Wednesday, October 14, 2015

စစ်ဆေး အတည်ပြုပြီး မြန်မာနိုင်ငံမှ ဒုက္ခသည် ၂၄၁၅ ဦးကို ပြန်လည်လက်ခံရန် ဘင်္ဂလားဒေ့ရှ်အစိုးရ တောင်းဆို


မြန်မာ့ ပင်လယ်ပြင်၌ ဖမ်းဆီးထိန်းသိမ်းရမိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား စစ်ဆေးအတည်ပြု ပြန်လည် လက်ခံခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံကိုလည်း အလားတူလုပ်ဆောင်စေလိုသည်ဟု ပြောကြားလိုက်သည် ။မြန်မာနိုင်ငံက ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၀၃ ဦးကို တနင်္လာနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းခဲ့သည် ။ မေ နှင့် ဇွန်လအတွင်းက ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်၌ မြန်မာနိုင်ငံက ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၂၉ ဦးအနက် ယခုလွှဲပြောင်းပေးသူများမှာ နောက်ဆုံးအသုတ် ဖြစ်သည် ။

စစ်ဆေး အတည်ပြုပြီးသည့် နိုင်ငံသားအားလုံးကို ပြန်လည် လက်ခံပြီး နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုသို့ လက်ခံခြင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တာဝန်ယူမှုရှိရန် ဆုံးဖြတ်ထားသည်ကို ပြသခြင်း ဖြစ်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံကို ပြန်ဖို့ ဆယ်စုနှစ်တစ်ခုကျော် စောင့်ဆိုင်းနေရတဲ့ အတည်ပြုပြီး မြန်မာနိုင်ငံသား ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အလားတူ စိတ်ထားရှိဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မျှော်လင့် ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည် ။

မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စစ်ဆေး အတည်ပြုပြီး မြန်မာနိုင်ငံ သား ဒုက္ခသည် ၂၄၁၅ ဦးကို ပြန်လည်လက်ခံရန် ဆယ်စုနှစ်တစ်ခုကျော် ငြင်းဆန်နေခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် စက်တင်ဘာက ပြုလုပ်ခဲ့သည့် နိုင်ငံခြားရေးအတွင်းဝန်အဆင့် အစည်းအဝေးတွင် ထိုဒုက္ခသည်များကို ပြန်လည်လက်ခံရန် သဘောတူခဲ့သည် ။

သို့သော် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းများ စတင်ခြင်းမရှိသေးပေ။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ဘင်္ဂါလီ ထောင်ပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည် ။

KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List