Monday, October 12, 2015

ဒေါ်ခင်ဝိုင်းကြည်အပါအ၀င် မျိုးစောင့်ဥပဒေအတွက် စွမ်းဆောင်ခဲ့သူ ခုနစ်ဦးအား ရွှေရင်ထိုးဖြင့် ဂုဏ်ပြု


မျိုးစောင့်ဥပဒေအတွက်မိမိအခန်းကဏ္ဍအလိုက် စွမ်းစွမ်း တမံဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ် ခုနစ်ဦးအား ငွေကျပ် နှစ်သိန်းတန် ရွှေသားရင်ထိုးနှင့် ဂုဏ် ပြုမှတ်တမ်းတစ်ခုစီ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။MRTV-4 ဆရာတော် အရှင်ကဉ္စနောဘာသဦးဆောင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသား ရေးညီနောင်များ အင်အားစု ၁၄ ဖွဲ့က ဦးဆောင်၍ အောက်တိုဘာ ၁၁ ရက်က မြောက်ဥက္ကလာပမြို့ နယ်ခန်းမ၌ အခမ်းအနားကျင်းပ၍ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်တွင် မျိုးစောင့် ဥပဒေ လေးရပ်အောင်မြင်ရန် ကြိုး ပမ်းခဲ့သည့် လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်၊ အမျိုးသားရေး ဆောင်းပါးများရေးသားခဲ့သည့် စာရေးဆရာမောင်သွေးချွန်၊ ဓမ္မ စက္ကဦးမောင်မောင်၊ ရှေ့နေ ဦး အေးပိုင်၊ အမျိုးသားရေးလှုပ်ရှား သူ ကိုဇော်ဝင်း၊ အမျိုးသားရေး အဆိုတော် လင်းထိုက်၊ အမျိုးသားရေးအဆိုတော် ငြိမ်းချမ်းတို့အား ရွှေရင်ထိုးနှင့် ဂုဏ်ပြုလက်မှတ် များ ပေးအပ်ခဲ့ခြင်းဖြစ်သည်။‘‘အမျိုးသားရေးညီနောင် များအဖွဲ့သားတွေထဲက ငွေကျပ် ငါးသိန်း၊ ၁၀ သိန်းထည့်နိုင်သူက ထည့်တယ်။ MRTV-4 ဆရာ တော် ဓမ္မပူဇာသဘင်ကရတဲ့ အ လှူငွေတွေနဲ့ အခုအခမ်းအနားကို ကျင်းပတာပါ’’ဟု အဆိုပါအခမ်း အနားဖြစ်မြောက်ရေးအဖွဲ့ဝင် (မြောက်ဥက္ကလာပ)မျိုးချစ်လူငယ် များကွန်ရက်ဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောသည်။

မျိုးစောင့်ဥပဒေ လေးရပ်ကို ဖျက်ဆီးရန် ကြိုးပမ်းသူသည် မာရ်နတ်ကဲ့သို့ ပုဂ္ဂိုလ်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် သတိထားရမည်ဖြစ်ကာ ယခုဥပဒေ လေးရပ်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း အဆိုပါအခမ်းအနား တွင် မဘသဆရာတော်တစ်ပါး ဖြစ်သည့် ဒေါက်တာအရှင်သော ပါက က မိန့်ကြားသည်။

အနာဂတ်တိုင်းပြည် အုပ် ချုပ်မည့်သူနှင့် အုပ်ချုပ်ရေးယန္တ ရားတွင် တာဝန်ထမ်းဆောင်ရ မည့်သူများသည် အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူသာ ဖြစ်ရမည်ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

အဆိုပါ အခမ်းအနားသို့ မဘသအဖွဲ့ (ဗဟို)အတွင်းရေး မှူး ရွှေရတုတိပိဋကဓရဆရာ တော်တက်ရောက်ခဲ့ပြီး မျိုးစောင့် ဥပဒေလေးရပ်ကို ထောက်ခံခဲ့သောလွှတ်တော်ကိုယ်စားလှယ်များနှင့် အတည်ပြုလက်မှတ်ရေး ထိုးပေးသောသမ္မတကြီးအား ချီးကျူးစကားမိန့်ကြားခဲ့သည်။

ရန်ကုန်မြို့ရှိ မြို့နယ်စုံရှိ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသား ရေးညီနောင်များ အင်အားစု ၁၄ ဖွဲ့မှ တက်ရောက်သူလူတစ် ထောင်ကျော်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးညီ နောင်များ အင်အားစုအဖွဲ့ဝင် ဦးရဲရင့်နီက ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List