Monday, August 24, 2015

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ရာကျော် အမည်စာရင်းတင်သွင်းထား


၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် တိုင်းရင်းသားလူ မျိုး လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ၀င်ရောက်ယှဉ် ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၁၆၃ ဦး ရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်းတင် သွင်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲထက် ကိုယ်စားလှယ်လောင်းဦးရေ တစ်ရာ ခန့်ပိုများ နေကြောင်း သတင်း ရရှိသည်။

‘‘ဒါကပြည်သူတွေနိုင်ငံရေး ပိုစိတ်ဝင်စားလာတယ်ဆိုတာကို ပြတာပဲ’’ဟု ရန်ကုန်တိုင်းဒေသ ကြီးမှ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေး မောင်ကပြော သည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေး ကောက်ပွဲတွင် တိုင်းရင်းသားလူ မျိုးလွှတ်တော်ကိုယ် စားလှယ် နေရာများအတွက် ၆၆ ဦးယှဉ် ပြိုင်ခဲ့ပြီး ၂၉ ဦး ရွေးကောက်တင် မြှောက်ခံခဲ့ရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် ရရှိပြီးသော (သို့မဟုတ်) ထိုတိုင်း ဒေသကြီး နှင့်ပြည်နယ်အတွင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် စီရင်စုရရှိ ပြီးသော တိုင်းရင်းသား လူမျိုးများ မှအပ ကျန်တိုင်းရင်းသားလူမျိုး များအနက် လျော် ကန်သင့်မြတ် သော လူဦးရေဖြစ်သည့်နိုင်ငံတော် ရှိ လူဦးရေ စုစုပေါင်း၏ ၀ ဒသမ ၁ ရာခိုင်နှုန်းအထက်ရှိ ကြောင်း သတ်မှတ်သောတိုင်းရင်းသားလူ မျိုးအသီးသီး က လူမျိုးတစ်မျိုး လျှင် ယင်းတိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ် လွှတ်တော်တွင် တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကျစီ ရရှိ မည်ဖြစ် ကြောင်း ဖွဲ့စည်းပုံအခြေ ခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

သို့ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူ များသည် ပုံမှန်အားဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လောင်းတို့ အတွက် မဲပုံးသုံးပုံးသာ မဲပေးရ မည်ဖြစ်သော်လည်း တိုင်းရင်း သားလူမျိုး လွှတ်တော်ကိုယ်စား လှယ်လောင်း သတ်မှတ်ထား သည့် မဲဆန္ဒနယ်များ တွင်မူ မဲပုံးလေးပုံး မဲပေးခွင့်ရရှိမည်ဖြစ်သည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှတ်တော် သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း ၆,၁၀၀ ကျော် စာရင်းတင်သွင်းထားပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က စိစစ်လျက်ရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List