Tuesday, October 13, 2015

MH17 ပျက်ကျရတဲ့ အကြောင်းရင်းကို ထုတ်ပြောတော့မယ်


ယူကရိန်းနိုင်ငံထဲ ပျက်ကျသွားတဲ့ မလေးရှား လေကြောင်းလိုင်းပိုင် MH 17 လေယာဉ် ဘာကြောင့် ပျက်ကျရသလဲ ဆိုတာကို နယ်သာလန် စုံစမ်းစစ်ဆေးရေးအဖွဲ့က တစိတ်တပိုင်း ထုတ်ဖော်ပြောဆိုတော့မှာ ဖြစ်ပါတယ်။စုံစမ်းစစ်ဆေးမှုအရ အဲဒီလေယာဉ်ဟာ ရုရှားနိုင်ငံထုတ် လက်နက်တစ်ခုနဲ့ ပစ်ခတ်ခံရလို့ ပျက်ကျရတာလို့ ပြောဆိုမယ့် အနေအထား ရှိနေပါတယ်။

နယ်သာလန် စံတော်ချိန် အင်္ဂါ မနက်မှာ ဒီအကြောင်းကို မီဒီယာတွေနဲ့ ကွယ်လွန်သူတွေရဲ့ ကျန်ရစ်သူ မိသားစုကို စုံစမ်းစစ်ဆေးရေး သမားတွေက ပြောပြမှာ ဖြစ်ပါတယ်။

အဲဒီအသေးစိတ် အချက်အလက်တွေကို ကြားနိုင်ဖို့ Thomas Schansman ဆိုတဲ့ လူကတော့ တစ်နာရီလောက် ကားမောင်းပြီး သူ့သားပါဝင်တဲ့ လေယာဉ် ဘာကြောင့် ပျက်ကျရသလဲ ဆိုတာကို ကိုယ်တိုင်း နားဆင်မှာ ဖြစ်ပါတယ်။

ကျန်ရစ်သူ မိသားစုဝင်တွေက ၁၅ လအကြာ မသေခြာ မရေရာမှုတွေနဲ့ ကြုံရပေမယ့် မကြာခင်မှာ လေယာဉ်က ဘာကြောင့် ပျက်ကျသလဲ ဆိုတာကို အတိအကျ သိရမယ့်အတွက် သွားတာလို့ ပြောပါတယ်။

ရုရှားထုတ် လက်နက်ကြောင့် ပျက်ကျတယ်ဆိုတာကို အများက ယူဆကြပေမယ့် အခုလို တရားဝင် ကြားသိရဖို့က အရေးကြီးတယ်လို့ ပြောပါတယ်။

တစ်ဖွဲ့ဖွဲ့ကနေ ခရီးသည်တင် လေယာဉ်မှန်းမသိလို့ မတော်တဆ ပစ်ခတ် မိတာလို့ ယူဆတဲ့အတွက် ရုရှားဘက်ကပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်က ဖြစ်ဖြစ် မှားယွင်းစွာ ပစ်ခတ်မိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောလိုက် ရုံနဲ့ သူ့အနေနဲ့ ကျေနပ်မိမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သူ့သား သေဆုံးခဲ့ရတဲ့ ကိစ္စမှာ ဘယ်သူက ဘာမှ မပြောကြဘူးလို့ Thomas က ပြောပါတယ်။

နယ်သာလန် အာဏာပိုင်တွေက သူတို့တွေ့ရှိတဲ့အကြောင်း တစိတ်တပိုင်းကို မီဒီယာတွေကို ပြောပြမှာ ဖြစ်သလို ရုရှားကလည်း မီဒီယာတွေကို ဘာကြောင့် လေယာဉ် ပျက်ကျရသလဲဆိုတာ ရှင်းပြဖို့ ရှိတယ်လို့ သိရပါတယ်။

ရုရှားကို ထောက်ခံတဲ့ ယူကရိန်း သူပုန်တွေရဲ့ လက်ချက်ကြောင့် ဖြစ်ရ တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုဖို့အတွက် ဖြစ်မယ်လို့ သုံးသပ်နေကြပါ တယ်။

ရုရှားက လေယာဉ်ကို ပစ်ခတ်ခဲ့တဲ့ လက်နက်ကို ရုရှားက ထုတ်တာ မှန်ပေမယ့် အဲဒီ လက်နက်ကို ရုရှားက အသုံးမပြုတော့ပဲ ယူကရိန်းကသာ အသုံးပြုနေတာလို့ ပြောဆိုဖူးပါတယ်။

စုံစမ်း စစ်ဆေးမှု အပြည့်အစုံကိုတော့ နောင်နှစ်လည်မှ ထုတ်ပြန်မှာ ဖြစ်ပါ တယ်။

လေယာဉ်ပျက်ကျမှုအတွင်း နယ်သာလန် နိုင်ငံသား တစ်ရာကျော်ပါဝင်ပြီး သြစတြေးလျနိုင်ငံသား ၃၈ ကျော် သေဆုံးခဲ့ရပါတယ်။


ABC

No comments:

Post a Comment

My Blog List