Tuesday, August 25, 2015

ဘန်ကောက်ဗုံးခွဲမှု သံသယရှိသူ ထိုင်းနိုင်ငံအတွင်း ရှိနေဆဲဟု ထိုင်းရဲချုပ်ပြော


ပြီးခဲ့တဲ့တပတ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဧရာဝဏ်နတ်ကွန်းကို ဗုံးခွဲခဲ့သူလို့ သံသယရှိသူဟာ ထိုင်းနိုင်ငံထဲမှာ ပဲ ရှိနေဦးမယ်လို့ ထိုင်းရဲချုပ်က သြဂုတ် ၂၄ ရက်နေ့က ပြောဆိုပါတယ်။ ဧရာဝဏ်နတ်ကွန်း ဗုံးခွဲတိုက်ခိုက်ခံရပြီး တပတ် ပြည့်ခဲ့တဲ့တိုင် ဘယ်သူက ဘယ်အတွက်ကြောင့် ဗုံးဖောက်ခွဲတယ်ဆိုတာကို ထိုင်းရဲတပ်ဖွဲ့က ဘာတခုမှ တိတိကျကျ စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိရထားသမျှ အခိုင်လုံဆုံး အထောက်အထားကတော့ လူငယ်တဦး ကျောပိုးအိတ်ကို နတ်ကွန်းအနီး ခုံတန်းရှည်နား မှာ ထားခဲ့ပြီး ဆိုင်ကယ် တက္ကစီနဲ့ ပျောက်ကွယ်သွားခဲ့တာပါ။

ထိုင်းရဲချုပ်က ဗုန်းခွဲသူလို့ သံသယရှိသူဟာ ထိုင်းနိုင်ငံထဲကနေ ထွက်ခွာသွား ခဲ့တဲ့ အထောက်အထား မရှိတဲ့အတွက် နိုင်ငံထဲမှာပဲ ရှိနေမယ်လို့ ယုံကြည် တယ်၊ ဒါပေမယ့် ဘယ်လိုအကြောင်းကြောင့် အဲ့လိုပြောနိုင်လဲလို့ မေးရင် တော့ မဖြေကြားနိုင်ဘူးလို့ ထိုင်းရဲချုပ်က သတင်းထောက်တွေကို ပြောဆိုခဲ့ တာပါ။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက အဆင့်မြင့်နည်းပညာတွေမသုံးနိုင်တဲ့အတွက် စုံစမ်းဖော်ထုတ်နိုင်ရေးဟာ ခက်ခဲနှောင့် နှေးရတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က သြဂုတ် ၂၂ ရက်နေ့က ပြောဆိုခဲ့ပါသေးတယ်။

ဒီဗုံးဖောက်ခွဲသူနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ဖော်ပြောဆို မှုတွေဟာ ရှုပ်ထွေးနေသလို တဦးနဲ့တဦး ထုတ်ဖော်ပြောဆိုမှုတွေဟာ ရှေ့နောက်မညီမှုတွေ ဖြစ်နေတာပါ။

နတ်ကွန်းဗုံးခွဲခံရပြီး နောက်တရက် ကျောက်ဖရားမြစ်ဆိပ်မှာ လက်ပစ်ဗုံးခွဲ ခဲ့သူကို ခြေရာခံနိုင်ဖို့ လုံခြုံရေးရုပ်သံဖိုင်ကို စစ်ဆေးနေတယ်လို့လည်း ပြောဆိုပါတယ်။

ဧရာဝဏ်နတ်ကွန်းဟာ ဘန်ကောက်မြို့တော်မှာ အာရှနိုင်ငံတွေက ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက်လည် ပတ်တဲ့ နေရာတခု ဖြစ်ပါတယ်။

သြဂုတ် ၁၇ ရက် ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူ အယောက်၂၀ မှာ နိုင်ငံခြားသား ၁၄ ဦး ပါဝင်ပြီး တ၀က်လောက် ဟာ တရုတ်နဲ့ ဟောင်ကောင် က ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List