရန် စီစဉ် သည့်လုပ်ရပ်၏ နောက်ကွယ်တွင် မမြင်နိုင်သည့်အဖွဲ့အစည်းပုဂ္ဂိုလ် များလည်း ပတ်သက်နေနိုင် ကြောင်း ရခိုင်လူမှုအဖွဲ့အစည်း များက ထောက်ပြသည်။

‘‘ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ကို တစ်ခါတည်းပစ်သလို လုပ် တာလို့ သုံးသပ်ရတယ်’’ဟု ဦး သန်းထွန်းက မှတ်ချက်ပြုသည်။

၂၀၁၂ခုနှစ်အတွင်းကဖြစ် ပွားခဲ့သော ပဋိပက္ခများ၌ လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်သည် ဒေသခံရခိုင်တိုင်းရင်း သားများဘက်မှ ထိရောက်စွာဝင် ရောက်ပြောဆိုခြင်းမရှိဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ရ ခိုင်ပြည်နယ်၌ ထောက်ခံမှုကျ ဆင်းနေကြောင်း ဝေဖန်သုံးသပ်မှု များရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ရခိုင်ပြည်နယ်သို့ ၂၀၀၂ခု နှစ်က နောက်ဆုံးသွားရောက်ခဲ့ပြီး ယခုခရီးစဉ်သည် ၁၃နှစ်အတွင်း ပထမဆုံးဖြစ်သည်။

အောက်တိုဘာ ၁၆ရက်မှစ ၍ ဒီချုပ်ဥက္ကဋ္ဌသည် သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့တို့တွင် သုံး ရက်ကြာဟောပြောပွဲများပြုလုပ် ရန်စီစဉ်ထားသည်။

ဆန္ဒဖော်ထုတ်ရန်စီစဉ် သည့် ပုဂ္ဂိုလ်များကို 7Day Dailyမှဆက်သွယ်ရန် ကြိုးပမ်းခဲ့သော် လည်း ဖုန်းဆက်သွယ်၍မရခဲ့ပေ။


7Day Daily

No comments:

Post a Comment

My Blog List