Wednesday, August 26, 2015

ထိုင်းဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့်ရွှေတိဂုံတွင်လုံခြုံရေးတင်းကြပ်







ထိုင်းနိုင်ငံဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့်ကမ္ဘာလှည့်ခရီးသွားများလာရောက်ရာဖြစ်သည့်ရွှေတိဂုံဘုရားတွင်လုံခြုံရေးပိုမိုတင်းကြပ်ထားကြောင်းသိရသည်။

ယခုလ ၂၅ ရက်နေ့မှစ၍ထိုသို့ လုပ်ဆောင်ခြင်းဖြစ်ပြီး လုံခြုံရေးအင်အားတိုးမြှင့်ခြင်း၊CCTV(လှို့ဝှက်ကင်မရာများ)တိုး၍ တပ်ဆင်ခြင်းများပြုလုပ်ထားကြောင်းသိရသည်။


ထို့ ပြင်ဘုရားမုခ်ဦးလေးခု၏လုံခြုံရေးစစ်ဆေးရေးဂိတ်များတွင်ထိုင်းနိုင်ငံဗုံးဖောက်ခွဲသည့်တရားခံဟုယူဆရသူ၏ပုံများ ကပ်၍တွေ့ရှိကဆက်သွယ် အကြောင်းကြားပေးရန်ကြေငြာထားသည်။

အဆိုပါပုံများအားလုံခြုံရေးအဖွဲ့၏အဆုံးအဖြတ်ဖြင့်ဘုရားဂေါပကအဖွဲ့ဝင်များက ယခုလ ၂၀ ရက်နေ့မှစတင်၍ကပ်ထား ခြင်းဖြစ်ကြောင်းရွှေတိဂုံဘုရား လုံခြုံရေး ဒုတိယရဲမှုးကြီးအောင်နိုင်ထွန်းထံမှသိရသည်။


Popular News Journal

No comments:

Post a Comment

My Blog List