Wednesday, August 26, 2015

လှိုင်မြစ်အတွင်း မျောပါပျောက်ဆုံးခဲ့သည့် ကြက်ခြေနီတပ်စုမှူးအလောင်း ပြန်လည်တွေ့ရှိ


ရန်ကုန်မြို့ လှိုင်တစ်ဖက်ကမ်းတွင် ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်စဉ် ကမ်းပါးပြိုကျ၍ မြစ်ထဲသို့ မျောပါ ပျောက်ဆုံးခဲ့သည့်  မြို့နယ်ကြက်ခြေနီ တပ်စုမှူးဦးကျော်ကျော်လင်းအလောင်းကို သြဂုတ် ၂၄ ရက်က ဗားကရာ ဗောတံတားအနီး ပြန်လည်တွေ့ ရှိခဲ့သဖြင့် သြဂုတ် ၂၅ ရက်နေ့ လယ်၌ ရေဝေး သုသာန်တွင် မီးသဂြုင်္ိဟ်ခဲ့ကြောင်း သတင်းရရှိ သည်။

သြဂုတ် ၉ ရက်က မှော်ဘီ မြို့နယ် ကြက်ခြေနီအသင်းခွဲမှစေ တနာရှင်လုပ် အားပေးများသည် လှိုင်မြစ် တစ်ဖက်ကမ်းရှိ အထူး သောင်ကျေးရွာသို့ ရေများဝင် ရောက်လာ၍ အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီး ရွယ်အို များအား ရွှေ့ပြောင်းကယ်ဆယ် ရာမှ ရေစီးထဲသို့မျောပါပျောက် ဆုံးသွားပြီးနောက် ၁၆ရက်အကြာ ဗားကရာ ဗောတံတားအနီးတွင် သြ ဂုတ် ၂၄ ရက် ညကပြန်လည် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ် သည်။

သေဆုံးခဲ့သည့် မြို့နယ် ကြက်ခြေနီတပ်စုမှူး ဦးကျော် ကျော်လင်း၏ ကျန်ရစ်သူမိသားစု အတွက် ရန်ကုန် တိုင်းဒေသကြီး ကြက်ခြေနီသူနာပြု တပ်ဖွဲ့နှင့် ပ ရဟိတအဖွဲ့အစည်းများ၊ စေတ နာရှင်များက အလှူငွေ များပေး အပ်ခဲ့ကြောင်း တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ  ဦးစီးမှူး(ပထမတန်း) ဦးမျိုးမင်း နောင်ကပြောသည်။

‘‘တိုင်းဒေသကြီး ကြက်ခြေ နီအဖွဲ့တွေနဲ့ ပရဟိတအသင်းအ ဖွဲ့က ကူညီသူ တွေစုပေါင်းပြီးလှူ ဒါန်းငွေကျပ် သိန်း ၄၀ ကျော် လောက်ရတယ်။ နောက် ထပ်လှူ ဒါန်းမှုတွေလည်း လုပ်ပေးဖို့လည်း ရှိပါတယ်။ အခု အလောင်းမြေကျ တဲ့အထိလည်း ကျွန်တော်တို့တာ ၀န်ယူဆောင်ရွက်ပေးပါတယ်။ သူ့ရဲ့ အသက်အာမခံ ကြေးတွေ ရရှိဖို့အတွက်လည်း လုပ်ဆောင် ပေးသွားမှာပါ’’ဟု ဦးမျိုးမင်း နောင်ကပြောသည်။

‘‘ဦးကျော်ကျော်လင်းက တော့ လှည်းကူးအနောက်သံမဏိ စက်ရုံအနီးမှာ ကျွဲကူးဆိပ်ကို မော်တော်ကပ်ပြီး လူနဲ့ပစ္စည်းတွေ ကမ်းပေါ်ရွှေ့ပြောင်းပေး တယ်။ ကလေးငယ်တစ်ဦးကို ကမ်းပေါ်ပို့ဆောင်အပြီးမှာ ကမ်းပါး ပြိုကျ ပြီး ရေစီးထဲကျသွားခဲ့တာ။ ကလေးနှစ်ယောက်နဲ့ အမျိုးသမီးကျန်ခဲ့တယ်’’ဟု ဦးမျိုးမင်းနောင် ကပြော သည်။

ဦးကျော်ကျော်လင်းသည် အသက်(၃၄)နှစ်အရွယ်ရှိပြီး ငယ် စဉ်ကတည်းက ကျောင်းကြက်ခြေနီဝင်တပ် ဖွဲ့ဝင်တစ်ဦးအဖြစ် ကယ်ဆယ်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ကာ သံမဏိစက်ရုံမှ ကျွမ်းကျင် အဆင့် (၄) ၀န်ထမ်းတစ်ဦးဖြစ်ကြောင်း သိရ သည်။

သြဂုတ် ၁၈ ရက်ကစစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင်လည်း မိုးရွာသွန်းမှု ကြောင့် လမ်းတံတား ပျက်စီး မှုအခြေအနေကို သွား ရောက်ကြည့်ရှုသည့် ရဲတပ်ကြပ် မျိုးမင်းဦးသည် ရေစီးထဲမျောပါ သေဆုံးခဲ့သည်။

အလားတူ ကောလင်းမီး သတ်တပ်ဖွဲ့မှ  အသက် (၂၃)နှစ် အရွယ် ဒုတပ်ကြပ် ၀င်းချစ်ထူး သည်လည်း ယင်းနေ့ညနေမှာပင် ညောင်ကိုင်းရွာ အရှေ့ဘက်ဒုံး ဒုတ်မြိုင်၌ ရေထဲမျောပါနေသည့် ကားအတွင်းရှိ လူများကို ကယ် ဆယ်စဉ် ရေစီးနှင့်မျောပါသေဆုံး ခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List