Thursday, August 27, 2015

ထိုင်းမူးယစ်ရဲတပ်ဖွဲ့ နှင့် မူးယစ်ကုန်သည်များ ပစ်ခတ်





ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်တွင်းမှာ ထိုင်းမူးယစ် ရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါး ကုန် သည်ကြား ပစ်ခတ်မှုဖြစ်ပွားပြီး အိုက်စ်မူးယစ် ဆေး ၁၂ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်း မှာ ဖော်ပြပါ တယ်။

သြဂုတ် ၂၅ ရက် မနက်က မယ်ဆိုင်မြို့နယ် ဘန့်ဟွေ့ခိုက်ကျေးရွာအုပ်စု ခေါင်နန်းနွန်းတောင်ခပန်းနားမှာ မူးယစ်ဆေးဝါး စစ်ဆင်ရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါး ကုန်သည်တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ တာလို့ ချင်းရိုင်းခရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒု-ရဲမှူးကြီး လေးဝပ် ကရိမ်ကေးဆွန်က သတင်း ထောက်တွေကို ပြောပါတယ်။

ထိုင်းမူးယစ်ရဲတပ်ဖွဲ့၊ ချင်းရိုင်းရဲတပ်ဖွဲ့၊ နယ်မြေခံစစ်တပ်နဲ့ ပြည်သူ့စစ်တပ် တွေ ပါဝင်တဲ့ အင်အား ၂၀၀ ကျော်ဟာ မူးယစ်ဆေးဝါးတွေ ၀င်ရောက်လာ မယ်လို့ ထင်ရတဲ့ တောလမ်းတွေမှာ စောင့်ဆိုင်းနေစဉ် မနက် ၂ နာရီ လောက်က ကျောပိုးအိတ်ကိုယ်စီ သယ်လာတဲ့ လူ ၃၀ လောက်ကို တွေ့ရကြောင်း၊ သူတို့ ဘက်က ရဲတပ်ဖွဲ့ကို အရင်ဆုံးပစ်ခတ်ခဲ့တဲ့အတွက် နှစ်ဘက်လုံး ၁၀ မိနစ်ကြာ ပစ်ခတ်ပြီး တောထဲကို ထွက်ပြေးသွားတယ်လို့ မူးယစ်ရဲအရာရှိက ဆက်ပြောပါတယ်။

သေနတ်သံတွေငြိမ်သွားပြီး နယ်မြေ၀င်ရောက်ရှင်းလင်းရာမှာ အိုက်စ်ရေခဲ မူးယစ်ဆေး အလေးချိန် ၁၂ ကီလိုဂရမ်ပါတဲ့ အိတ်တလုံးကို တွေ့ရှိပြီး ထွက်ပြေးရာလမ်းမှာ သွေးစက်အများအပြား တွေ့ရတယ်လို့  ဆိုပါတယ်။

မူးယစ်ကုန်သည်တွေဟာ အဲဒီတောထဲမှာပဲ ရှိနေမယ်လို့ ရဲတပ်ဖွဲ့က ယူဆပြီး  ဝေဟင်ကနေ ရဟတ်ယာဉ် တွေနဲ့ ဆက်လက်ရှာဖွေနေသလို ဒဏ်ရာရသူတွေဟာ သူတို့ဆွေမျိုးနီးစပ် အိမ်တွေမှာ ၀င်ရောက်ခိုလှုံဖွယ် ရှိတဲ့အတွက် အနီးတ၀ိုက် ကျေးရွာတွေထဲလည်း ပိုက်စိပ်တိုက်ရှာဖွေနေတယ်လို့ MCOT သတင်းမှာ ဖော်ပြသွားပါတယ်။

DVB

No comments:

Post a Comment

My Blog List