Wednesday, October 14, 2015

တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူမှုကို ဆန့်ကျင်နေ


သြစတြေးလျနဲ့ တရုတ်နိုင်ငံအကြားက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို ဆန့်ကျင်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။နှစ်နိုင်ငံအကြား သဘောတူခဲ့ကြပေမယ့် သက်ဝင်မှု မရှိသေးခင်မှာ အတိုက်အခံဘက်ရော၊ သမဂ္ဂတွေကပါ ဒီသဘောတူညီမှုကို ဆန့်ကျင်နေတာပါ။

ကုန်သွယ်ရေး အချက်အားလုံးကို ဆန့်ကျင်တာ မဟုတ်ပဲ ပြည်ပက အလုပ်သမားတွေကို ခေါ်ယူခွင့်တွေမှာ မကျေမနပ် ဖြစ်နေကြတာပါ။

အတိုက်အခံပါတီကတော့ ဈေးပေါတဲ့ ပြည်ပက အလုပ်သမားတွေကိုပဲ ခေါ်ယူမှာ စိုးလို့ ပြည်ပကလူတွေကို မခေါ်ခင်မှာ အလုပ်သမား အလိုရှိကြောင်း သြစတြေးလျနိုင်ငံအတွင်းမှာ အရင်ဦးဆုံး အလုပ်ကြေညာဖို့ လိုလားနေပါတယ်။

အဲဒီလို နည်းက အလုပ်လုပ်လိုတဲ့ သြစတြေးလျနိုငငံသားတွေ အလုပ်အကိုင် ရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သြစတြေးလျနိုင်ငံကို ရောက်လာတဲ့ ပြည်ပက အလုပ်သမားတွေ လစာ အနိမ်မခံရအောင် လစာနှုန်း သတ်မှတ်ပေးတာမျိုး လုပ်ဖို့ အတိုက်အခံ ပါတီက တောင်းဆိုထားပါတယ်။

သမဂ္ဂတွေကတော့ အလုပ်သမား ကိစ္စအပေါ်ပဲ သဘောမတူတာ မဟုတ်ပဲ ဒီထက်မက ဆန့်ကျင်မှုတွေ လုပ်သွားဖို့ရှိတယ်လို့ ပြောဆိုနေပါတယ်။

ABC

No comments:

Post a Comment

My Blog List