Tuesday, October 13, 2015

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲတွင် ၈၈ ငြိမ်းပွင့် သက်သေအဖြစ် ပါဝင်လက်မှတ်ထိုးမည်


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးကြမည့်တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ် စဲရေးစာ ချုပ်(NCA)လက်မှတ်ရေးထိုးပွဲ တွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက သက် သေအဖြစ် ပါဝင်လက်မှတ်ရေး ထိုးရန် ဆုံးဖြတ်လိုက်ကြောင်း ယင်းအဖွဲ့မှ ခေါင်းဆောင်တစ် ဦးဖြစ်သူ ဦးကိုကိုကြီး က ပြော ကြားသည်။

NCA တွင် အသိသက်သေ အဖြစ် ပါဝင်လက်မှတ်ရေးထိုးရန် ၈၈ မျိုးဆက် ငြိမ်းပွင့်အဖွဲ့အစည်း ၏အစည်းအဝေးဆုံးဖြတ်ချက်အ ရ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ယခုအဖွဲ့ ရှစ်ဖွဲ့ပါဝင်သော လက်မှတ်ရေးထိုးပွဲအတွက် ဦးကိုကိုကြီး နှင့် ဦးမြ အေးတို့က အသိသက်သေအဖြစ် လက်မှတ်ရေးထိုးမည်ဖြစ်သည်။ အားလုံးပါဝင်သည့် အပစ်ရပ်စာ ချုပ်လက်မှတ်ရေးထိုးသည့်အခါ တွင် ဦးမင်းကိုနိုင်က သက်သေအ ဖြစ် ပါဝင်လက်မှတ်ရေးထိုးရန် အစည်းအဝေး ဆုံးဖြတ်ချက်အရ သဘောတူဆုံးဖြတ် လိုက်ကြောင်း ၎င်းက ဆက်ပြော သည်။

‘‘ကျွန်တော်တို့လည်း အား လုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲ ရေးဖြစ်စေချင် တယ်။ ဖြစ်ဖို့လည်း အတတ်နိုင်ဆုံး ကျွန်တော်တို့ကြိုး စားခဲ့တယ်။ အားလုံးပါဝင်တဲ့အ ပစ်အခတ်ရပ်စဲရေးကတော့ အ ကောင်းဆုံးပေါ့။ ဒါပေမဲ့ အခု လောလောဆယ်က အားလုံးပါ ဝင်တဲ့အခြေအနေကို မရောက် သေးဘူး။ ရှစ်ဖွဲ့က လက်မှတ်ထိုး မယ်။ အဲဒီလက်မှတ်ထိုးတဲ့ပွဲဟာ အားလုံးပါဝင်တဲ့အပစ်အခတ်ရပ် စဲရေးအတွက် ပဏာမခြေလှမ်း လို့မြင်တယ်’’ဟု ဦးကိုကိုကြီးက NCA တွင် အသိသက်သေအဖြစ် ပါဝင်ရခြင်းအပေါ် ပြောကြား သည်။

‘‘မင်းကိုနိုင် မထိုးသေးတာ လည်း အားလုံးပါဝင်တဲ့ ဖြစ်စဉ် ပေါ်ပေါက်လာဖို့ အတွက် ဆုံးဖြတ် ချက်တစ်ခုဖြစ်ပါတယ်’’ဟု ဦးကို ကိုကြီးက ပြောသည်။

ယခုစာချုပ်လက်မှတ်ရေး ထိုးမှုမှာ ပြီးပြည့်စုံသည့် အဆင့် မဟုတ်သော် လည်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုးတက်မှု တစ်ခုဟု ရှုမြင်ပြီး မပါဝင်သေး သည့်အဖွဲ့များ ဆက်လက်ပါဝင် စေရေးနှင့်အဆိုပါအဖွဲ့များအ ပေါ် ခွဲခြားဆက်ဆံမှုများ၊ ဖိအား ပေးထိုးစစ်ဆင်တိုက်ခိုက်မှုများ၊ ပြစ်တင်ဝေဖန်မှုများမပြုလုပ်ရန် တိုက်တွန်းသွားမည်ဖြစ်သကဲ့သို့ ၈၈ အဖွဲ့က ဆက်လက် စောင့် ကြည့် ထောက်ပြသွားမည် ဖြစ် ကြောင်း ဦးကိုကိုကြီးက ပြော သည်။

