Tuesday, August 25, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့တွေ့ဆုံ









မိမိနိုင်ငံ၊မိမိဒေသအတွက်အမှန်တကယ်အကျိုးပြုနိုင်မည့်သူ၊အမျိုးသားနိုင်ငံရေးဖြစ်သည့်ဒို့တာဝန်အရေးသုံးပါးကိုထိန်းသိမ်းကာကွယ်နိုင်မည့်သူ၊နိုင်ငံရေး၊စီးပွားရေး၊အုပ်ချုပ်ရေး၊ကာကွယ်ရေးစသည့်အမြင်လေးမြင်နှင့် ပြည့်စုံသူဖြစ်ပြီး ဖြစ်နိုင်ပါက တပ်မတော် အပေါ် နားလည်နိုင်သူဖြစ်လျှင်ပိုမိုကောင်း မွန်ပါကြောင်းဖြင့် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲ အလွန် ကာလတွင် မဲဆန္ဒပေးမှုနှင့် ပတ်သက်၍ ထားရှိမည့် တပ်မတော်၏ ရပ်တည်ချက်သဘော ထားအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ မွန်းလွဲ၂နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)မှ ဒုတိယဥက္ကဋ္ဌ ဦးခင် မောင်လေးနှင့် အဖွဲ့ဝင်များအား လက်ခံ တွေ့ဆုံရာတွင် ထည့်သွင်းပြော ကြားသည်။

