Monday, October 12, 2015

ရုပ်ရှင်ကားကြီးတွေပဲ ဆက်တိုက်ရိုက်နေတဲ့ အေးမြတ်သူ


ယခုနှစ်အတွင်း ရုပ်ရှင်ကားကြီးများသာ ဆက်တိုက်ရိုက် ကူးဖြစ်နေသည်ဟု သရုပ်ဆောင် အေးမြတ်သူကပြောသည်။ ‘‘ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီး အနေနဲ့ရိုက်ပြီးထားတာက ၄ ကားရှိတယ်။ ကားကြီးတွေပဲ ဆက်တိုက် ရိုက်ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ၈ ရက်နေ့ကလည်း ကား ကြီးရိုက်ကူးဖို့အတွက် ပြောထား တာ။ ပျက်သွားလို့။ နောက်ထပ်လည်း ကားကြီးတွေရိုက်ကူးဖို့ ကမ်းလှမ်းထားတာရှိပါတယ်’’ဟု အေးမြတ်သူကပြောသည်။

အေးမြတ်သူသည် ‘ငဘ’ ရုပ်ရှင်ဇာတ်ကားကြီးတွင် ငဘ၏သမီးနေရာ၌ ပါဝင်သရုပ်ဆောင်ထားပြီး ၎င်းသ ရုပ်ဆောင်ရမည့် ဇာတ်ရုပ်နှင့်အညီ ဆံပင်ပုံစံကို ပြောင်းလဲသရုပ်ဆောင်ထားခြင်း ကြောင့် ပရိသတ်အချို့၏ လက်ခံ အားပေးမှုကိုရရှိခဲ့ကြောင်း ၎င်း ကပြောသည်။

‘‘ငဘကားမှာဆိုရင် ကျွန် တော်က ဆံပင်ပုံစံတွေပါပြောင်း ထားတော့ တော်တော်များများ သဘောကျကြတယ်ဆိုတာလည်း ပြန်ကြားရတယ်။ ကိုယ်တိုင်လည်း သဘောကျတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

အေးမြတ်သူသည် ယင်း ဇာတ်ကားတွင် ဆံရစ်ဝိုင်းဆံပင် ပုံစံဖြင့် သရုပ်ဆောင်ခဲ့ခြင်းဖြစ် သည်။

လက်ရှိတွင် ရိုက်ကူးရေး ခေတ္တရပ်နားထားကာ ဂျာနယ်နှင့် မဂ္ဂဇင်းများ အတွက် ဓာတ်ပုံရိုက် ကူးနေပြီး ယခုလ ၉ ရက်ကပြု လုပ်ခဲ့သည့် Mrs. India World Wide ပြိုင်ပွဲ၌လည်း ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List