Tuesday, October 13, 2015

ဂျူလီယံ အာဆန်းကို ဗြိတိန်ရဲ ၂၄ နာရီ မစောင့်တော့


ဝီကီလိခ်စ် ဝဘ်ဆိုက် တည်ထောင်သူ ဂျူလီယံ အာဆန်းကို အီကွေဒေါ သံရုံး ပြင်ပမှာ ၂၄ နာရီ ပတ်လုံး စောင့်ဖမ်းနေတာမျိုး မလုပ်တော့ဘူးလို့ ဗြိတိန်ရဲက ပြောပါတယ်။  ဂျူလီယံ အာဆန်းကို ဆွီဒင် အစိုးရက မုဒိမ်းမှုနဲ့ အလိုရှိနေတာဖြစ်ပြီး အဖမ်းခံရမှာစိုးလို့ သြစတြေးလျနိုင်ငံသား ဂျူလီယံ အာဆန်းက အီကွေဒေါ သံရုံးမှာ ဝင်ပုန်းခဲ့တာ ဖြစ်ပါတယ်။

အီကွေဒေါ သံရုံးထဲကို ဝင်ခွင့်မရတဲ့အတွက် ဗြိတိန်ရဲတွေက သံရုံးပြင်ပကနေပဲ တောက်လျှောက် ငွေကုန်၊ လူပင်ပန်း စောင့်ကြည့်လာရာက အခုအခါမှာ မစောင့်တော့ဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒါပေမဲ့ ဂျူလီယံ အာဆန်း အီကွေဒေါ သံရုံးကနေ မထွက်ခွာနိုင်အောင်တော့ တခြားနည်းလမ်းတွေနဲ့ စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

၂၄ နာရီပါတ်လုံး စောင့်ကြည့်လာတဲ့အတွက် ဒေါ်လာ သန်း ၂၀ လောက် ကုန်ကြခဲ့ရပြီး အသုံးစရိတ် လျှော့ချတဲ့ ဗြိတိန်အစိုးရကို လူတွေက ဝေဖန်လွန်းတဲ့အတွက် အဲဒီလို စောင့်ကြည့်မှုကို ရပ်တန့်လိုက်တာ ဖြစ်ပါတယ်။

ဂျူလီယံ အာဆန်းကတော့ မုဒိမ်းမှု မကျူးလွန်ရဘူးလို့သာ ပြောပြီး အစိုးရတွေရဲ့ လျှို့ဝှက်ကြိုးနန်းကို ဖော်ပြမိလို့ သူ့ကို အလိုရှိနေတာလို့ ပြောပါတယ်။

ဆွီဒင်ကို သွားပြီး အမှုရင်ဆိုင်ရင်လည်း အဲဒီကနေတဆင့် အမေရိကန်ကို အပို့ခံရမှာ စိုးလို့ အီကွေဒေါ သံရုံးမှာ ခိုအောင်းနေတာ ဖြစ်ပါတယ်။

ဆွီဒင်ကတော့ ဂျူလီယံ အာဆန်းကို သူတို့ရဲ့ လက်ထဲ အပ်နှံဖို့ အီကွေဒေါကို တောက်လျှောက် တောင်းဆိုနေပါတယ်။


ABC

No comments:

Post a Comment

My Blog List