တွေ့ဆုံပွဲသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူကာကွယ်ရေးဦးစီးချုပ်(လေဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ကာကွယ် ရေး ဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာမျိုး သန့်တင်၊ ဦးသီဟစော၊ ဦးဖေမြင့်၊ ဦးအောင်လှထွန်း၊ ဦးခင်မောင်ဌေး၊ ဦးဇော်သက်ထွေး၊ ဦးရဲမင်းဦးနှင့် တွဲဖက် အတွင်းရေးမှူး ဒေါ်နန်းက လျာဝင်း တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လောက်ကိုင် ဒေသ ဖြစ်စဉ်နှင့်နောက်ဆုံးမြေပြင်အခြေအနေ များ၊ ပါကစ္စတန်၊ဆားဗီးယားနှင့်အိန္ဒိယနိုင်ငံများသို့ချစ်ကြည်ရေးခရီးစဉ်သွားရောက်မှုနှင့်နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားဆက်ဆံရေးအခြေအနေများ၊၂ဝ၁၅ခုနှစ်ရွေးကောက်ပွဲအတွက်လွတ်လပ်ပြီးတရားမျှတမှုရှိရေးဆိုင်ရာကိစ္စရပ်များ၊လာမည့်ရွေးကောက်ပွဲအတွက်အထောက်အကူဖြစ်စေရန်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စရပ်များ၊လက်ရှိ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့်နိုင်ငံရေးပါတီများအပေါ် တပ်မတော်၏သဘောထားရပ်တည်ချက် ဆိုင်ရာများ၊ မြန်မာနိုင်ငံတွင်ဖြစ် ပေါ်ခဲ့သည့် ရေကြီးရေလျှံမှု၊သဘာဝဘေးဒဏ်များနှင့်ပတ်သက်၍ တွေ့ကြုံ ရသည့်အခြေအနေ များ၊နိုင်ငံတော်အစိုးရ၊တပ်မတော်နှင့်ပြည်တွင်းပြည်ပအဖွဲ့အစည်းအသီးသီး၏ဆောင်ရွက်ခဲ့မှုနှင့်ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကိုဦးစွာရှင်းလင်း ပြောကြားပြီး မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ) အဖွဲ့ဝင်များ၏သိရှိလိုသည့် မေးမြန်းမှုများ အပေါ်ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ဦးစွာတစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးရာတွင်MNDAA၊TNLAနှင့်AAအဖွဲ့၃ဖွဲ့နှင့်ပတ်သက်၍မေးမြန်းမှုအပေါ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကMNDAAသည်အချုပ်အခြာအာဏာကိုထိပါးလာ၍တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း၊ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရအဖွဲ့နှင့်လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တို့အား စတင်တိုက်ခိုက် လာခြင်းဖြစ်ကာ စစ်ကြေ ညာပြီး တိုက်ခိုက်လာသူဖြစ်၍ ငြိမ်းချမ်းရေးလုပ်၍မရကြောင်း၊ လက်နက်စွန့်ရမည်ဖြစ်ကြောင်း၊လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ် ရမည်ဟုသမ္မတကြီးကိုယ်တိုင်က ပြောကြားထားကြောင်း၊ MNDAA နှင့် ဆက်စပ်ပြီး ဝိုင်းဝန်း ကူညီခဲ့ကြသူများ ဖြစ်သည့် TNLA နှင့် KIA တပ်မဟာ(၄)ဟု ၎င်းတို့ ခေါ်ဆိုနေသူများမှာလည်း လက်နက်စွန့်ရမည် ဖြစ်ကြောင်း၊ AA အဖွဲ့မှာလည်း KIAမှ မွေးထုတ်လိုက် သည့် လက်အောက်ခံ အဖွဲ့သာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဝင်လာ၍ မိမိတို့နယ်စပ်အထိ တိုက်ထုတ်ခဲ့ကြောင်း၊ NCA စာချုပ် လက်မှတ်ရေးထိုးသည့် အဖွဲ့များအနေဖြင့်လည်း နဂိုလက်ခံ ထားသည့် အတိုင်း SSR/ DDR ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် အတွက် လတ်တလော အချိန်ကာလ တစ်ခုအထိ လက်နက်အပ်ရန်၊ ဖျက်ဆီး ရန် မလိုသေးဘဲ လက်နက်များကို ထိန်းသိမ်းထား ရမည်သာဖြစ်ကြောင်း၊ နောက်ပိုင်းတွင်S SR/DDR လုပ်ငန်းစဉ်များအတိုင်း စည်းကမ်းနှင့်အညီ ဆက်လက်ဆောင် ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီးတပ်မတော်၏စီးပွားရေးလုပ်ငန်းများဖြစ်သည့် မြန်မာ့စီးပွား ရေး ဦးပိုင် လီမိတက် နှင့် မြန်မာစီးပွားရေး ကော်ပိုရေး ရှင် (MEC) တို့နှင့် ပတ်သက်၍ မေးမြန်းရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကအခြားနိုင်ငံ များတွင်လည်း တပ်မတော်၏ ကျောထောက်နောက်ခံ စီးပွားရေးလုပ်ငန်း များ ရှိကြကြောင်း၊ လည်ပတ်မှုမတူညီသော်လည်း တပ်မတော်အတွက် လိုအပ်သည် များ ဆောင်ရွက်ပေးကြကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိ တက် အနေဖြင့်တပ်မတော်သားမိသားစုဝင်များ၏သက်သာချောင်ချိ ရေး၊ စစ်မှုထမ်းဟောင်းများ၏သက်သာချောင်ချိရေး၊ ပြည်သူလူထု၏သက်သာ ချောင်ချိရေးများ ဆောင်ရွက်ပေးနိုင်ရန်နှင့် နိုင်ငံ တော် စီးပွားရေးအား အထောက်အကူပြုရန် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်နေခြင်းဖြစ် ကြောင်း၊ MEC လုပ်ငန်းများသည် တပ်မတော်၏ ဘတ်ဂျက်ကို Save ဖြစ်စေ ရန်၊ တပ်မတော်ကို အထောက်အပံ့ ဖြစ်စေရန် အတွက် ပစ္စည်းထုတ်လုပ်မှု များကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများသည် နိုင်ငံတော်သို့ အခွန်အခများ အပြည့်အဝ ပေးသွင်းလုပ်ဆောင်နေခြင်းဖြစ် ကြောင်း၊ရရှိ လာ သည့်အမြတ်ငွေမှတိုက်ပွဲတွင်ထိခိုက်ကျဆုံးဒဏ်ရာရရှိသူများအား ထောက်ပံ့ခြင်း၊ စစ်မှုထမ်းဟောင်း အိမ်ရာများ လုပ်ဆောင်ခြင်း စသည့်လုပ်ငန်းများတွင် သုံးစွဲရန် တပ်မတော် သက်သာချောင်ချိရေး ရန်ပုံငွေသို့ ထည့်သွင်းရပါကြောင်း၊ MEC အနေဖြင့် နိုင်ငံတော် အစုရှယ်ယာ အားလုံးနီးပါးပြန်လည်ပေးသွင်းပြီးဖြစ်ကြောင်း၊ဦးပိုင်တွင်လည်းတဖြည်းဖြည်းလျော့ချလာပြီး နောင်တွင် အများပိုင် အဖြစ် တပ်မတော်သား မိသားစုများ ၏ အစုရှယ်ယာ၊ စစ်မှုထမ်းဟောင်းများ၏ အစုရှယ်ယာ၊ တပ်များ၏ အစုရှယ် ယာနှင့် ထည့်ဝင်နိုင်သည့် သူများ၏ အစုရှယ်ယာများနှင့် သာလုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ဦးပိုင်၊MEC လုပ်ငန်းများ အနေဖြင့်လည်း တိုင်းရင်း သားလုပ်ငန်းရှင်များ၊ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမြဲ လမ်းဖွင့် ထားပါကြောင်း၊ ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်အားလုံးတွင် ဝင်ရောက် လက်တွဲ လုပ်ဆောင်ရန် ကြိုဆိုလျက်ရှိပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။

