Monday, October 12, 2015

ကောလင်းတစ်ကျော့ပြန် ရေကြီးမှု ရပ်ကွက်၊ ကျေးရွာပေါင်းလေးဆယ်ကျော် နှင့် မိုးစပါးစိုက်ဧက နှစ်သောင်းခန့် ရေနစ်မြုပ်


မကြာသေးမီးက ရေကြီးနစ်မြုပ်မှုကြောင့် ပြန်လည်ထူ ထောင်ရေးများ လုပ်ကိုင်နေရ သည့် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် အောက် တိုဘာ ၉ ရက်က တောင်ကျရေ များ စီးဆင်းလာခဲ့သဖြင့် မြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာပေါင်း ၄၀ ကျော်နှင့် မိုးစပါးစိုက်ဧက တစ် သောင်းခုနစ်ထောင်ကျော် ရေနစ် မြုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၉ ရက်မှစ၍ တောင်ကျရေများကြောင့် မြို့ပေါ် ရပ်ကွက် ခြောက်ခု၊ ကျေးရွာအုပ် စု ၁၂ စုမှ ကျေးရွာပေါင်း ၄၄ ရွာနှင့် မိုးစပါးစိုက် ဧကပေါင်း ၁၇,၂၈၄ ဧက ရေလွှမ်းမိုးခဲ့ကြောင်း ကောလင်းမြို့နယ် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး၊ မြို့ နယ် လ၀က ဦးစီးအရာရှိ ဦးဟန် ထွန်းခိုင်က ပြောကြားသည်။

‘‘ရေက ရုတ်တရက်ဝင်ပြီး ပြန်ကျသွားတယ်။ မဖြစ်ခင် ကျေးရွာတွေမှာ အသံချဲ့စက်တွေနဲ့ ကြေညာပေးတယ်။ ဆိုးဆိုးရွားရွားတော့ မရှိသေးဘူး’’ ဟု ဦးဟန် ထွန်းခိုင်က ပြောသည်။

ရေအကျ မြန်သည့်အတွက် မိုးစပါးများ ပျက်စီးမှုမရှိနိုင် ကြောင်းနှင့် အထွက်နှုန်းထိခိုက်ခဲ့ ပါက အစားထိုးသီးနှံများ စိုက်ပျိုး နိုင်ရန် သက်ဆိုင်ရာအစိုးရဌာနက ကူညီပေးမည်ဟု ပြောကြားသည်။

‘‘ရေက သုံးလေးရက်ဆိုရင် တော့ စပါးတွေက ကိစ္စမရှိဘူး ပေါ့။ တချို့နေရာတွေမှာက ရေ တွေက ရှိနေသေးတယ်။ တစ် ပတ်လောက်ကြာလာရင်တော့ ပြဿနာရှိနိုင်တယ်’’ဟု ရေဘေး ကူညီရေးဆောင်ရွက်နေသူ ကိုအောင်မျိုးဝေက ပြောကြားသည်။

ကောလင်းမြို့နယ်ရှိ ဆန်ဂို ဒေါင်များ၊ ဆေးလိပ်ခုံများ၊ ခေါက်ဆွဲစက်၊ တယ်လီဖုန်းဆိုင်၊ အီလက်ထရွန်နစ်ပစ္စည်းဆိုင် အပါအ၀င် နေရာအများစု၌ ရေ ၀င်ရောက်ခဲ့၍ ပျက်စီးဆုံးရှုံးမှု အနည်းငယ်ရှိနိုင်ကြောင်း ကောလင်းမြို့ နယ် ရေဘေးကယ် ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည် ထူထောင်ရေး အဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်မှ စတင်၍ ယနေ့အထိ ရေလျှံမှု ၁၄ ကြိမ် ဖြစ်ပွား ထားပြီး လက် ရှိတွင် အထက်ပါအဖွဲ့မှ မြို့ပေါ်ခြောက်ရပ်ကွက်တွင် ထမင်းထုပ်များ ဝေခြင်း၊ ကောလင်းဘူတာ တွင် ပိတ်မိနေသည့် ခရီးသည် ၆၀၀ ခန့်အား ထမင်းကျွေးခြင်းများ ဆောင်ရွက်နေသည်ဟု အဖွဲ့ဝင် များက ပြောသည်။

‘‘ပြန်လည်ထူထောင်ရေး လုပ်နေတုန်းရှိသေးတယ်။ ထပ် ဖြစ်တာ။ ပက်လက် ကို လန်ရော ပဲ’’ဟု ရေဘေးကူညီရေးဆောင် ရွက်နေသူ   ကိုကျော်ဖုန်းလှိုင် က ပြောသည်။

အောက်တိုဘာ ၁၁ ရက် တွင်မူ မြို့ပေါ်ရပ်ကွက်အများစု ရေပြန်ကျသွားပြီး အနိမ့်ပိုင်း ရပ် ကွက်များနှင့် ကျေးရွာအချို့၌ ရေအနည်းငယ်တင်ကျန်နေ သေး ကြောင်း ဒေသခံများက ပြောသည်။ ရေကြီးသည့်အခါ ၀မ်းလျှောဝမ်း ပျက်ဖြစ်ပွားခြင်း၊ သွေးလွန် တုပ်ကွေးဖြစ်ပွားခြင်း၊ မြွေနှင့် အဆိပ်ရှိ သတ္တ၀ါအကိုက်ခံရခြင်း များ ဖြစ်ပေါ်နိုင်၍ အသိပညာပေး မည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များ တွင် ရေသန့်ထုပ်များ ပေးဝေခြင်း၊ရေတွင်းများ ဆေးခတ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ကောလင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာန ကုသရေးဦးစီးဌာနမှူး ဒေါက်တာခင် မောင်သန်းက ပြောကြား သည်။

7Day News Journal

No comments:

Post a Comment

My Blog List