Monday, October 12, 2015

IS ခေါင်းဆောင် သေဆုံးပြီလား ဆိုတာ မသေချာသေး


အီရတ်နိုင်ငံ အနောက်ပိုင်းမှာ ပြုလုပ်တဲ့ ဝေဟင်တိုက်ခိုက်မှု တစ်ခုအတွင်း IS အစ္စလာမ်မစ် အဖွဲ့ အရာရှိ ၈ ဦး သေဆုံးခဲ့ပေမယ့် အဲဒီအထဲမှာ အဖွဲ့ခေါင်းဆောင် Abu Bakr al-Baghdadi ကတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဇာတ်လမ်း ISIS အဖွဲ့ခေါင်းဆောင် Abu Bakr al-Baghdadi ဟာ ဘယ်လို လူမျိုးလဲသေဆုံးသူတွေထဲမှာ IS အဖွဲ့ခေါင်းဆောင်ရဲ့ အလောင်းကို မတွေ့ ရဘူးလို့ ဆေးရုံ အမှုထမ်းတွေနဲ့ ဒေသခံတွေက ပြောကြောင်း အေအက်ဖ်ပီ သတင်းအရ သိရပါတယ်။

အီရတ်အစိုးရရဲ့ အဆိုအရ တနင်္ဂနွေနေ့တုန်းကပဲ IS အဖွဲ့တွေ အစည်းအဝေး ကျင်းပမယ့် နေရာကို ဗုံးကျဲခဲ့သလို IS အဖွဲ့ခေါင်းဆောင် al-Baghdadi ကို တင်ဆောင်လာတဲ့ ယာဉ်တန်းကိုလည်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း IS ခေါင်းဆောင် တချို့ သေဆုံး၊ ဒဏ်ရာရကြသလို ခေါင်းဆောင် al-Baghdadi ကိုတော့ ယာဉ်တစ်စင်းက သယ်ဆောင်သွားတဲ့ အတွက် သေဆုံးပြီလား၊ အသက်ရှင် သလားဆိုတာ မသိရဘူးလို့ အီရတ် အစိုးရက ပြောပါတယ်။

အီရတ် အစိုးရရဲ့ ပြောဆိုချက်က မှန်ကန်သလား၊ မမှန်ဘူးလား ဆိုတာကို အမေရိကန်က အတည်ပြုချက်တွေ ပြောဆိုခြင်း မရှိပါဘူး။

IS အဖွဲ့ဝင် တစ်ယောက်ကို ဆက်သွယ်ရာမှာတော့ ဒီကိစ္စကို အတည်မပြု နိုင်ဘူးလို့ ပြောဆိုလိုက်သလို အဖွဲ့ခေါင်းဆောင် သေဆုံးသွားရင်တော့ IS အဖွဲ့ကတော့ တိုက်စရာ ရှိတာကို ဆက်တိုက်ဦးမယ်လို့ ပြောပါတယ်။

Baghdadi သေဆုံးရင် ခေါင်းဆောင်တစ်ယောက် ဆုံးရှုံးရမှာ ဖြစ်ပေမယ့် IS အဖွဲ့ထဲမှာ Baghdadi လိုလူတွေ အများကြီး ရှိတဲ့အတွက် တစ်မိနစ်မှာ ခေါင်းဆောင်တစ်ယောက် မွေးဖွားနေတယ်လို့ ပြောပါတယ်။

အီရတ် အာဏာပိုင်တွေက အရင်တုန်းကလည်း Baghdadi သေဆုံးတဲ့ အကြောင်း၊ ဒဏ်ရာ ရတဲ့အကြောင်းတွေ ပြောခဲ့ဖူးပေမယ့် သတင်းမှားတွေ ဖြစ်ခဲ့ဖူးပါတယ်။

Baghdadi ကို သတ်ပစ်နိုင်တဲ့လူကို အမေရိကန် ဒေါ်လာ ၁၀ သန်း ဆုချမှာ ဖြစ်တဲ့အတွက် သူ့ကို သတ်ပစ်နိုင်ပြီ၊ ဒဏ်ရာရသွားပြီ ဆိုတဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်လေ့ရှိပါတယ်။

ABC

No comments:

Post a Comment

My Blog List