ယင်းနောက်၂ဝ၁၁ခုနှစ်နောက်ပိုင်းတွင်အနောက်နိုင်ငံများနှင့်နိုင်ငံရေးကူးလူးဆက်ဆံမှုများစွာရှိလာသော်လည်းတပ်မတော်ပိုင်းဆိုင်ရာဆက်ဆံမှုအရှိန်အဟုန် နှေးကွေးနေ ကြောင်း မေးမြန်းမှုအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်အနေဖြင့် တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့် ဒေသတွင်းနိုင်ငံများရှိ တပ်မတော်များနှင့် သာမက အနောက်နိုင်ငံ တပ်မတော်များနှင့်ပါ ရင်းနှီးပွင့် လင်းစွာ ဆက်ဆံလျက်ရှိကြောင်း၊ ပြင်သစ်၊ နော်ဝေ၊ အင်္ဂလန် စသည့် နိုင်ငံများတွင် ပညာတော်သင်များ စေလွှတ်တက်ရောက် လျက် ရှိကြောင်း၊ တပ်မတော်ချင်း ဆက်ဆံရေး ကောင်းမွန်သော်လည်း နိုင်ငံရေး အဖွဲ့အစည်းများ၏ ဖိအားများ ရှိနေခြင်းကြောင့် ယင်းတို့အပေါ်တွင်သာ မူတည်နေကြောင်း ဖြင့်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍တပ်မတော်အရာရှိများကိုအရပ်ဘက်ဝန်ကြီးဌာနများသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မှု မူဝါဒနှင့် ပတ်သက်သည့် မေးမြန်းမှုအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည်ဖြေကြားရာတွင် နိုင်ငံ့ဝန်ထမ်းများသည် မည်သည့် ဝန်ထမ်းဖြစ်စေ ဌာနကူးပြောင်း တာဝန်ထမ်းဆောင်၍ ရပါကြောင်း၊ မူအားဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ တောင်းဆိုမှု၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေး အဖွဲ့၏ သဘောတူညီမှု၊ အစိုးရအဖွဲ့၏ ခွင့်ပြုချက်တို့ဖြင့် ပြောင်းရွှေ့ရကြောင်း၊ တပ်မတော်သားများ အရပ်ဘက် ဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မှုသည်လည်း ထို့အတူ ဖြစ်ကြောင်း၊ ယခုလည်း ကျန်းမာရေး ဝန်ကြီးဌာန၏ ဝန်ထမ်း အခက်အခဲရှိ၍ တောင်းဆိုမှုကြောင့် မိမိအရန်ရှိသည့် အင်အားမှ လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်ပြီး ထိုသို့ကူးပြောင်းရာတွင် အချို့မှာ တပ်မတော်လစာထက် နိမ့်သောလစာ အဆင့်ဖြင့် ပြောင်းရွှေ့သွားရခြင်း ဖြစ်ကြောင်း၊ တစ်ချို့ လည်း တိုက်ပွဲဒဏ်ရာရရှိသူ၊ ကျန်းမာရေးကြောင့် မသန်စွမ်းသူများအား အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြောင်းရွှေ့မှုများရှိကြောင်းဖြင့်ရှင်းလင်း ပြောကြားသည်။

၎င်းနောက် ရွေးကောက်ပွဲတွင် သမ္မတ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် များ မဲဆန္ဒပေး ရွေးချယ်မှုနှင့် ပတ်သက်၍ မေးမြန်း ရာတွင် တပ်မတော် အနေဖြင့် နိုင်ငံရေး ပါတီများနှင့် ပတ်သက်ပြီး လုံးဝ ဘက်လိုက်မှု မရှိ ကြောင်း၊ တပ်မတော်သားများ၊ မိသားစု ဝင်များ မဲဆန္ဒပေးမှုနှင့် ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက် သဘောထားကို နားလည်အောင်သာ ရှင်းလင်း ပြောကြား ထား ကြောင်း၊ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ကော်မရှင်မှ အတည်ပြုလာသည့်ရလဒ်အပေါ်တွင်လည်းယင်းတပ်မတော်၏ရပ်တည် ချက်သဘောထားအတိုင်းဥပဒေပြဌာန်းချက်နှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက်တပ်မတော်နှင့် သတင်းမီဒီယာများအကြား သတင်းစီးဆင်းမှု မြန်ဆန် ချောမွေ့စေရေး အတွက် ဆောင်ရွက်လျက် ရှိသည့် အလုပ်ရုံ ဆွေးနွေးပွဲကို ဆက်လက် လုပ်ဆောင်နိုင်ရေး ကိစ္စများအား ညှိနှိုင်းဆွေး နွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလက်ဆောင်ပစ္စည်းများပေးအပ်ပြီးစုပေါင်းအမှတ်တရဓာတ်ပုံရိုက်ခဲ့ကြသည်။


Senior General Min Aung Hlaing


No comments:

Post a Comment

My Blog List