Thursday, October 15, 2015

မည်မျှပင် ထိုးစစ်ဆင်ဆင် အားလုံးပါမှ NCA ကို SSPP/SSA လက်မှတ် ထိုးမည်


သျှမ်းပြည်တပ်မတော် SSPP/SSA အား အစိုးရတပ်မတော်မှ မည်မျှပင်အင် အားသုံး ဖိအားပေး ထိုးစစ်ဆင် တိုက်ခိုက်စေကာမူ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်အား အားလုံးပါဝင်မှ လက်မှတ်ရေးထိုးမည်ဆိုသည့် မူဝါဒမှာ မပြောင်းလဲဟု သျှမ်းပြည်တပ်မတော် SSPP/SSA ပြော ခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်အား လက်မှတ် ထိုးဖို့ ငြင်းဆန် သည့်နောက်ပိုင်း သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် ဌာနချုပ် အနီးရှိ တပ်စခန်းများ အစိုးရ တပ်မတော်၊ အရှေ့ အလယ် ပိုင်းတိုင်း စစ်ဌာန ချုပ် လက်အောက်ခံ တပ်များဖြစ်သည့် စစ်ဆင်မှု ကွပ်ကဲရေးဌာန ချုပ် စကခ အမှတ် (၂) မိုင်းနောင် နှင့် စကခ ၁၇ မိုင်းပန် လက်အောက်ခံတပ်ရင်းများက အင်အားအလုံးအရင်းဖြင့် အောက်တိုဘာလ ဆန်းပိုင်းမှစ၍ ယနေ့တိုင် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ က ပြောသည်။

“အင်အားသုံးပြီးဖိအားပေးတိုက်ခိုက်နေသမျှ ကျနော်တို့ ဘယ်တော့မှ လက် မှတ်ရေးထိုးမှာ မဟုတ်ဘူး။ ကျနော်တို့က ငြိမ်းချမ်းရေး တည်ဆောက်ချင် လို့ ပြည်နယ် အဆင့် ပြည်ထောင်စု အဆင့်လက်မှတ်ရေး ထိုးထားတာဘဲ။ တကယ်ငြိမ်းချမ်းချင်လို့ အားလုံးပါဝင်မှ လက်မှတ် ရေးထိုးမယ်လို့ပြောဒါပေါ့။ ကျနော်တို့လက်မှတ်ရေးထိုးပြီး ကိုးကန့်တို့၊ ပလောင်တို့၊ ကချင်တို့ကို တိုက် ခိုက်နေရင်လဲ တိုင်းပြည်က ငြိမ်းချမ်းမှာမှမဟုတ်တာ။ ကျနော်တို့ ပြည်နယ် အတွင်း ကျနော်တို့ ပြည်ထောင်စုအတွင်း စစ်မီးက လောင်နေဒါပဲ။ ဒါကြောင့် စစ်ရေးနဲ့ ဖိအားပေးနေသမျှ ။ ဒါက ကျနော်တို့ဆန္ဒမဟုတ်ဘူး။ ဒီလို လုပ်နေ သမျှ ဘယ်တော့မှ လက်မှတ်ထိုးမှာမဟုတ်ဘူး” - ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၁ ဖွဲ့အနက် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA အပါ အဝင် ၈ ဖွဲ့က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်အား အောက်တိုဘာ ၁၅ ရက် ၌ လက် မှတ်ရေးထိုးမည်ဖြစ်သည်။ အားလုံးပါဝင်မှ လက်မှတ်ရေးထိုးမည်ဆိုသည့် UNFC တပ်ဖွဲ့ဝင်အများစုတွင် သျှမ်းပြည်တပ်မတော် SSPP/SSA က ပါဝင်သည်။

ဓါတ်ပုံ- SSPP/SSA မှ အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းေ ရးဆွေးနွေး စဉ်
Panglong(Burmese)


No comments:

Post a Comment

My Blog List