NCA တွင် အသိသက်သေ အဖြစ် ပါဝင်ရန် အစိုးရနှင့်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ နှစ် ဖက်ပူးပေါင်းထားသည့်အဖွဲ့က သဘောတူဖိတ်ကြားခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအ ဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရခိုင် အမျိုးသားပါတီမှ ဦးအေးသာ အောင်၊ မွန်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်း၊ ဒေါက်တာတူးဂျာ တို့က တက်ရောက်နိုင်ခြင်းမရှိဟု အကြောင်းပြန်ကြားထားကြောင်း မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေးဗဟိုဌာန အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြော သည်။

‘‘တချို့ကတော့ မထိုးဘူး အကြောင်းပြန်တယ်။ တချို့က တော့ အချိန်မီလာဖို့ ခက်တယ်။ စည်းရုံးရေးတွေ သွားနေလို့မလာ နိုင်ဘူးလို့ပြောပါတယ်။ အခုထိ ရထားသလောက်ကတော့ ဦးကို ကိုကြီး၊ ဦးမြအေး၊ ဒေါက်တာသန့်မြင့်ဦး၊ ဦးစိုင်းအိုက်ပေါင်း၊ ဦးခင် မောင်ဆွေ(NDF)၊ ဦးဇိုဇမ်နဲ့ ဒေါ် ချင်းချင်းတို့ကတော့ သက်သေ အဖြစ် ပါဝင်လက်မှတ်ထိုးကြပါ မယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါစာချုပ်လက်မှတ် ရေးထိုးပွဲနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့ ကို ဖိတ်ကြားပါက ကိုယ်စားလှယ် တစ်ဦးစေလွှတ်မည်ဖြစ်ပြီး သက်သေအဖြစ် ပါဝင်ရမည်ဆိုပါက အားလုံးပါဝင်မှသာ လက်မှတ် ရေးထိုးသင့်သည်ဟု ယုံကြည် ကြောင်း အောက်တိုဘာ ၁၁ ရက် က လှည်းကူးမြို့ မဲဆွယ်စည်းရုံး ရေးတွင် ပြောကြားထားသည်။

‘‘NCA လက်မှတ်ရေးထိုးဖို့ နိုင်ငံရေးမှာ သြဇာရှိတဲ့လူတွေမှာ မူနှစ်ခုတွေ့တယ်။ အားလုံးမပါ သေးလို့ မထိုးဘူး။ တချို့က ထိုး မယ်ဆုံးဖြတ်တာတွေ့ရတယ်။ ကျွန်တော်တို့အတွက်ကတော့ ဒါ ဟာ ပထမဆုံးသော နှစ်ဖက်ညှိ နှိုင်းပြီး အပြုသဘောအဆောင် ဆုံးပဲလို့ ပြောရမယ်။ ဒီ NCA ထိုး တာ အများစုရဲ့ဘုံသဘောတူညီ ချက်တစ်ခုကို တစ်ဖက်တည်းက မဟုတ်ဘဲ နှစ်ဖက်သဘောတူပြီးဒီအဆင့်ထိရောက်အောင် ပါဝင် တဲ့ခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့ တာပါ’’ဟု ဦးလှမောင်ရွှေက ပြောသည်။

အောက်တိုဘာ ၁၅ ရက် အ ပစ်ရပ်လက်မှတ်ရေးထိုးပွဲတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ DKBA၊ ကရင်ငြိမ်းချမ်း ရေးကောင်စီ-PC၊ ချင်းအမျိုး သားတပ်ဦး(CNF)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်၊ ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော်(တောင်ပိုင်း)RCSS၊ SSA-S နှင့် ရခိုင်လွတ်မြောက်ရေးပါတီတို့ ပါဝင်လက်မှတ်ရေးထိုး ကြမည် ဖြစ်သည်။

‘‘NCA မှာ အားလုံးလက်မှတ် မထိုးနိုင်သေးပေမယ့် လက်မှတ် ထိုးတဲ့အဖွဲ့ တွေ နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အစကောင်းအောင် လုပ်နိုင်ဖို့အတွက် ၈၈ မျိုးဆက် တွေက ဝင်ကူညီပေးတယ်လို့ မြင် ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ အဓိ က ကျတဲ့ မျိုးဆက်တွေက ငြိမ်း ချမ်းရေးဖြစ်စဉ်နဲ့ နောက်ဆက် လုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ မှာ အင်အားစုတစ်ခုအဖြစ်ပါလာ တာဟာအားတက် စရာဖြစ်ပါ တယ်’’ဟု နိုင်ငံရေးလေ့လာသုံး သပ်သူတစ်ဦးက ပြောသည်။


7Day News Journal

No comments:

Post a Comment

My Blog List